ဇွန်လ ၂၂ ရက်နေ့မှ ၂၅ ရက်အတွင်း မိုးရွာသွန်းမယ့်ဒေသများနှင့်နေ့စဉ်မိုးလေဝသသတင်း

ဇွန်လ ၂၂ ရက်နေ့မှ ၂၅ ရက်အတွင်း မိုးရွာသွန်းမယ့်ဒေသများနှင့် နေ့စဉ်မိုးလေဝသ သတင်း…

ဇွန်လ ၂၂ရက်နေ့မှ ၂၅ရက်နေ့အတွင်းမြစ်ကြီးနား ဝိုင်းမော် ဆဒုံး ချီဘွေ ကန်ပိုက်တီ မိုးတွေရွာနိုင်ပါတယ်…

၂၀၂၁ ဇွန်လ ၂၈ရက်နေ့မှ ဇူလိုင်လ ၅ရက်နေ့အတွင်း ကခထင်ပြည်နယ်အထက်ပိုင်းတွင် ထူးကဲမိုးများ များစွာရလာသွန်းနိုင်ပြီး ဧရာဝတီမြစ် ချင်းတွင်းမြစ်ရေများ စိုးရိမ်ရေမှတ်များ သို့ ရောက်ရှိလာနိုင်ပါတယ်…

၂၀၂၁ ခုနှစ်၊ ဇွန်လ ၂၂ရက်နေ့ ညနေ၄:ဝဝနာရီအချိန် ထုတ်ပြန်ချက်…ဘင်္ဂလားပင်လယ်အော် အခြေအနေ။ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တို့တွင် မုတ်သုံလေ အားအသင့်အတင့် ရှိနေပါသည်..

မနက်ဖြန်နံနက်အထိခန့်မှန်းချက်။စစ်ကိုင်းတိုင်းဒေသကြီးအောက်ပိုင်းနှင့် ရှမ်းပြည်နယ်မြောက်ပိုင်းနှင့် အရှေ့ပိုင်းတို့တွင် နေရာကွက်ကျား

မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီးနှင့် ကယားပြည်နယ်တို့တွင် နေရာကျဲကျဲစစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊ ရှမ်းပြည်နယ်တောင်ပိုင်းနှင့် ကရင်ပြည်နယ်တို့တွင် နေရာစိပ်စိပ်နှင့်ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်တို့တွင် နေရာအနှံ့အပြား မိုးထစ်ချုန်းရွာပြီး၊ ရခိုင်ပြည်နယ်တွင် နေရာကွက်၍ မိုးကြီးနိုင်ပါသည်။ ရွာရန်ရာနှုန်းပြည့် ဖြစ်ပါသည်…

မြန်မာ့ပင်လယ်ပြင်။ လှိုင်းအသင့်အတင့်ရှိမည် လှိုင်းအမြင့်မှာ မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် (၆)ပေမှ (၈)ပေခန့် ရှိနိုင်ပါသည်…

နောက် ၂ ရက်အတွက်ခန့်မှန်းချက်။ မုတ်သုံလေ အားအသင့်အတင့်ရှိမည်…

နေပြည်တော်နှင့်အနီးတစ်ဝိုက်အတွက်မနက်ဖြန်နံနက်အထိခန့်မှန်းချက်။ မိုးတစ်ကြိမ်၊ နှစ်ကြိမ် ထစ်ချုန်းရွာမည်။ ရွာရန်ရာနှုန်းပြည့် ဖြစ်ပါသည်…

ရန်ကုန်မြို့နှင့်အနီးတစ်ဝိုက်အတွက်မနက်ဖြန်နံနက်အထိခန့်မှန်းချက်။ မိုးတစ်ကြိမ်၊ နှစ်ကြိမ် ထစ်ချုန်းရွာမည်။ ရွာရန်ရာနှုန်းပြည့် ဖြစ်ပါသည်…မန္တလေးမြို့နှင့်အနီးတစ်ဝိုက်အတွက်မနက်ဖြန်နံနက်အထိခန့်မှန်းချက်။ နေရာကွက်ကျား မိုးထစ်ချုန်းရွာနိုင်ပါသည်။ ရွာရန်ရာနှုန်း(၆၀) ဖြစ်ပါသည်…

Tags

Post a Comment

0 Comments
* Please Don't Spam Here. All the Comments are Reviewed by Admin.