လွတ်မြောက်နယ်မြေမှာ စစ်ပညာသင်ယူရင်း PDFတပ်သားအနေနဲ့ ခံယူလိုက်တဲ့ လူငယ်လေးတစ်ဦး

ဖေဖော်ဝါရီလအစပိုင်းတည်းကဖြစ်ပေါ်ခဲ့တဲ့ နိုင်ငံရေးအခြေအနေတွေက ယနေ့ထိတိုင်ပြီးဆုံးခြင်းမရှိသေးပဲ ဆက်လက်တင်းမာနေဆဲဖြစ်ပါတယ်။

အပြစ်မဲ့ပြည်သူ ၈၀၀ကျော်လည်းသေဆုံးခဲ့ရသလို ဖမ်းဆီးခံရတဲ့ပြည်သူတွေလည်း ထောင်နဲ့ချီရှိနေပြီဖြစ်ပါတယ်။ အခုလိုအခြေ အနေတွေကြောင့် Gen Zလူငယ်လေးတွေဟာ ရရာလက်နက်ဆွဲကိုင်တော်လှန်ရင်း “ပြည်သူ့ကာကွယ်ရေးတပ် PDF”တွေဖွဲ့စည်းကာ အာဏာရှင်စနစ်ကိုတော်လှန်နေကြတာဖြစ်ပါတယ်……။

ချင်းပြည်နယ်၊ကယားပြည်နယ်၊ကရင်ပြည်နယ်နဲ့ ကချင်ပြည်နယ်တို့မှာ စစ်ပွဲတွေဆက်တိုက်ဖြစ်ပေါ်နေတာဖြစ်ပြီး ပြည်သူအများ အပြားစစ်ဘေးရှောင်ကာထွက်ပြေးခိုလှုံနေကြရတာပါ။

အခြေအနေတွေပြင်းထန်လာတာနဲ့အမျှ Gen Zလူငယ်လေးတွေအများအပြားလည်း လွတ်မြောက်နယ်မြေကိုသွားရောက်ကာ PDFတပ်သားတွေအနေနဲ့ စစ်ပညာသင်ယူနေကြတာဖြစ်ပါတယ်။ အနုပညာရှင်တွေနဲ့ နာမည်ကြီး social influencerတွေလည်း စစ်ပညာသင်ယူနေကြတာဖြစ်ပြီး ဆင်းရဲဒုက္ခတွေကြားထဲကနေ ကြိုးစားပြင်ဆင်နေကြတာပါ။

မကြာသေးမီကလည်း Gen Zလူငယ်လေးတစ်ဦးက သူ့ရဲ့ Facebookစာမျက်နှာမှာ “ငါတို့ကြိုးစားသမျှ အာဏာရှင် ပျက်သုဉ်းပါစေသား။
ငါတို့ကြိုးစားသမျှ တိုင်းရင်းသားအခွင့်အရေး တန်းတူ ရရှိပါစေသား။

PDF……” ဆိုပြီးရေးသားကာ စစ်ပညာသင်ယူနေတဲ့ပုံတွေကိုတင်ပေးလာခဲ့ပါတယ်။ သူကဖေဖော်ဝါရီလအစပိုင်းတည်းကတိုင် အရေးတော် ပုံကြီးအောင်မြင်ရေးမှာ တက်တက်ကြွကြွပါဝင်နေ‌တဲ့သူဖြစ်ပြီး နာမည်ကြီး social influencerတစ်ယောက်လည်းဖြစ်ပါတယ်။ ပရိသတ် တွေအတွက် ပြန်လည်ရေးသားဖော်ပြပေးလိုက်ပါတယ်နော်။

Tags

Post a Comment

0 Comments
* Please Don't Spam Here. All the Comments are Reviewed by Admin.