လယ်သမားနဲ့ ရေတွင်း

လယ်သမားနဲ့ ရေတွင်း

 

 

တခါက..လယ်သမားက သူ့စိုက်ခင်းတွေအတွက် ရေတွင်းတူးလို့ရမယ့်နေရာတစ်နေရာလောက် လိုက်ရှာပါတယ်။ လယ်သမားရဲ့စိုက်ခင်းက အရမ်းကို အထွက်ကောင်းတဲ့စိုက်ခင်းဖြစ်တာမို့ အိမ်နီးနားချင်းက မနာလိုဖြစ်နေပါတယ်။ လယ်သမားက သူ့စိုက်ခင်းအတွက်ရေလိုတာကြောင့် သူ့ရဲ့အိမ်နီးနားချင်းဆီက သူ့စိုက်ခင်းတွေအတွက် ရေတွင်းကို ဝယ်ယူလိုက်ပါတယ်။ ရေတွင်းကိုဝယ်ယူပြီးတဲ့ နောက်နေ့မှာတော့ ကောက်ကျစ်တဲ့အိမ်နီးနားချင်းက လယ်သမားကို ပြောပါတယ် “ငါကမင်းကို ရေတွင်းကိုရောင်းမယ်၊ ဒါပေမယ့် ရေတွေတော့မပါဘူး” လို့ပြောပြီး ထွက်သွားပါတယ်။ လယ်သမားက အံ့အားသင့်ပြီး ဘာလုပ်ရမယ်မှန်းမသိပါဘူး။ အဖြေထုတ်ရခက်တဲ့အတွက် လယ်သမားက တရားရုံးကိုသွားပြီးပြောပြပါတယ်။ တရားရုံးက လယ်သမားနဲ့ သူ့ရဲ့အိမ်နီးချင်းကို ခေါ်လိုက်ပါတယ်။ ”ဘာကြောင့် လယ်သမားကို ရေတွင်းထဲက ရေကိုယူခွင့်မပေးတာလဲ”လို့ ကောက်ကျစ်တဲ့အိမ်နီးချင်းကို မေးလိုက်ပါတယ်။

 

 

ကောက်ကျစ်သူက အထက်ကမေးခွန်းအတိုင်းပဲပြန်ဖြေပါတယ်။ “ကျွန်တော်က သူ့ကို ရေတွင်းပဲရောင်းတာပါ၊ ရေကိုရောင်းတာမဟုတ်ပါဘူး။ အဲဒါကြောင့် ကျွန်တော့်ရေကို သူယူသုံးလို့မရပါဘူး” လို့ပြန်ဖြေပါတယ်။ တရားသူကြီးက ပြန်ပြောလိုက်ပါတယ် “ဟုတ်ပြီ…အဲဒါဆိုရင်တော့ ရေတွင်းထဲကရေကို ယူသုံးလို့မရဘဲ ရေတွင်းကိုသာ ဝယ်လိုက်တာဖြစ်လို့ မင်းက ရေတွင်းကိုပဲပိုင်ဆိုင်တယ်။ သူကတော့ ရေကိုပိုင်ဆိုင်တာမို့ ရေတွင်းထဲကရေကို သူ့ကိုအခုချက်ချင်းဖယ်ရှားပေးပါ။” လို့ ကောက်ကျစ်တဲ့အိမ်နီးချင်းကိုပြောလိုက်ပါတော့တယ်။ အဲဒီ့အခါကျတော့မှ ကောက်ကျစ်တဲ့အိမ်နီးချင်းက သူ့ကိုသင်ခန်းစာပေးမှန်းသိပြီး တောင်းပန်လိုက်ပါတော့တယ်။ ဒီပုံပြင်လေးထဲက ကောက်ကျစ်တဲ့အိမ်နီးချင်းလိုလူမျိုးကို ကျွန်တော်တို့ တွေ့ကြုံဖူးကြမှာပါ။ မှတ်ထားရမှာက ဘယ်တော့မဆို ကိုယ်က ကောက်ကျစ်ယုတ်မာလိုက်ခြင်းက အခြားသူကို ထိခိုက်မှာမဟုတ်ဘဲ ကိုယ်ပေးလိုက်တဲ့အတိုင်း ကိုယ်သာပြန်ရမှာဖြစ်ပါတယ်ဆိုတာပါပဲ။

 

Credit – Original

 

Post a Comment

0 Comments
* Please Don't Spam Here. All the Comments are Reviewed by Admin.