မဂဒူး မင်းဆက်မှ (၉) ဆက်မြောက်မင်း ဖြစ်သည့် ရာဇာဓိရာဇ် အကြောင်း
မဂဒူး မင်းဆက်မှ (၉) ဆက်မြောက်မင်း ဖြစ်သည့် ရာဇာဓိရာဇ် ( ၁၃၈၅-၁၄၂၃ )သည် မြန်မာသက္ကရာဇ် ၇၄၅ မှ ၇၈၂ ထိ ဟံသာ၀တီ(ပဲခူး)ကိုဗဟိုပြုကာ
မွန်သုံးရပ်(ခေါ်) ရာမညဒေသ (ယနေ့အောက်မြန်မာပြည်ဒေသ)ကို အုပ်စိုးခဲ့သည့် လက်ရုံးရည်နှလုံးရည်နှင့် အလွန်ထင်ရှားသော မွန်ဘုရင်တစ်ပါးဖြစ်သည်။ ဖခမည်းတော်မှာ ဗညားဦး ဖြစ်သည်။
ရာဇာဓိရာဇ်သည် သူရဲကောင်းများကို တန်းတူရည်တူဆက်ဆံကာ ချစ်မြတ်နိုးသော စစ်ဘုရင်တစ်ပါးလည်းဖြစ်သည်။ ရာဇာဓိရာဇ် လက်ထက်တွင်ထင်ရှားသော မွန်သူရဲကောင်းမြောက်မြားစွာ ပေါ်ထွန်းခဲ့သည်။
ဘုရင့်နောင် လက်ထက် မွန်၀န်ကြီးဗညားဒလ ရေးသားခဲ့သော ရာဇာဓိရာဇ်အရေးတော်ပုံကျမ်းသည်လည်းကောင်း၊ ဒေါက်တာနိုင်ပန်းလှ ရေးသည့် ရာဇာဓိရာဇ်အရေးတော်ပုံကျမ်းသည်လည်းကောင်း ထင်ရှားသော ကျမ်းများဖြစ်သည်။ အင်း၀-ဟံသာ၀တီ အနှစ်လေးဆယ်စစ်၏ အထိကရစစ်ဘုရင်တစ်ပါးဟု ဆိုလျင်လည်းမမှားပေ။
ငယ်စဉ်ကလေးဘ၀မှစ၍ နတ်ရွာစံကံတော်ကုန်သည့် အချိန်ထိ စစ်ပွဲ၊တိုက်ပွဲများနှင့် မကင်းခဲ့ချေ။ ရာဇာဓိရာဇ်သည် အလွန်ဘုန်းတန်ခိုးကြီးသော မင်းဖြစ်သည်။ ဗေဒင်ယတြာ၊ အင်းအိုင်လက်ဖွဲ့တို့ကို အလွန်ဝါသနာထုံပြီး စစ်ချီလေတိုင်း ထိုအစီအရင်တို့ကို သုံးစွဲကာ တပ်သားသူရဲတို့ စိတ်ဓါတ်တက်ကြွစေရန် ပြုလေ့ရှိသည်။ ဟံသာမင်း၊ ဗညားသစ်တသုံ၊သီဟရာဇာမင်း အစရှိသဖြင့်လည်း သမိုင်းများတွင်ဆိုကြသည်။
ရွှေတိဂုံစေတီတော် မွန်ကျောက်စာတွင် သုတသောမရာဇာဓိရာတ် ဟုဖော်ပြထားသည်။အသက် ၁၆ နှစ်အရွယ်မှစ ကာ ဟံသာ၀တီထီးနန်းကို စိုးစံပြီး ခမည်းတော် ဗညားဦးလက်ထက်က အစပြုသည့် ပုန်ကန်မှုများကို နှိမ်နှင်းအောင်မြင်သည်။
နောင် သမိုင်းတွင်သည့် အင်း၀-ဟံသာ၀တီ နှစ် ၄၀ စစ်ကို ခင်းသည်။ထင်ရှားသည့်မှူးမတ်များမှာ မင်းကံစီ၊ သမိန်ဗြာဇ္ဇ၊အမတ်ဒိန်၊အဲမွန်ဒယာ၊ အဲကောင်ဗိန်၊စောလဂွန်းအိန်(မသံလုံ)၊ဥပါကောင်း (ရာဇာဓိရာဇ်၏သားမက်ဖြစ်) ၊သမိန်ဗရမ်း(ရာဇာဓိရာဇ်၏သားမက်ဖြစ်၊အင်း၀သို့အဖမ်းခံ ရပြီး တရုတ်သူရဲကောင်း ဂါမဏိ နှင့်စီးချင်းထိုးကာအနိုင်ရသူ၊နောင်တွင် ဟံသာ၀တီသို့ပြန်လာ။)
သမိန်အ၀နံနိုင်(သမိန်အင်း၀ မင်းကြီး၊သမိန်အ၀နိုင် ဟုလည်းဆိုကြသည်။)၊ သမိန်ရဲသင်ရံ၊မသန်း(ရဟန်းလူထွက်ဖြစ်၊လဂွန်းအိန်သေပြီးနောက် ထွက်ပေါ်လာသည့် လူစွမ်းကောင်း။) တို့ ဖြစ်ကြသည်။
နောက်ခံသမိုင်းအကျဉ်း
အင်း၀-ဟံသာ၀တီ နှစ်လေးဆယ်စစ်သည် မြန်မာရာဇ၀င်တွင် အထူးပင် အရေးပါသော ကာလ ဖြစ်ပါသည်။ မွန်နှင့် ဗမာ တိုင်းရင်းသားတို့ နှစ်ဖက်မှ ပြည်ထောင်စု၏ ဦးဆောင်သူ နေရာကို ရနိုင်ရန် အပြိုင် ကြိုးပမ်းသည့် ကာလအဖြစ် သမိုင်းတွင် ထင်ရှားလှသည်။
အင်း၀မှ မင်းကြီးစွာစော်ကဲ ၊ သားတော် ဘုရင်မင်းခေါင်တို့နှင့် ဟံသာ၀တီမှ မွန်မင်း ရာဇာဓိရာဇ်တို့ အကြိမ်ကြိမ် စစ်မပြတ်ခင်းခဲ့ပြီး သမိုင်းတွင်သည့် သူရဲကောင်း အကျော်အမော်များ၊ စံပြုလောက်သည့် စစ်ရေးနည်းဗျူဟာများကို အပြန်အလှန် အသုံးချကာ စစ်ခင်းခဲ့ခြင်း ဖြစ်သည်။
ရာဇာဓိရာဇ် (မြန်မာသက္ကရာဇ် ၇၄၅-၇၂၈) မှာ မဂဒူးမင်းဆက်၏ (၉) ဆက်မြောက် မင်းဖြစ်သည်။ အစဉ်အဆက် မုတ္တမတွင် ထီးနန်း စိုးစံခဲ့ရာမှ (၈) ဆက်မြောက် ဖြစ်သည့် ဆင်ဖြူရှင် ဗညားဦး လက်ထက်တွင် လက်အောက်ခံ မြို့စားများ ဖြစ်သည့် လောက်ဖြား၊ အဲဗြပုန်၊ ဗြထဗ၊ ဥလိုတို့ ညီအစ်ကို လေးယောက်က တော်လှန်သဖြင့် ဒုန်၀န်းမြို့သို့ ယာယီ ပြောင်းရွှေ့ခဲ့ရသည်။
နောက် မကြာမီတွင် ဒုန်၀န်းသို့ လာရောက် တိုက်ခိုက်ကြသည်ကို မခံနိုင်သဖြင့် ဟံသာ၀တီ (ပဲခူး) သို့ပြောင်းရွှေ့ကာ နန်းသစ်တည်ပြီး မင်းပြုပြန်သည်။ အစ်မတော် မဟာဒေဝီအား အားကိုး ချစ်ခင်ပြီး ဒဂုံ(ရန်ကုန်)ကို စားစေသည်။ နောင်တော်မင်းလင်္ကာ ပုန်ကန်ပြန်သဖြင့် နှိမ်နှင်းကာ ကွပ်မျက်ပြီး ၄င်း၏ မယား မွေ့သင်အား သိမ်းပိုက်သည်။
သားတော်တစ်ပါး(ဗညားနွဲ့)အား မွေ့သင်မှ ဖွားမြင်ရာ ချစ်မြတ်နိုးတော်မူလှသည် မရှိဟုသိရသည်။ လျှာတွင် အစက်ပျောက်များပါလာသည့်အတွက် အပံသုန်ပိုင်စက် ဟုနာမည်ပေးသည်။ နောင်အခါ ဗညားနွဲ့(ဗညားငယ်)ဟုခေါ်တွင်သည်။ အခြား မိဖုရားဖြစ်သော ဗျက်လှိုင်းရွာသူ မွေးမဂူတောက်မှ ဖွားသည့် ဘောငံမုန်(ဗောခုံမှိုင်း)ကို ပိုသာစွာ ကြည်ဖြူပြီး နန်းလျာအဖြစ် အလိုရှိခဲ့သည်။
