ဘီလုံးငှက်မကြီးပေးတဲ့ သင်ခန်းစာ

ဘီလုံးငှက်မကြီးပေးတဲ့ သင်ခန်းစာ

 

 

တစ်ခါတုန်းက ဘီလုံးငှက်မတစ်ကောင်ဟာ သူ့ရဲ့သားသမီးတွေနဲ့ ပြောင်းခင်းထဲမှာ အသိုက်ဖွဲ့နေခဲ့တယ်။ ဒီလိုနဲ့ သူ့ရဲ့ သားသမီးတွေဟာ မပျံသန်းနိုင်သေးတဲ့အရွယ်မှာပဲ ပြောင်းခင်းဟာ ရင့်မှည့်လာပြီး ရိတ်သိမ်းဖို့ အချိန်ရောက်လာခဲ့တယ်။ ဒါနဲ့ ဘီလုံးငှက်မ ဟာ အစာရှာမထွက်မီသားသမီးတွေကို ခုလိုမှာကြားခဲ့တယ်။ ဒီပြောင်းခင်းကနေ တို့တတွေပြောင်းရလိမ့်မယ်.. ဒါပေမယ့် ဘယ်တော့ပြောင်းရမှာလည်းဆိုတာတော့ မသိသေးဘူး..။ ဒါကြောင့် ဒီအနားကိုလာပြီးပြောဆိုနေကြတဲ့ လယ်သမားတွေရဲ့ စကားကို မှတ်သားထားပါလို့ မှာခဲ့တယ်။ ညနေ စောင်းလို့ ဘီလုံးငှက်မကြီး အစာရှာပြီးပြန်လာတဲ့ အချိန်မှာ ငှက်ကလေးတွေက ပြောလိုက်တယ်။ “အမေ.. လယ်သမားကြီးက သူ့ရဲ့သားကိုခိုင်းတယ်။ ပြောင်းတွေရင့်မှည့်လို့ ရိတ်သိမ်းချိန်တန်ပြီ..မိတ်ဆွေတွေကို မနက်ဖြန်လာကူရိတ်ဖို့ အကူအညီ သွားတောင်းတဲ့’’“ဟုတ် လား’’“အမေရယ်…သားတို့။သမီးတို့ကို ပြောင်းပေးပါ’’လို့ငှက်ကလေးတွေက တောင်းပန်တော့ အမေက…“အင်း…ကိစ္စမရှိသေးဘူး သားတို့၊ သမီးတို့ရယ်…’’လယ်သမားတွေဟာ မိတ်ဆွေ အိမ်နီးနားချင်းတွေကို အားကိုးရင် ဘာမှအလုပ်ဖြစ်မှာ မဟုတ်သေးဘူးလို့ ဖျောင်းဖျလိုက်လေသတဲ့။ဒါနဲ့ သူတို့တတွေဟာ အေးဆေးစွာ အိပ်ကြတယ်။

 

 

နောက်တနေ့မှာလဲ ဘီလုံးငှက်မဟာ သားသမီးတွေကို ထုံးစံအတိုင်း လယ်သမားသားအဖရဲ့ စကား မှတ်သားထားကြဖို့မှာပြီး အစာရှာထွက်သွားသတဲ့။ညနေကျတဲ့အခါ သူ့အမေ ဘီလုံးငှက်မကြီး ပြန်ရောက်တော့ ငှက်ကလေးတွေကပြောပြတယ်။“အမေရေ.. လယ်သမားကြီးနဲ့သူ့ရဲ့သားဟာ စောင့်နေပေမယ့် ဘယ်သူမှ မလာဘူး’’“အမေပြောသလိုပေါ့”“ဟုတ်တယ်အမေ”“ဒါနဲ့လယ်သမားကြီးကသူ့ရဲ့သားကိုခိုင်းပြန်တယ်။ ဆွေမျိုးတွေကို မနက်ဖြန်လာကူရိတ်သိမ်းပေးဖို့ အကူအညီသွားတောင်းလို့မှာတယ်။”“ဟုတ်လား။”“ဟုတ်တယ် အမေရယ်..သားတို့သမီးတို့ကိုပြောင်းပေးပါလို့ ”တောင်းပန်ကြပြန်တယ်။ဒီတစ်ခါအမေက…“ကိစ္စမရှိသေးပါဘူး သားတို့သမီးတို့…လယ်သမားဟာဆွေမျိုးတွေကို အားကိုးတာပဲ..ဒါဆိုရင် ဘာမှအလုပ်ဖြစ်မှာ မဟုတ်သေးဘူး”လို့ နှစ်သိမ့်ပြန်သတဲ့။ဒါနဲ့ သူတို့တတွေဟာ အသိုက်မှာ အေးဆေးစွာ အိပ်ကြတယ်။နောက်တနေ့မှာ ဘီလုံးငှက်မဟာ အစာရှာမသွားမီ သားသမီးတွေကို ထုံးစံအတိုင်း လယ်သမား သားအဖရဲ့ စကားကို သေသေချာ ချာ မှတ်သားထားဖို့ မှာတယ်။ညနေဖက် သူ့အမေ ဘီလုံးငှက်မကြီးပြန်ရောက်တော့ ငှက်ကလေးတွေက ပြောပြတယ်။“အမေရေ.. လယ်သ မားကြီးနဲ့ သူ့ရဲ့သားဟာ စောင့်နေပေမယ့် ဘယ်သူမှ မလာဘူး”“အေး..သူတို့ဟာ ဆွေမျိုးအာားကိုးတာကိုး”“ဟုတ်တယ်အမေ..ဘယ်သူမှ မလာတော့ လယ်သမားကြီးကသူ့ရဲ့သားကိုပြောတယ်…မနက်ဖြန် တို့နှစ်ရောက်ပဲ ပြောင်းခင်းကိုရိတ်ကြမယ်”တဲ့…“ဟုတ်လား..ဒါဆို သားတို့သမီးတို့ ပြောင်းဖို့အချိန်ရောက်လာပြီ”လို့ပြောကာ အသိုက်ပြောင်းသွား လေသတဲ့။ Moral – အခြေအမြစ်မရှိတဲ့ စကားဆိုရင် ချင့်ချိန်ပြီးမှာ ယုံပါ။

 

Credit – original

 

Post a Comment

0 Comments
* Please Don't Spam Here. All the Comments are Reviewed by Admin.