ယူရိုအေးရှန်းဗမာအခေါ် (ဘိုကပြား) မိန်းမငယ်လေးတယောက်
ရန်ကင်းငါးတန်းကသူငယ်ချင်းလှရွှေကဂျုးကပြား။တိုက်သစ်မှာနေတယ်။လေးထပ်ဘယ်အတွင်းခန်း။ရန်ကင်းလမ်းမမျက်နာပေးထားတဲ့တိုက်။အသားဖြူဖြူဘိုရုပ်ဆိုရင်ကျနော်တို့ဂျုးကပြားပဲခေါ်ကြတယ်။အမှန်တော့ကပြားက”ဂျုး”တခုထဲမဟုတ်ပါဘူး။ဥရောပမှာနိုင်ငံပေါင်း ၅၀ ကျော်ရှိပြီးရုရှားတူရကီလိုဥရောပနဲ့ အာရှခွနေတဲ့နိုင်ငံလည်းရှိပါတယ်။
လှရွှေပြောပြတာကသူ့အဖိုးကဒုတိယကမ္ဘာစစ်တုံးကရှမ်းပြည်ဘက်လေထီးဆင်းခဲ့တဲ့အင်္ဂလိပ်တပ်က။အမှန်တော့မဟာမိတ်တပ်ပေါင်းစုမှာပါတဲ့ဥရောပအာရှကပြားအနွယ်ဆိုလိုတာပါ။လှရွှေအဖေကိုလည်းမြင်ဘူးတယ်။တစ်ကယ့်ဘိုကြီးအတိုင်းပဲ။ရန်ကင်းထဲမှာဥရောပအာရှ ကပြားအနွယ်တွေရှိပါတယ်။
အနောက်ရန်ကင်းကအဆိုတော် ဆူဇီနိုက်ကလူသိများတဲ့ဥရောပအာရှကပြားပါ။အများကတော့ဂျုးကပြားခေါ်ကြတယ်။ဥရောပအာရှသွေးနှောတာကို E လိုယူရိုအေးရှန်း(Eurasian) ခေါ်တယ်။ဥရောပအဆက်အနွယ်နဲ့အာရှအဆက်အနွယ်သွေးနှောလို့ဖြစ်လာတာပါ။ရန်ကုန်သင်္ဃန်းကျွန်း၊ရန်ကင်း၁၂ လုံးတန်းနဲ့အခြားနေရာမှာယူရိုအေးရှန်းများရှိကြတယ်။
၁၇၅၅ အလောင်းဘုရားဦးအောင်ဇေယျဆီမှာအမှုတော်ထမ်းခဲ့တဲ့ တပ်မှူးတစ်ယောက်ကယူရိုအေးရှန်းကပြားမဟုတ်ဘူး။သူကဂျုးအစစ်ကြီး။ သူ့နာမည်က Solomon Gabirol ခေါ်တယ်။ရန်ကုန်ကိုအလောင်းဘုရားဆင်းသိမ်းတော့ဒီဂျုးတပ်မှူးလည်းအလောင်းဘုရားစစ်တပ်နဲ့ပါလာလ်ိမ့်မယ်သမိုင်းပညာရှင်တွေသုံးသပ်ထားတယ်။
၁၉ ရာစုမှာအိန္ဒိယကပြောင်းရွှေ့လာတဲ့ဂျုးလူမျိုးမိသားစုဟာရန်ကုန်နဲ့မန္တလေးမှတဖြည်းဖြည်းနဲ့ လူ့အဖွဲ့အစည်းလေးဖြစ်လာခဲ့တယ်။ဂျုးဟာကမ္ဘာအနှံ့နေထိုင်ကြတယ်။ကူးသန်းရောင်းဝယ်ရေးကျွမ်းကျင်ကြပြီးအင်္ဂလိပ်အုပ်ချူပ်မှုအောက်အိန္ဒိယဂျုးဟာဆန်စပါး၊ဝါဂွမ်းရောင်းဝယ်ရေးလုပ်ကိုင်ကြတယ်။