ဗညားနွဲ့ အသက် ၁၅ နှစ်တွင် အဖတူအမိကွဲ နှမတော် တလမေဒေါနှင့်ရည်ငံကာ ထွက်ပြေးကြသဖြင့် ဗညားဦး လွန်စွာအမျက်ရှကာ ထောင်သွင်း အကျဉ်းချစေသည်။ နောင် မဟာဒေဝီ တောင်းပန်သဖြင့် ပြန်လွတ်စေသည်။
ဟံသာ၀တီတွင် သုရှင် ဗညားဦး(ဆင်ဖြူရှင် ဗညားဦး) နာမကျန်း ဖြစ်ချိန်တွင် သားတော် ဗညားနွဲ့အား အရီးတော် မဟာဒေဝီ နှင့် ယောက်ဖတော် သမိန်မရူးတို့ မှ သတ်ဖြတ်ကာ သမိန်မရူး ထီးနန်းရရန် ကြံလေသောကြောင့် ဗညားနွဲ့လည်း ကျွန်ယုံ ၃၀ ကျော်ဖြင့် ဒဂုံ (ရန်ကုန်) သို့ထွက်ပြေးကာ ထိုမှနေပြီး ပုန်ကန်ပါတော့သည်။ ထိုသို့ ဒဂုံတွင် ရှိစဉ် လင်ရှိမယား ဆီသည်မ (မြန်မာမူတွင် ပန်းသည်မ) မွေမနိတ်ကို မိဖုရားအဖြစ် သိမ်းပိုက်သည်။
(သမိန်မရူး နှင့် မဟာဒေဝီ တို့မှာ မရိုးသားကြပေ။) နောင်တွင် မဟာဒေဝီနှင့် သမိန်မရူးတို့ ကလောက်ဖြား၊ ဗြထဗတို့ကို စည်းရုံးပြီး စစ်တပ်ကြီး စီရင်ကာ ဒဂုံကို ဝိုင်းရံလာစဉ် ဥပါယ်ဖြင့် မြောင်းမြ နှင့် မုတ္တမ တို့မှ စစ်တပ်များကို ပြန်လှည့် စေရန် ပြုသည်။ အမိတူ အဖကွဲ နောင်တော် ဒလစား မညီ ကံကောင်း လာရောက်ပူးပေါင်းသဖြင့် အင်အား ပိုတောင့်တင်းလာပြီး သမိန်မရူး တပ်ကို ညအချိန်တွင် အပြင်းတိုက်သဖြင့် သမိန်မရူးပြေးရာ လူသူသုံ့ပန်း အများအပြားရပြီး အောင်ပွဲခံနိုင်လေသည်။
နောက်တွင် ပဲခူးထိ ချီတက် တိုက်ခိုက်ရာ ပဲခူး မရောက်မီ ခမည်းတော် ဗညားဦး နတ်ရွာ လားလေသောကြောင့် တစ်ကြောင်း၊ သမိန်မရူး ပြေးသောကြောင့် တစ်ကြောင်း၊ မြို့တွင်းမှ မှူးမတ် ဒေါဗညားများက ထောက်ခံသောကြောင့်တစ်ကြောင်း နန်းပလ္လင်ပေါ်သို့ လွယ်ကူစွာ တက်နိုင်ကာ ရာဇာဓိရာဇ် ဟူသော ဘွဲ့ဖြင့် အသက် ၁၆ နှစ်တွင် ဟံသာ၀တီပြည်ကို အုပ်စိုးလေသည်။
နန်းရလျှင် မွေမနိတ်အား ပီယရာဇာဒေဝီ ဘွဲ့ဖြင့် မိဖုရားကြီးအရာ ပေးသည်။ သမိန်မရူးနှင့် ၄င်း၏မယား တလမေသီရိ တို့အား သတ်စေပြီး အရီးတော် မဟာဒေဝီကိုမူ ကျေးဇူးရှိဖူးသည်ကို ထောက်ကာ မသတ်ဘဲ ထားလေသည်။ မိမိအား နန်းတော်တံခါးတစ်ဖက်သာဖွင့်ပြီး ကြိုဆိုသည့်အတွက် အမတ်ဒိန်ကို သတ်ရန်အမိန့်ချသော်လည်း အမတ်ဒိန်အလျှောက်ကောင်းသဖြင့် လွတ်သည်။
နယ်ပယ်များကို သိမ်းသွင်းခြင်း
နန်းတက်ပြီးနောက် မကြာမီ အင်း၀မှ မင်းကြီးစွာ သည် မြောင်းမြစား လောက်ဖြား၏ မနာလို ကုန်းတိုက်စကားတွင် ယုံမှတ်ကာ ဟံသာ၀တီကို အရယူရန် အကြံဖြင့် ချီလာသည်ကို တွန်းလှန် ခဲ့ရသေးသည်။
အမှန်တွင် ဟံသာ၀တီ မင်းနေပြည်၏ အာဏာစက်မှာ ရာမည မွန်သုံးရပ်တွင် အရှေ့မုတ္တမ ၃၂ မြို့ နှင့် အနောက် ပုသိမ်၃၂မြို့ များသို့ပင် သက်ရောက်နိုင်ခြင်း မရှိဘဲ ဖြစ်နေသည်မှာ ဆင်ဖြူရှင် ဗညားဦး လက်ထက်ကပင် ဖြစ်ပါသည်။ ထို့ကြောင့် ဗညားနွဲ့ အနေဖြင့် အဆိုပါ သူပုန်သူကန်၊ မြို့စား၊ ရွာစားများကို နှိမ်နှင်းရန် အကြောင်းဖန်လာ လေတော့သည်။
အရှေ့ဖက်တစ်လွှားကို သိမ်းသွင်းခြင်း
ထို့ကြောင့်ပင် လူသူလက်နက်များ စုစည်းပြီး ခမည်းတော် ဗညားဦး လက်ထက်က လက်လွှတ်ခဲ့ရသည့် အရှေ့ဖက် မုတ္တမ ၃၂ မြို့ကို သိမ်းသွင်းရန် စစ်တပ်ကြီး ချီစေသည်။ ဘောလဂွန်းလက်မှ လဂွန်းဗျဉ်းကို လည်းကောင်း၊ သံလှစ်လက်မှ ဒုန်၀န်းကို လည်းကောင်း၊ မဂြိုင်းလက်မှ သံမောင်မြို့ကိုလည်းကောင်း၊ အဲဗြပုန်နှင့် ဗြထဗတို့၏ မုတ္တမနှင့် ဥလို၏ မော်လမြိုင် မြို့များကို လည်းကောင်း ဆက်တိုက် သိမ်းယူပြီး အရှေ့တစ်လွားရှိ မြို့ရွာများတွင် ယုံကြည်ရသည့် မှူးမတ်များကို မြို့စားအရာ ပေးကာ ဟံသာ၀တီသို့ ပြန်လေသည်။
အဲဗြပုန်၊ ဗြထဗနှင့် ဥလိုတို့လည်း ကုလားပြည်သို့ လှေဖြင့် ပြေးလေသည်။ ထိုသို့ အရှေ့ဖက်သို့ တိုက်ခိုက်ခဲ့ရာတွင် နာမည်ရသည့် သူရဲကောင်းများမှာ အမတ်ဒိန်၊ သမိန်သံဗြတ်(သမိန်ဗြာဇ္ဇ)၊ လဂွန်းအိန်၊ သမိန်ရဲသင်ရံ တို့ဖြစ်သည်။
အနောက်ဖက်တစ်လွှားကို သိမ်းသွင်းခြင်း
မြန်မာသက္ကရာဇ် ၇၅၀ တွင် နောင်တော် မညီကံကောင်း သည် မြောင်းမြစား လောက်ဖြားနှင့် ညီညွတ်ပြီး ဒလမှ ပုန်ကန်သည်ကို သွားရောက် နှိမ်နှင်းရပြီး မညီကံကောင်းအား ကွပ်ကာ ၄င်း၏သား၊ တူတော် ဘောဝ်ကျော် အား သစ္စာပေးကာ အဖအရာကို ဆက်ခံစေသည်။ နောက် လောက်ဖြားအား နှိမ်နှင်းရန် တစ်ပါတည်း အနောက်ဖက်သို့ ချီလေသည်။
ရှေးဦးစွာ ပုသိမ်ကို စားသော လောက်ဖြား၏ သားနှစ်ပါးဖြစ်သည့် လောက်ရုန် နှင့် လောက်သိန်တို့အား တိုက်ရာ အနိုင် မရနိုင်ဘဲ အမတ် ရာဇမနု(မင်းကန်စီ)ပါ ဆင်ထက်တွင် ကျဆုံးလေသည်။ ထိုသို့ ပုသိမ်တွင် ရှိနေစဉ် ပဲခူးတွင် အကျဉ်းချထားသည့် ညီတော် ဘောငံမုန် အား အဲကောင်ဗိန်ကို လွှတ်ပြီး ကွပ်စေပြန်သည်။ နောက် စစ်ဦးကို မြောင်းမြသို့ လှည့်ဟန်ပြုကာ လဂွန်းအိန်အား ပရိယာယ်ဖြင့် နောက်မှ လိုက်သည့် လောက်ရုန်နှင့် လောက်သိန်တို့အား အနိုင်ယူစေကာ ပုသိမ်ကို အရ သိမ်းလေသည်။ အမတ်ဒိန်ကလည်း ဒေးပသွယ်ကို ရပြီး ရာဇာဓိရာဇ်အား ဆက်ပြန်သည်။
နောက် မြောင်းမြသို့ချီရာ မြောင်းမြစားလည်း မခံဝံ့သဖြင့် လှေဖြင့် ပြေးမည်ကြံသော် သားတော် မပစ်နွဲ့(ဗျည်းနွဲ့)က တားကာ ရာဇာဓိရာဇ်အား တစ်ဦးချင်း ဆင်စီးချင်းထိုးပြီး အနိုင်အရှုံး ဆုံးဖြတ်ရန် တောင်းဆိုလေသည်။ ရာဇာဓိရာဇ်လည်း လက်ခံကာ ဆင်တော် ငရက်နွဲ့ကိုစီးပြီး ဆင်စီးချင်းထိုး၏။
အမှတ်မဲ့ဖြင့် ချိန်းဆိုရာ မြို့ရိုးတွင်းသို့၀င်ရာ မပစ်နွဲ့က တံခါးအကွယ်မှ ရုတ်တရက်ထွက်တိုက်ကာ ဆင်ချင်းပူးလျှင်ခုတ်ရန်ဓါးချွတ်မရသောကြောင့် ချွန်းသီးနှင့်ရိုက်သော် ဗညားနွဲ့ နဖူးကွဲကာ မူးဝေလေသည်။ထို့ကြောင့် မြို့ပြင်သို့ဆုတ်ပြေးပြီး အမူးပြေမှ တဖန်ပြန်လှည့်တိုက်သည်။
ဒီတစ်ကြိမ်တွင်အနိုင်ယူကာ မြောင်းမြကို သိမ်းလေသည်။ နောက် လောက်ဖြားအား ဂတိအတိုင်း ဒဂုံဆံတော်ရှင်(ရွှေတိဂုံ)အနီးတွင် သီတင်းဆောက်တည်ခွင့်ပြုသည်။ မပစ်နွဲ့မှာမူ မနေလိုကြောင်း လျှောက်သဖြင့် ကွပ်စေသည်။
အင်း၀နှင့်စစ်ပြုခြင်း
ထိုသို့ ရာဇာဓိရာဇ်သည် ရာမညတိုင်းမွန်သုံးရပ်လုံးကို အောင်မြင်ပြီးနောက်တွင် နန်းတက်စက အင်း၀မှ လာရောက် စစ်ပြုဖူးသည်ကို အမှတ်ထားရှိခဲ့ဖူးသည့်အလျောက် အင်း၀နှင့် စစ်ပြုရန် လုံလထုတ်လေတော့သည်။ ဤသို့ဖြင့် သမိုင်းတွင်သည့် အင်း၀-ဟံသာ၀တီ အနှစ်လေးဆယ် စစ်ကြီး အစပြုလေတော့သည်။
ကူထွက်ကိုသိမ်းခြင်း၊မင်းကြီးစွာနှင့်ပြေငြိမ်းခြင်း
မြန်မာသက္ကရာဇ် ၇၅၂ ၊ ရာဇာဓိရာဇ် သက်တော် ၂၃ နှစ်တွင် အင်း၀ပိုင် ကူထွတ် (ယခု မြန်အောင်မြို့) ကို အင်အားအပြည့်အစုံဖြင့်ချီတက် တိုက်ခိုက်ကာ သိမ်းပိုက်လေသည်။ နောက် သမိန်ချစ်ဗေတ နှင့် သမိန်သံကြယ် တို့ နှစ်ယောက်အားစောင့်စေပြီး ဟံသာ၀တီသို့ပြန်လေသည်။
အရောက်တွင် သားတော် ဘောလောအဲကျန်းတော (ဘောလောကျန်းဒေါ/ဗညားနွဲ့ငယ်မယား၊ အဖတူအမိကွဲနှမလည်း တော်စပ်သော လမေဒေါနှင့်မွေးသူ၊ မိခင်မှာ ဗညားနွဲ့ နန်းတက်စဉ်က မွေမနိတ်အား ပီယရာဇာဒေဝီဘွဲ့ဖြင့် မိဖုရားကြီးအရာပေးသောကြောင့် အဆိပ်သောက်ပြီးသေ) ဆင်မြင်း လေ့ကျင့်သည်၊ စစ်ရေးအတတ်ကိုလေ့လာသည်ဟု ကြား၍ အဲကောင်ဗိန်အား သွားဖမ်းစေကာ သတ်စေသည်။
ဘောလောကျန်းဒေါလည်း စိတ်နာလှသောကြောင့် မိမိ ၏ ရွှေအဆင်တန်ဆာတို့ကို ချွတ်ပြီး ရွှေမော်ဓောစေတီ အားလှူ၍ အင်း၀မင်း၊ မိဖုရားတို့၀မ်းတွင် ၀င်စား၍ ရာဇာဓိရာဇ်နှင့် စစ်မပြတ်ပြုပြီး မွန်သုံးရပ်ကို နှိပ်စက်လိုကြောင်း ဆုတောင်းကာ အဆိပ်သောက် သေလေသည်။ (နောင်တွင် ဘုရင်မင်းခေါင်၏သား မင်းရဲကျော်စွာအဖြစ် မွေးဖွားလာသည်ဟုဆိုရိုးရှိပါသည်။)
ဤသတင်းကိုကြားသော် ရာဇာဓိရာဇ်လည်း မိမိကိုယ်အလေးချိန်နှင့်ညီသည့် ရွှေသားတို့ဖြင့် ရွှေမော်ဓောစေတီအား ရွှေအပြည့်ချကာ သံသရာတစ်လျှောက်တွင် တိုက်သည့် ရန်စစ်ဟူသမျှကို အောင်မြင်စေကြောင်း ဆုတောင်းပြုပြန်သည်။ မြန်မာသက္ကရာဇ် ၇၅၄ တွင် အင်း၀မင်းကြီးစွာသည် ကူထွတ်ကို ပြန်သိမ်းယူရန် တိုက်ဆင် ၈၀၀၊ မြင်းသည် နှစ်သောင်း၊ အင်အားတစ်သိန်းနှစ်သောင်း နှင့်ချီလာလေသည်။
ရာဇာဓိရာဇ်လည်း ကြည်းရေ တပ်များဖွဲ့ ပြီး ကူထွက်ကိုချီလေသည်။ ရေတပ်တွင် ဟံသာ၀တီမှ အနည်းငယ်အသာရပြီး၊ ကြည်းတွင်မူ တစ်ဖက်နှင့်တစ်ဖက် အနိုင်မရနိုင်ဘဲရှိလေရာ ရေတပ်မှ အမတ်ကြီးများဖြစ်ကြသော အမတ်မဟာသမွန်၊ အမတ်ပွန်စီ၊ အဲကောင်ဗိန်နှင့် ဗြထဗိုက်တို့ကကူထွပ်နှင့်အလွဲ တို့အား အင်း၀ကို ပြန်ပေးပြီး သုရှင်အား စစ်ပြေငြိမ်းကြောင်း ရာဇသံ ဆက်ရန်နှင့် သံတမန်များစေလွှတ်ရန် အကြံပြုလျှောက်ထားသဖြင့် သုရှင်က သဘောတူလေသည်။
ထို့နောက် ရာဇာဓိရာဇ် နှင့် မင်းကြီးစွာစော်ကဲတို့လည်း အသီးသီး စစ်ပြေငြိမ်းလျက် ပြန်လေသည်။ ထိုနှစ်တွင် မိဖုရားကြီး မွေမနိတ် (ပီယရာဇာဒေဝီ) လွန်သည်။
အထက်အင်း၀နှင့်တကောင်းတိုင်အောင်ချီတက်ခြင်း