၂၀ ရာစုအစုပိုင်းမှာရန်ကုန်နဲ့ပုသိမ်မြို့မှာဂျူးလူမျိုးမြို့တော်ဝန်ရှိခဲ့ဘူးတယ်။၁၉၄၂ မြန်မာနိုင်ငံကိုဂျပန်ကျုးကျော်လာတော့ပြည်တွင်းဂျုးဟာအိန္ဒိယကိုစစ်ပြေးကြတယ်။ဂျပန်နဲ့ဂျာမန်မဟာမိတ်ဖြစ်လို့ ဂျပန်ဟာဂျုးအပေါ်မှာစာနာစိတ်မရှိခဲ့ဘူး။ပြည်တွင်းဂျုးကကိုလိုနီအင်္ဂလိပ်နဲ့ဥရောပမဟာမိတ်တပ်ကိုထောက်ခံခဲ့ကြတယ်။
၁၉၆၂ ဗိုလ်နေဝင်းစစ်အာဏာသိမ်းပြီး ၁၉၆၄ မှာ ပုဂ္ဂလိကစီးပွားရေးလုပ်ငန်းကိုပြည်သူပိုင်သိမ်းလို့ကုန်သည်စီးပွားရေးလုပ်ကြတဲ့ဂျုးမိသားစု အယောက် ၅၀၀ ကျော်ပြည်ပထွက်အခြေစိုက်ကြတယ်။ရန်ကုန်မြို့ ၂၆ လမ်းမှာ ရှိတဲ့ Orthodox Judaism ဂျုးဘုရားကျောင်းကို ၁၈၉၆ ခုနှစ်မှာတည်ထောင်ခဲ့တယ်။
၂၀၁၁ ခုနှစ်ဂျုး ၄၅ ယောက်ဘုရားကျောင်းလာပြီးဝတ်ပြုခဲ့တယ်။အစ္စရေးသံရုံးကဂျုးဘုရားကျောင်းကိုလိုအပ်တဲ့ထောက်ပံ့မှုပေးထားတယ်။အံဩဖို့ကောင်းတာချင်းပြည်နယ်နဲ့အိန္ဒိယကြားနေကြတဲ့မီဇိုရမ်(Mizoram)လူမျိုးဟာတိဘက်လူမျိုးစုကဆင်းသက်လာကြပေမယ့်သူတို့ဟာ Orthodox Judaism ကိုးကွယ်ကြတယ်။
မြန်မာအိန္ဒိယနယ်စပ်မီဇိုရန်လူမျိုးအချို့ဟာအစ္စရေးကိုအပြီးပြောင်းရွှေ့နေထိုင်ကြတယ်။ဂျုးအစ္စရေးဟာရန်ကုန်မှာသံရုံးကို ၁၉၅၇ ခုနှစ်မှကဖွင့်ခဲ့တယ်။လက်ရှိရန်ကုန်မှာဂျုးလူမျိုးအများဆုံး ၂၅၀၀ အထိရှိနိုင်တယ်ခန့်မှန်းထားတယ်။၁၉၈၀ တစ်ဝိုက်လောက်အထိဥရောပ-အာရှကပြား Euroasian စစ်စစ်ကိုမြင်ရသေးတယ်။
နောက်ပိုင်းမျိုးဆက်နှစ်ဆက်လောက်ကွာသွားလို့မြန်မာသွေးရောတာများလာပြီးဥရောပ-အာရှကပြားစစ်စစ်ကိုအတွေ့ရနည်းသွားပြီ။ဓါတ်ပုံကယူရိုအေးရှန်းဗမာအခေါ် (ဘိုကပြား) မိန်းမငယ်လေးတယောက်ရဲ့အပြစ်ကင်းစင်တဲ့မျက်နာအလှလေးပါ။သူ့မျက်လုံးကအသည်းယားစရာ။
Source : Googleလွင်ဦး(ရန်ကင်း)#lwinooyankin