သက္ကရာဇ် ၇၆၂တွင် မင်းကြီး စွာစော်ကဲ နတ်ရွာစံပြီး သားတော် ဆင်ဖြူရှင် နန်းတက်လေ၏။ တစ်နှစ်အကြာတွင် တကောင်းစား ငနောက်စံ လုပ်ကြံ၍ လွန်သော် ညီဖြစ်သူ မင်းဆွေက မင်းခေါင် အမည်ယူကာ နန်းတက်လေသည်။ ထိုသို့ရှိရာ ပုဂံနှင့်အင်း၀သားများ ညီညွတ်မှုမရှိဘဲ မင်းခေါင်၏ညီတော် မင်းသိဒ္ဒတ် သည် ရာဇာဓိရာဇ် ထံသို့ ခို၀င်ခစားလာသည်။ ဤအချိန်တွင် ရာဇာဓိရာဇ်က အချက်ပိုင်ပိုင်ဖြင့် အင်း၀ထိချီတက် သိမ်းပိုက်ရန် စစ်ပြင်လေတော့သည်။
ကြည်းတပ်ရှေ့ဆုံး စစ်ဖျားချီတပ်တွင် လဂွန်းအိန် ကိုထားသည်။ ပြည်မြို့ကိုရောက်သော် ပြည်စားလက်ယာပျံချီ (မြောင်းမြစားလောက်ဖျား၏သား တရဖျား၊ အင်း၀တွင်ခစားသဖြင့် ပြည်တွင် မြို့စားခန့်ထားသူ) မှထွက်မတိုက်သောကြောင့် အရံသာထား၍ ဆက်လက်ချီတက်လေသည်။ စစ်ကိုင်းရောက်သော် အင်း၀မှ လည်း ပြည်နည်းတူ မြို့တွင်းမှ တွက်ပြီးမတိုက်သဖြင့် တကောင်းအထိ ချီတက်သိမ်းယူလေသည်။
ပြည်တွင် အရံထားခဲ့သော သားမက်တော် စောမဟာရာဇ်၏ ညံ့ဖျင်းမှုကြောင့် တပ်ပျက်ပြီး သမီးတော် တလမေကျော်(တလမည်ကျော်)ကို လက်ယာပျံချီ ရ၍ အင်း၀သို့ ပို့လေရာ မင်းခေါင်က သားတော် သိင်္ဂသူ(သီဟသူ)နှင့် စုံဖက်စေသည်။ အင်း၀သည် ရာဇာဓိရာဇ်၏ စစ်ကို ထွက်မတိုက်ပဲ ပညာရှိအပေါင်းတို့ကို ခေါ်ယူဆွေးနွေးရာ ပင်းယစကြိုသူမြတ် (ပန်းယသကြိုသူမြတ်)အမည်ရ သံဃာတော် တစ်ပါးမှ တာ၀န်ယူကာ စစ်ငြိမ်းရန် ကြံဆောင်ပါမယ်ဟု ဂတိပြုလေသည်။
ထို့နောက်တွင် ဘုရင်မင်းခေါင်၏ရာဇသဝံလွှာ၊ လက်ဆောင်ပဏ္ဏာများနှင့် သူမြတ်သည် ရာဇာဓိရာဇ်ထံ၀င်၍ လျှောက်ထားလေသည်။ ထို့ကြောင့် ရာဇာဓိရာဇ် လည်း ထို ပင်းယသူကြိုသူမြတ် နှင့် စကားပြိုင်ဆိုင် ပြီးအခြေတင် အရေးဆိုကာ နောက်ဆုံးတွင် အင်း၀အနီး တစ်ဝိုက်၌ သာဿနာရေး အဆောက်အဦးများ တည်ထားပြီး ပြန်လေသည်။
ပြန်လှည့်ရာတွင် အင်း၀သားများက သုရှင်ကောင်းမှုတို့အား မီးတင်တိုက်လေသောကြောင့် ဒေါသဖြင့်ပြန်လှည့်ရန်မိန့်သော်လည်း ပင်းယသူကြိုသူမြတ်၊ အမတ်ဒိန်၊ သမိန်ဗြာဇ္ဇတို့က တောင်းပန်လေသဖြင့် ဆက်စုန်လေသည်။ သမီးတော် အင်း၀သို့ပါကြောင်းကိုမူ ဒလ(ယခု တွံတေးမြို့နေရာ) ရောက်မှ သိသဖြင့် သားမက်တော် စောမဟာရာဇ်အား ခြေလက်တို့ကို ဖြတ်စေရာ သွေးပျက်ပြီး ရေသို့ခုန်ချသေလေသည်။
ပြည်သို့ချီခြင်း၊မင်းခေါင်နှင့် နယ်နိမိတ်သတ်မှတ်ခြင်း
နောက်နှစ်တွင် ရာဇာဓိရာဇ်သည် ဘုရင်မင်းခေါင်အား အမျက်မပြေနိုင်သောကြောင့် စစ်ချီပြန်သည်။ မင်းခေါင်လည်း စစ်ကူသုံးသောင်းကို ပြည်မြို့သို့အမြန်ချီစေသည်။ရေတပ်တွင် သုရှင်ချီ၍ ကြည်းတွင် သမိန်ဗြာဇ္ဇ က တပ် (၇) တပ်ကို ဦးဆောင်ချီသည်။ တပ်ဖျားတွင် လဂွန်းအိန် ကိုချီစေသည်။ သာ၀တ္ထိသို့ ရောက်သော် လဂွန်းအိန်သည် တပ်မှုးချုပ် ၏အမိန့်ကို ဖီဆန်ပြီး လွင်ပြင်သို့ အင်း၀တပ်အရောက်တွင် တစ်ရှိန်ထိုး ထွက်၍တိုက်လေသည်။
လဂွန်းအိန် ထွက်သည်ကို မြင်လျှင် ဥပါကောင်း၊ဘောကျော်နှင့် ဗြထဗိုက်တို့ ၃တပ်လည်း ထွက်တိုက်၏။ အင်း၀တပ် များအပြင်းပြန်တိုက်လေသောကြောင့် ရှေးဦးစွာ လဂွန်းအိန် တပ်တွင် စစ်သည်အများအပြားကျ ၍ဆုတ်ရ၏။ နောက် မှလိုက်လာကျသော တပ်၃တပ်လည်း အခြေအနေ မကောင်းသောကြောင့် တောတွင်းသို့ရှောင်ရလေ၏။ နောက် သမိန်ဗြာဇ္ဇ နှင့် သမိန်အ၀နံနိုင် တို့က ခုခံတိုက်ခိုက်လေသဖြင့် အင်း၀တပ်ပျက်လေသည်။
နောက် တလည်စီး တွင် တပ်ချကာ န၀င်းတွင် တပ် ၃တပ်ကိုသာ ချန်လေ၏ ။ဘုရင်မင်းခေါင်လည်း ပြည်မြို့ကျမည်စိုးရိမ်သဖြင့် ကိုယ်တိုင် ချီတက်လာသည်။ သာ၀တ္ထိတွင် ပျက်ကာပြေးသော တပ် ၅တပ်မှာ မြေထဲအရောက်တွင် ဘုရင်မင်းခေါင်နှင့် ဆုံ၏။ ထိုအခါ ပြန်ပြီး အနိုင်ယူရန် အာမခံပြီး တစ်ဖန် မင်းခေါင်တပ်များနှင့် ချီလာပြန်သည်။နောက် န၀င်းရှိ တပ်၃တပ်ကို မနက်စောစော တွင် ရွပ်ရွပ် ချွံချွံ တိုက်ရာ န၀င်းရှိမွန်တပ်များပျက်ပြီး ကြုံးဝါးထားသည့်အတိုင်း အသေခံတိုက်သဖြင့် ဘောကျော် နှင့် ဗြထဗိုက်တို့ကျကာ သမိန်ဇိပ်ဗြဲကို ဖမ်းမိလေသည်။
များမကြာမှီ ဘုရင်မင်းခေါင်လည်း တပ်တွင်ရိက္ခာမရသောကြောင့် ငတ်မွတ်လေသဖြင့် တမန်တော်စေကာ ရာဇာဓိရာဇ်အား စစ်ပြေငြိမ်းမည့်အရေး ဆိုလာလေသည်။မင်းနှစ်ပါးတို့ မြသီတင်းဘုရားတွင်အတူတစ်ကွ သစ္စာဆိုကြလေသည်။ လက်ဆောင်များအပြန်အလှန် ဆက်ကာချစ်ကြည်ရင်းနှီးကြလေသည်။ ထို့အပြင် ဗဒင်ရမ္မတောင် နှင့် ကြုံလှာ ကို နယ်ခြားထားကာ အထက်ကို အင်း၀ပိုင် ၊အောက်ကို ပဲခူးပိုင် အဖြစ်သဘောတူလေ၏။
ရခိုင်သို့စစ်ချီစေခြင်း
မကြာမှီတွင် ဘုရင်မင်းခေါင်သည် ဇင်းမယ်(ချင်းမိုင်)မင်းထံ မဟာမိတ်ဖွဲ့မည့်အကြောင်း၊မိမိဦးစွာ ရခိုင်နှင့် ဗန်းမော်ရှမ်းတို့အား ချီတက် တိုက်ခိုက်မည့်အကြောင်း၊ ပြီးလျှင်မိမိတို့ မင်းနှစ်ပါး ဟံသာ၀တီကို စစ်နှစ်ဖက်ညှပ် တိုက်ခိုက်ကာ အရယူမည့်အကြောင်း ရာဇသံတွင် ရေးပြီး ပို့လေသည်။ ထိုတမန်တော်တို့ကို မွန်ကင်းတပ်သားများက မသင်္ကာရှိပြီး ဖမ်း၍စစ်ရာ အကြောင်းစုံကို သိပြီး သုရှင်ထံသို့ပို့လေ၏။
ရာဇာဓိရာဇ်လည်း မင်းခေါင်သည် သစ္စာမရှိဟု အမျက်ထွက်ကာ တမန်တော်များကို ကွပ်စေသည်။နောက် ဘုရင်မင်းခေါင် ရခိုင်သို့ချီ မချီ စုံစမ်းစေပြီး ချီကြောင်းကိုသိလျှင် ပုသိမ်သို့ချီတက်တပ်စွဲကာ အပြန်တွင်လမ်းမှ ဖြတ်တိုက်မည်ဟု ကြံလေသည်။ ဘုရင်မင်းခေါင် လည်း ရခိုင်ရှိသံတွဲနှင့် မြောက်ဦး ကိုသိမ်းပိုက်ပြီး သမက်တော် ဂါမဏိ နှင့်သမီးတော် စောပြည့်ချမ်းသာ တို့ကို အစောင့်ထားကာ ဗန်းမော်သို့ ကုန်းကြောင်းမှ အမြန် ချီတက်သွားလေသည်။
ရခိုင်ဘုရင့်သား နရမိတ်လှ လည်းမွန်တို့ထံ ခို၀င်လာပြီးအကူအညီတောင်းရာ သုရှင်က “သူ့သားငါ့သားနှယ်မဟူ။ အတူတူပင်ဖြစ်တော့သည်။ မင်းအဖ၏ အရိုက်အရာကို ငါပြန်ယူပြီးမင်းကို ချမ်းသာပြန်ရစေမည်။”ဟု အာမခံကာ တပ်နှစ်တပ် တွင် သမိန်ငေါခွင် နှင့် သမိန်ဗိုက်ညက် တို့ကို အကြီးအမှုးခံပြီး စေလွှတ်တိုက်ခိုက်စေ၏။
ရခိုင်သားတို့လည်း မိမိတို့အရှင်သခင်၏သား ပြန်လာလေပြီဟု ကြားကာ အများအပြားပင် လာရောက် ခစားအမှုထမ်းကြလေသောကြောင့် သံတွဲကို အလွယ်တကူရကာ မြောက်ဦးသို့ဆက်လက် ချီတက်လေ၏။ နောက် မြောက်ဦးတွင်လည်း အနိုင်ရပြန်ရာ အင်း၀ဘုရင်၏ သားမက်နှင့် သမီးတော်တို့ကို ဖမ်းဆီးရမိကာသုရှင်ထံသို့ အစောင့်များဖြင့်ပို့သည်။
မြောက်ဦးတွင် နရမိတ်လှအား နန်းတင်ပြီးမွန်တို့လည်းပြန်လေ၏။ ဘုရင်မင်းခေါင်၏သားမက်တော် ဂါမဏိ လည်း ပုသိမ်အရောက်တွင် အဆိပ်သောက်၍ သေလေသည်တွင် စောပြည့်ချမ်းသာအား သုရှင်မှ မိဖုရားမြှောက်၏။
ဘုရင်မင်းခေါင်ချီလာခြင်း
ရခိုင်ပျက်ပြီး သမီး၊သားမက်တို့ကို ရာဇာဓိရာဇ် ရသည့်အကြောင်းကို ဗန်းမော်ရှမ်းတို့အား တိုက်ခိုက်လျှက်ရှိသော ဘုရင်မင်းခေါင်သိလျှင် ရှမ်းတို့ကို အမြန်နှိမ်နှင်းကာအင်အား တစ်သိန်းငါးသောင်း၊ ဆင၊်မြင်းအပြည့်အစုံဖြင့် တောင်ငူကြောင်းမှချီလေသည်။ ရာဇာဓိရာဇ်လည်း မင်းခေါင်စစ်ချီလာသည်ကို ကြားလျှင် စစ်တောင်းသို့ ချီတက်တပ်စွဲလျက် နေလေသည်။
အင်း၀စစ် အလွန်ကြီးမားသည်ကို သိသဖြင့် တပ်ကို စစ်တောင်းသို့ ပြန်ဆုတ်ခဲ့သည်။ နောက်စစ်တောင်းတွင် ရှိသော ရိက္ခာ၊စပါး တို့ကို မီးတိုက်ဖျက်စီးစေပြီး ပန်းကျော် ထိဆုတ်ကာ တပ်တည်လေသည်။
ယခင်အကြိမ်အတိုင်း စစ်ပြု၍ အင်း၀တပ်ရိက္ခာ ပြတ်ပြန်ရာ ဘုရင်မင်းခေါင်က အင်းပဲသူကြီးကို စေလွတ်ကာ နှစ်ဖက်သော အမှုးအမတ်တို့ကို သစ္စာပြုစေပြီး စစ်ပြေငြိမ်းမည့်အကြောင်း ရာဇသံစေလာသည်။ ရာဇာဓိရာဇ် လည်း အကောက်ကြံကာ သစ္စာပြုမည်ကို လက်ခံလေသည်။
Credit
Zawgyi
မဂဒူး မင္းဆက္မွ (၉) ဆက္ေျမာက္မင္း ျဖစ္သည့္ ရာဇာဓိရာဇ္ အေၾကာင္း
မဂဒူး မင္းဆက္မွ (၉) ဆက္ေျမာက္မင္း ျဖစ္သည့္ ရာဇာဓိရာဇ္ ( ၁၃၈၅-၁၄၂၃ )သည္ ျမန္မာသကၠရာဇ္ ၇၄၅ မွ ၇၈၂ ထိ ဟံသာ၀တီ(ပဲခူး)ကိုဗဟိုျပဳကာ
မြန္သုံးရပ္(ေခၚ) ရာမညေဒသ (ယေန႕ေအာက္ျမန္မာျပည္ေဒသ)ကို အုပ္စိုးခဲ့သည့္ လက္႐ုံးရည္ႏွလုံးရည္ႏွင့္ အလြန္ထင္ရွားေသာ မြန္ဘုရင္တစ္ပါးျဖစ္သည္။ ဖခမည္းေတာ္မွာ ဗညားဦး ျဖစ္သည္။
ရာဇာဓိရာဇ္သည္ သူရဲေကာင္းမ်ားကို တန္းတူရည္တူဆက္ဆံကာ ခ်စ္ျမတ္နိုးေသာ စစ္ဘုရင္တစ္ပါးလည္းျဖစ္သည္။ ရာဇာဓိရာဇ္ လက္ထက္တြင္ထင္ရွားေသာ မြန္သူရဲေကာင္းေျမာက္ျမားစြာ ေပၚထြန္းခဲ့သည္။
ဘုရင့္ေနာင္ လက္ထက္ မြန္၀န္ႀကီးဗညားဒလ ေရးသားခဲ့ေသာ ရာဇာဓိရာဇ္အေရးေတာ္ပုံက်မ္းသည္လည္းေကာင္း၊ ေဒါက္တာနိုင္ပန္းလွ ေရးသည့္ ရာဇာဓိရာဇ္အေရးေတာ္ပုံက်မ္းသည္လည္းေကာင္း ထင္ရွားေသာ က်မ္းမ်ားျဖစ္သည္။ အင္း၀-ဟံသာ၀တီ အႏွစ္ေလးဆယ္စစ္၏ အထိကရစစ္ဘုရင္တစ္ပါးဟု ဆိုလ်င္လည္းမမွားေပ။
ငယ္စဥ္ကေလးဘ၀မွစ၍ နတ္႐ြာစံကံေတာ္ကုန္သည့္ အခ်ိန္ထိ စစ္ပြဲ၊တိုက္ပြဲမ်ားႏွင့္ မကင္းခဲ့ေခ်။ ရာဇာဓိရာဇ္သည္ အလြန္ဘုန္းတန္ခိုးႀကီးေသာ မင္းျဖစ္သည္။ ေဗဒင္ယၾတာ၊ အင္းအိုင္လက္ဖြဲ႕တို႔ကို အလြန္ဝါသနာထုံၿပီး စစ္ခ်ီေလတိုင္း ထိုအစီအရင္တို႔ကို သုံးစြဲကာ တပ္သားသူရဲတို႔ စိတ္ဓါတ္တက္ႂကြေစရန္ ျပဳေလ့ရွိသည္။ ဟံသာမင္း၊ ဗညားသစ္တသုံ၊သီဟရာဇာမင္း အစရွိသျဖင့္လည္း သမိုင္းမ်ားတြင္ဆိုၾကသည္။
ေ႐ႊတိဂုံေစတီေတာ္ မြန္ေက်ာက္စာတြင္ သုတေသာမရာဇာဓိရာတ္ ဟုေဖာ္ျပထားသည္။အသက္ ၁၆ ႏွစ္အ႐ြယ္မွစ ကာ ဟံသာ၀တီထီးနန္းကို စိုးစံၿပီး ခမည္းေတာ္ ဗညားဦးလက္ထက္က အစျပဳသည့္ ပုန္ကန္မႈမ်ားကို ႏွိမ္ႏွင္းေအာင္ျမင္သည္။
ေနာင္ သမိုင္းတြင္သည့္ အင္း၀-ဟံသာ၀တီ ႏွစ္ ၄၀ စစ္ကို ခင္းသည္။ထင္ရွားသည့္မႉးမတ္မ်ားမွာ မင္းကံစီ၊ သမိန္ျဗာဇၨ၊အမတ္ဒိန္၊အဲမြန္ဒယာ၊ အဲေကာင္ဗိန္၊ေစာလဂြန္းအိန္(မသံလုံ)၊ဥပါေကာင္း (ရာဇာဓိရာဇ္၏သားမက္ျဖစ္) ၊သမိန္ဗရမ္း(ရာဇာဓိရာဇ္၏သားမက္ျဖစ္၊အင္း၀သို႔အဖမ္းခံ ရၿပီး တ႐ုတ္သူရဲေကာင္း ဂါမဏိ ႏွင့္စီးခ်င္းထိုးကာအနိုင္ရသူ၊ေနာင္တြင္ ဟံသာ၀တီသို႔ျပန္လာ။)
သမိန္အ၀နံနိုင္(သမိန္အင္း၀ မင္းႀကီး၊သမိန္အ၀နိုင္ ဟုလည္းဆိုၾကသည္။)၊ သမိန္ရဲသင္ရံ၊မသန္း(ရဟန္းလူထြက္ျဖစ္၊လဂြန္းအိန္ေသၿပီးေနာက္ ထြက္ေပၚလာသည့္ လူစြမ္းေကာင္း။) တို႔ ျဖစ္ၾကသည္။
ေနာက္ခံသမိုင္းအက်ဥ္း
အင္း၀-ဟံသာ၀တီ ႏွစ္ေလးဆယ္စစ္သည္ ျမန္မာရာဇ၀င္တြင္ အထူးပင္ အေရးပါေသာ ကာလ ျဖစ္ပါသည္။ မြန္ႏွင့္ ဗမာ တိုင္းရင္းသားတို႔ ႏွစ္ဖက္မွ ျပည္ေထာင္စု၏ ဦးေဆာင္သူ ေနရာကို ရနိုင္ရန္ အၿပိဳင္ ႀကိဳးပမ္းသည့္ ကာလအျဖစ္ သမိုင္းတြင္ ထင္ရွားလွသည္။
အင္း၀မွ မင္းႀကီးစြာေစာ္ကဲ ၊ သားေတာ္ ဘုရင္မင္းေခါင္တို႔ႏွင့္ ဟံသာ၀တီမွ မြန္မင္း ရာဇာဓိရာဇ္တို႔ အႀကိမ္ႀကိမ္ စစ္မျပတ္ခင္းခဲ့ၿပီး သမိုင္းတြင္သည့္ သူရဲေကာင္း အေက်ာ္အေမာ္မ်ား၊ စံျပဳေလာက္သည့္ စစ္ေရးနည္းဗ်ဴဟာမ်ားကို အျပန္အလွန္ အသုံးခ်ကာ စစ္ခင္းခဲ့ျခင္း ျဖစ္သည္။
ရာဇာဓိရာဇ္ (ျမန္မာသကၠရာဇ္ ၇၄၅-၇၂၈) မွာ မဂဒူးမင္းဆက္၏ (၉) ဆက္ေျမာက္ မင္းျဖစ္သည္။ အစဥ္အဆက္ မုတၱမတြင္ ထီးနန္း စိုးစံခဲ့ရာမွ (၈) ဆက္ေျမာက္ ျဖစ္သည့္ ဆင္ျဖဴရွင္ ဗညားဦး လက္ထက္တြင္ လက္ေအာက္ခံ ၿမိဳ႕စားမ်ား ျဖစ္သည့္ ေလာက္ျဖား၊ အဲျဗပုန္၊ ျဗထဗ၊ ဥလိုတို႔ ညီအစ္ကို ေလးေယာက္က ေတာ္လွန္သျဖင့္ ဒုန္၀န္းၿမိဳ႕သို႔ ယာယီ ေျပာင္းေ႐ႊ႕ခဲ့ရသည္။
ေနာက္ မၾကာမီတြင္ ဒုန္၀န္းသို႔ လာေရာက္ တိုက္ခိုက္ၾကသည္ကို မခံနိုင္သျဖင့္ ဟံသာ၀တီ (ပဲခူး) သို႔ေျပာင္းေ႐ႊ႕ကာ နန္းသစ္တည္ၿပီး မင္းျပဳျပန္သည္။ အစ္မေတာ္ မဟာေဒဝီအား အားကိုး ခ်စ္ခင္ၿပီး ဒဂုံ(ရန္ကုန္)ကို စားေစသည္။ ေနာင္ေတာ္မင္းလကၤာ ပုန္ကန္ျပန္သျဖင့္ ႏွိမ္ႏွင္းကာ ကြပ္မ်က္ၿပီး ၄င္း၏ မယား ေမြ႕သင္အား သိမ္းပိုက္သည္။
သားေတာ္တစ္ပါး(ဗညားႏြဲ႕)အား ေမြ႕သင္မွ ဖြားျမင္ရာ ခ်စ္ျမတ္နိုးေတာ္မူလွသည္ မရွိဟုသိရသည္။ လွ်ာတြင္ အစက္ေပ်ာက္မ်ားပါလာသည့္အတြက္ အပံသုန္ပိုင္စက္ ဟုနာမည္ေပးသည္။ ေနာင္အခါ ဗညားႏြဲ႕(ဗညားငယ္)ဟုေခၚတြင္သည္။ အျခား မိဖုရားျဖစ္ေသာ ဗ်က္လွိုင္း႐ြာသူ ေမြးမဂူေတာက္မွ ဖြားသည့္ ေဘာငံမုန္(ေဗာခုံမွိုင္း)ကို ပိုသာစြာ ၾကည္ျဖဴၿပီး နန္းလ်ာအျဖစ္ အလိုရွိခဲ့သည္။
ဗညားႏြဲ႕ အသက္ ၁၅ ႏွစ္တြင္ အဖတူအမိကြဲ ႏွမေတာ္ တလေမေဒါႏွင့္ရည္ငံကာ ထြက္ေျပးၾကသျဖင့္ ဗညားဦး လြန္စြာအမ်က္ရွကာ ေထာင္သြင္း အက်ဥ္းခ်ေစသည္။ ေနာင္ မဟာေဒဝီ ေတာင္းပန္သျဖင့္ ျပန္လြတ္ေစသည္။
ဟံသာ၀တီတြင္ သုရွင္ ဗညားဦး(ဆင္ျဖဴရွင္ ဗညားဦး) နာမက်န္း ျဖစ္ခ်ိန္တြင္ သားေတာ္ ဗညားႏြဲ႕အား အရီးေတာ္ မဟာေဒဝီ ႏွင့္ ေယာက္ဖေတာ္ သမိန္မ႐ူးတို႔ မွ သတ္ျဖတ္ကာ သမိန္မ႐ူး ထီးနန္းရရန္ ႀကံေလေသာေၾကာင့္ ဗညားႏြဲ႕လည္း ကြၽန္ယုံ ၃၀ ေက်ာ္ျဖင့္ ဒဂုံ (ရန္ကုန္) သို႔ထြက္ေျပးကာ ထိုမွေနၿပီး ပုန္ကန္ပါေတာ့သည္။ ထိုသို႔ ဒဂုံတြင္ ရွိစဥ္ လင္ရွိမယား ဆီသည္မ (ျမန္မာမူတြင္ ပန္းသည္မ) ေမြမနိတ္ကို မိဖုရားအျဖစ္ သိမ္းပိုက္သည္။
(သမိန္မ႐ူး ႏွင့္ မဟာေဒဝီ တို႔မွာ မရိုးသားၾကေပ။) ေနာင္တြင္ မဟာေဒဝီႏွင့္ သမိန္မ႐ူးတို႔ ကေလာက္ျဖား၊ ျဗထဗတို႔ကို စည္း႐ုံးၿပီး စစ္တပ္ႀကီး စီရင္ကာ ဒဂုံကို ဝိုင္းရံလာစဥ္ ဥပါယ္ျဖင့္ ေျမာင္းျမ ႏွင့္ မုတၱမ တို႔မွ စစ္တပ္မ်ားကို ျပန္လွည့္ ေစရန္ ျပဳသည္။ အမိတူ အဖကြဲ ေနာင္ေတာ္ ဒလစား မညီ ကံေကာင္း လာေရာက္ပူးေပါင္းသျဖင့္ အင္အား ပိုေတာင့္တင္းလာၿပီး သမိန္မ႐ူး တပ္ကို ညအခ်ိန္တြင္ အျပင္းတိုက္သျဖင့္ သမိန္မ႐ူးေျပးရာ လူသူသုံ႕ပန္း အမ်ားအျပားရၿပီး ေအာင္ပြဲခံနိုင္ေလသည္။
ေနာက္တြင္ ပဲခူးထိ ခ်ီတက္ တိုက္ခိုက္ရာ ပဲခူး မေရာက္မီ ခမည္းေတာ္ ဗညားဦး နတ္႐ြာ လားေလေသာေၾကာင့္ တစ္ေၾကာင္း၊ သမိန္မ႐ူး ေျပးေသာေၾကာင့္ တစ္ေၾကာင္း၊ ၿမိဳ႕တြင္းမွ မႉးမတ္ ေဒါဗညားမ်ားက ေထာက္ခံေသာေၾကာင့္တစ္ေၾကာင္း နန္းပလႅင္ေပၚသို႔ လြယ္ကူစြာ တက္နိုင္ကာ ရာဇာဓိရာဇ္ ဟူေသာ ဘြဲ႕ျဖင့္ အသက္ ၁၆ ႏွစ္တြင္ ဟံသာ၀တီျပည္ကို အုပ္စိုးေလသည္။
နန္းရလွ်င္ ေမြမနိတ္အား ပီယရာဇာေဒဝီ ဘြဲ႕ျဖင့္ မိဖုရားႀကီးအရာ ေပးသည္။ သမိန္မ႐ူးႏွင့္ ၄င္း၏မယား တလေမသီရိ တို႔အား သတ္ေစၿပီး အရီးေတာ္ မဟာေဒဝီကိုမူ ေက်းဇူးရွိဖူးသည္ကို ေထာက္ကာ မသတ္ဘဲ ထားေလသည္။ မိမိအား နန္းေတာ္တံခါးတစ္ဖက္သာဖြင့္ၿပီး ႀကိဳဆိုသည့္အတြက္ အမတ္ဒိန္ကို သတ္ရန္အမိန့္ခ်ေသာ္လည္း အမတ္ဒိန္အေလွ်ာက္ေကာင္းသျဖင့္ လြတ္သည္။
နယ္ပယ္မ်ားကို သိမ္းသြင္းျခင္း
နန္းတက္ၿပီးေနာက္ မၾကာမီ အင္း၀မွ မင္းႀကီးစြာ သည္ ေျမာင္းျမစား ေလာက္ျဖား၏ မနာလို ကုန္းတိုက္စကားတြင္ ယုံမွတ္ကာ ဟံသာ၀တီကို အရယူရန္ အႀကံျဖင့္ ခ်ီလာသည္ကို တြန္းလွန္ ခဲ့ရေသးသည္။
အမွန္တြင္ ဟံသာ၀တီ မင္းေနျပည္၏ အာဏာစက္မွာ ရာမည မြန္သုံးရပ္တြင္ အေရွ႕မုတၱမ ၃၂ ၿမိဳ႕ ႏွင့္ အေနာက္ ပုသိမ္၃၂ၿမိဳ႕ မ်ားသို႔ပင္ သက္ေရာက္နိုင္ျခင္း မရွိဘဲ ျဖစ္ေနသည္မွာ ဆင္ျဖဴရွင္ ဗညားဦး လက္ထက္ကပင္ ျဖစ္ပါသည္။ ထို႔ေၾကာင့္ ဗညားႏြဲ႕ အေနျဖင့္ အဆိုပါ သူပုန္သူကန္၊ ၿမိဳ႕စား၊ ႐ြာစားမ်ားကို ႏွိမ္ႏွင္းရန္ အေၾကာင္းဖန္လာ ေလေတာ့သည္။
အေရွ႕ဖက္တစ္လႊားကို သိမ္းသြင္းျခင္း
ထို႔ေၾကာင့္ပင္ လူသူလက္နက္မ်ား စုစည္းၿပီး ခမည္းေတာ္ ဗညားဦး လက္ထက္က လက္လႊတ္ခဲ့ရသည့္ အေရွ႕ဖက္ မုတၱမ ၃၂ ၿမိဳ႕ကို သိမ္းသြင္းရန္ စစ္တပ္ႀကီး ခ်ီေစသည္။ ေဘာလဂြန္းလက္မွ လဂြန္းဗ်ဥ္းကို လည္းေကာင္း၊ သံလွစ္လက္မွ ဒုန္၀န္းကို လည္းေကာင္း၊ မၿဂိဳင္းလက္မွ သံေမာင္ၿမိဳ႕ကိုလည္းေကာင္း၊ အဲျဗပုန္ႏွင့္ ျဗထဗတို႔၏ မုတၱမႏွင့္ ဥလို၏ ေမာ္လၿမိဳင္ ၿမိဳ႕မ်ားကို လည္းေကာင္း ဆက္တိုက္ သိမ္းယူၿပီး အေရွ႕တစ္လြားရွိ ၿမိဳ႕႐ြာမ်ားတြင္ ယုံၾကည္ရသည့္ မႉးမတ္မ်ားကို ၿမိဳ႕စားအရာ ေပးကာ ဟံသာ၀တီသို႔ ျပန္ေလသည္။
အဲျဗပုန္၊ ျဗထဗႏွင့္ ဥလိုတို႔လည္း ကုလားျပည္သို႔ ေလွျဖင့္ ေျပးေလသည္။ ထိုသို႔ အေရွ႕ဖက္သို႔ တိုက္ခိုက္ခဲ့ရာတြင္ နာမည္ရသည့္ သူရဲေကာင္းမ်ားမွာ အမတ္ဒိန္၊ သမိန္သံျဗတ္(သမိန္ျဗာဇၨ)၊ လဂြန္းအိန္၊ သမိန္ရဲသင္ရံ တို႔ျဖစ္သည္။
အေနာက္ဖက္တစ္လႊားကို သိမ္းသြင္းျခင္း
ျမန္မာသကၠရာဇ္ ၇၅၀ တြင္ ေနာင္ေတာ္ မညီကံေကာင္း သည္ ေျမာင္းျမစား ေလာက္ျဖားႏွင့္ ညီၫြတ္ၿပီး ဒလမွ ပုန္ကန္သည္ကို သြားေရာက္ ႏွိမ္ႏွင္းရၿပီး မညီကံေကာင္းအား ကြပ္ကာ ၄င္း၏သား၊ တူေတာ္ ေဘာဝ္ေက်ာ္ အား သစၥာေပးကာ အဖအရာကို ဆက္ခံေစသည္။ ေနာက္ ေလာက္ျဖားအား ႏွိမ္ႏွင္းရန္ တစ္ပါတည္း အေနာက္ဖက္သို႔ ခ်ီေလသည္။
ေရွးဦးစြာ ပုသိမ္ကို စားေသာ ေလာက္ျဖား၏ သားႏွစ္ပါးျဖစ္သည့္ ေလာက္႐ုန္ ႏွင့္ ေလာက္သိန္တို႔အား တိုက္ရာ အနိုင္ မရနိုင္ဘဲ အမတ္ ရာဇမႏု(မင္းကန္စီ)ပါ ဆင္ထက္တြင္ က်ဆဳံးေလသည္။ ထိုသို႔ ပုသိမ္တြင္ ရွိေနစဥ္ ပဲခူးတြင္ အက်ဥ္းခ်ထားသည့္ ညီေတာ္ ေဘာငံမုန္ အား အဲေကာင္ဗိန္ကို လႊတ္ၿပီး ကြပ္ေစျပန္သည္။ ေနာက္ စစ္ဦးကို ေျမာင္းျမသို႔ လွည့္ဟန္ျပဳကာ လဂြန္းအိန္အား ပရိယာယ္ျဖင့္ ေနာက္မွ လိုက္သည့္ ေလာက္႐ုန္ႏွင့္ ေလာက္သိန္တို႔အား အနိုင္ယူေစကာ ပုသိမ္ကို အရ သိမ္းေလသည္။ အမတ္ဒိန္ကလည္း ေဒးပသြယ္ကို ရၿပီး ရာဇာဓိရာဇ္အား ဆက္ျပန္သည္။
ေနာက္ ေျမာင္းျမသို႔ခ်ီရာ ေျမာင္းျမစားလည္း မခံဝံ့သျဖင့္ ေလွျဖင့္ ေျပးမည္ႀကံေသာ္ သားေတာ္ မပစ္ႏြဲ႕(ဗ်ည္းႏြဲ႕)က တားကာ ရာဇာဓိရာဇ္အား တစ္ဦးခ်င္း ဆင္စီးခ်င္းထိုးၿပီး အနိုင္အရႈံး ဆုံးျဖတ္ရန္ ေတာင္းဆိုေလသည္။ ရာဇာဓိရာဇ္လည္း လက္ခံကာ ဆင္ေတာ္ ငရက္ႏြဲ႕ကိုစီးၿပီး ဆင္စီးခ်င္းထိုး၏။
အမွတ္မဲ့ျဖင့္ ခ်ိန္းဆိုရာ ၿမိဳ႕ရိုးတြင္းသို႔၀င္ရာ မပစ္ႏြဲ႕က တံခါးအကြယ္မွ ႐ုတ္တရက္ထြက္တိုက္ကာ ဆင္ခ်င္းပူးလွ်င္ခုတ္ရန္ဓါးခြၽတ္မရေသာေၾကာင့္ ခြၽန္းသီးႏွင့္ရိုက္ေသာ္ ဗညားႏြဲ႕ နဖူးကြဲကာ မူးေဝေလသည္။ထို႔ေၾကာင့္ ၿမိဳ႕ျပင္သို႔ဆုတ္ေျပးၿပီး အမူးေျပမွ တဖန္ျပန္လွည့္တိုက္သည္။
ဒီတစ္ႀကိမ္တြင္အနိုင္ယူကာ ေျမာင္းျမကို သိမ္းေလသည္။ ေနာက္ ေလာက္ျဖားအား ဂတိအတိုင္း ဒဂုံဆံေတာ္ရွင္(ေ႐ႊတိဂုံ)အနီးတြင္ သီတင္းေဆာက္တည္ခြင့္ျပဳသည္။ မပစ္ႏြဲ႕မွာမူ မေနလိုေၾကာင္း ေလွ်ာက္သျဖင့္ ကြပ္ေစသည္။
အင္း၀ႏွင့္စစ္ျပဳျခင္း
ထိုသို႔ ရာဇာဓိရာဇ္သည္ ရာမညတိုင္းမြန္သုံးရပ္လုံးကို ေအာင္ျမင္ၿပီးေနာက္တြင္ နန္းတက္စက အင္း၀မွ လာေရာက္ စစ္ျပဳဖူးသည္ကို အမွတ္ထားရွိခဲ့ဖူးသည့္အေလ်ာက္ အင္း၀ႏွင့္ စစ္ျပဳရန္ လုံလထုတ္ေလေတာ့သည္။ ဤသို႔ျဖင့္ သမိုင္းတြင္သည့္ အင္း၀-ဟံသာ၀တီ အႏွစ္ေလးဆယ္ စစ္ႀကီး အစျပဳေလေတာ့သည္။
ကူထြက္ကိုသိမ္းျခင္း၊မင္းႀကီးစြာႏွင့္ေျပၿငိမ္းျခင္း
ျမန္မာသကၠရာဇ္ ၇၅၂ ၊ ရာဇာဓိရာဇ္ သက္ေတာ္ ၂၃ ႏွစ္တြင္ အင္း၀ပိုင္ ကူထြတ္ (ယခု ျမန္ေအာင္ၿမိဳ႕) ကို အင္အားအျပည့္အစုံျဖင့္ခ်ီတက္ တိုက္ခိုက္ကာ သိမ္းပိုက္ေလသည္။ ေနာက္ သမိန္ခ်စ္ေဗတ ႏွင့္ သမိန္သံၾကယ္ တို႔ ႏွစ္ေယာက္အားေစာင့္ေစၿပီး ဟံသာ၀တီသို႔ျပန္ေလသည္။
အေရာက္တြင္ သားေတာ္ ေဘာေလာအဲက်န္းေတာ (ေဘာေလာက်န္းေဒါ/ဗညားႏြဲ႕ငယ္မယား၊ အဖတူအမိကြဲႏွမလည္း ေတာ္စပ္ေသာ လေမေဒါႏွင့္ေမြးသူ၊ မိခင္မွာ ဗညားႏြဲ႕ နန္းတက္စဥ္က ေမြမနိတ္အား ပီယရာဇာေဒဝီဘြဲ႕ျဖင့္ မိဖုရားႀကီးအရာေပးေသာေၾကာင့္ အဆိပ္ေသာက္ၿပီးေသ) ဆင္ျမင္း ေလ့က်င့္သည္၊ စစ္ေရးအတတ္ကိုေလ့လာသည္ဟု ၾကား၍ အဲေကာင္ဗိန္အား သြားဖမ္းေစကာ သတ္ေစသည္။
ေဘာေလာက်န္းေဒါလည္း စိတ္နာလွေသာေၾကာင့္ မိမိ ၏ ေ႐ႊအဆင္တန္ဆာတို႔ကို ခြၽတ္ၿပီး ေ႐ႊေမာ္ေဓာေစတီ အားလႉ၍ အင္း၀မင္း၊ မိဖုရားတို႔၀မ္းတြင္ ၀င္စား၍ ရာဇာဓိရာဇ္ႏွင့္ စစ္မျပတ္ျပဳၿပီး မြန္သုံးရပ္ကို ႏွိပ္စက္လိုေၾကာင္း ဆုေတာင္းကာ အဆိပ္ေသာက္ ေသေလသည္။ (ေနာင္တြင္ ဘုရင္မင္းေခါင္၏သား မင္းရဲေက်ာ္စြာအျဖစ္ ေမြးဖြားလာသည္ဟုဆိုရိုးရွိပါသည္။)
ဤသတင္းကိုၾကားေသာ္ ရာဇာဓိရာဇ္လည္း မိမိကိုယ္အေလးခ်ိန္ႏွင့္ညီသည့္ ေ႐ႊသားတို႔ျဖင့္ ေ႐ႊေမာ္ေဓာေစတီအား ေ႐ႊအျပည့္ခ်ကာ သံသရာတစ္ေလွ်ာက္တြင္ တိုက္သည့္ ရန္စစ္ဟူသမွ်ကို ေအာင္ျမင္ေစေၾကာင္း ဆုေတာင္းျပဳျပန္သည္။ ျမန္မာသကၠရာဇ္ ၇၅၄ တြင္ အင္း၀မင္းႀကီးစြာသည္ ကူထြတ္ကို ျပန္သိမ္းယူရန္ တိုက္ဆင္ ၈၀၀၊ ျမင္းသည္ ႏွစ္ေသာင္း၊ အင္အားတစ္သိန္းႏွစ္ေသာင္း ႏွင့္ခ်ီလာေလသည္။
ရာဇာဓိရာဇ္လည္း ၾကည္းေရ တပ္မ်ားဖြဲ႕ ၿပီး ကူထြက္ကိုခ်ီေလသည္။ ေရတပ္တြင္ ဟံသာ၀တီမွ အနည္းငယ္အသာရၿပီး၊ ၾကည္းတြင္မူ တစ္ဖက္ႏွင့္တစ္ဖက္ အနိုင္မရနိုင္ဘဲရွိေလရာ ေရတပ္မွ အမတ္ႀကီးမ်ားျဖစ္ၾကေသာ အမတ္မဟာသမြန္၊ အမတ္ပြန္စီ၊ အဲေကာင္ဗိန္ႏွင့္ ျဗထဗိုက္တို႔ကကူထြပ္ႏွင့္အလြဲ တို႔အား အင္း၀ကို ျပန္ေပးၿပီး သုရွင္အား စစ္ေျပၿငိမ္းေၾကာင္း ရာဇသံ ဆက္ရန္ႏွင့္ သံတမန္မ်ားေစလႊတ္ရန္ အႀကံျပဳေလွ်ာက္ထားသျဖင့္ သုရွင္က သေဘာတူေလသည္။
ထို႔ေနာက္ ရာဇာဓိရာဇ္ ႏွင့္ မင္းႀကီးစြာေစာ္ကဲတို႔လည္း အသီးသီး စစ္ေျပၿငိမ္းလ်က္ ျပန္ေလသည္။ ထိုႏွစ္တြင္ မိဖုရားႀကီး ေမြမနိတ္ (ပီယရာဇာေဒဝီ) လြန္သည္။
အထက္အင္း၀ႏွင့္တေကာင္းတိုင္ေအာင္ခ်ီတက္ျခင္း
သကၠရာဇ္ ၇၆၂တြင္ မင္းႀကီး စြာေစာ္ကဲ နတ္႐ြာစံၿပီး သားေတာ္ ဆင္ျဖဴရွင္ နန္းတက္ေလ၏။ တစ္ႏွစ္အၾကာတြင္ တေကာင္းစား ငေနာက္စံ လုပ္ႀကံ၍ လြန္ေသာ္ ညီျဖစ္သူ မင္းေဆြက မင္းေခါင္ အမည္ယူကာ နန္းတက္ေလသည္။ ထိုသို႔ရွိရာ ပုဂံႏွင့္အင္း၀သားမ်ား ညီၫြတ္မႈမရွိဘဲ မင္းေခါင္၏ညီေတာ္ မင္းသိဒၵတ္ သည္ ရာဇာဓိရာဇ္ ထံသို႔ ခို၀င္ခစားလာသည္။ ဤအခ်ိန္တြင္ ရာဇာဓိရာဇ္က အခ်က္ပိုင္ပိုင္ျဖင့္ အင္း၀ထိခ်ီတက္ သိမ္းပိုက္ရန္ စစ္ျပင္ေလေတာ့သည္။
ၾကည္းတပ္ေရွ႕ဆုံး စစ္ဖ်ားခ်ီတပ္တြင္ လဂြန္းအိန္ ကိုထားသည္။ ျပည္ၿမိဳ႕ကိုေရာက္ေသာ္ ျပည္စားလက္ယာပ်ံခ်ီ (ေျမာင္းျမစားေလာက္ဖ်ား၏သား တရဖ်ား၊ အင္း၀တြင္ခစားသျဖင့္ ျပည္တြင္ ၿမိဳ႕စားခန့္ထားသူ) မွထြက္မတိုက္ေသာေၾကာင့္ အရံသာထား၍ ဆက္လက္ခ်ီတက္ေလသည္။ စစ္ကိုင္းေရာက္ေသာ္ အင္း၀မွ လည္း ျပည္နည္းတူ ၿမိဳ႕တြင္းမွ တြက္ၿပီးမတိုက္သျဖင့္ တေကာင္းအထိ ခ်ီတက္သိမ္းယူေလသည္။
ျပည္တြင္ အရံထားခဲ့ေသာ သားမက္ေတာ္ ေစာမဟာရာဇ္၏ ညံ့ဖ်င္းမႈေၾကာင့္ တပ္ပ်က္ၿပီး သမီးေတာ္ တလေမေက်ာ္(တလမည္ေက်ာ္)ကို လက္ယာပ်ံခ်ီ ရ၍ အင္း၀သို႔ ပို႔ေလရာ မင္းေခါင္က သားေတာ္ သိဂၤသူ(သီဟသူ)ႏွင့္ စုံဖက္ေစသည္။ အင္း၀သည္ ရာဇာဓိရာဇ္၏ စစ္ကို ထြက္မတိုက္ပဲ ပညာရွိအေပါင္းတို႔ကို ေခၚယူေဆြးေႏြးရာ ပင္းယစႀကိဳသူျမတ္ (ပန္းယသႀကိဳသူျမတ္)အမည္ရ သံဃာေတာ္ တစ္ပါးမွ တာ၀န္ယူကာ စစ္ၿငိမ္းရန္ ႀကံေဆာင္ပါမယ္ဟု ဂတိျပဳေလသည္။
ထို႔ေနာက္တြင္ ဘုရင္မင္းေခါင္၏ရာဇသဝံလႊာ၊ လက္ေဆာင္ပဏၰာမ်ားႏွင့္ သူျမတ္သည္ ရာဇာဓိရာဇ္ထံ၀င္၍ ေလွ်ာက္ထားေလသည္။ ထို႔ေၾကာင့္ ရာဇာဓိရာဇ္ လည္း ထို ပင္းယသူႀကိဳသူျမတ္ ႏွင့္ စကားၿပိဳင္ဆိုင္ ၿပီးအေျခတင္ အေရးဆိုကာ ေနာက္ဆုံးတြင္ အင္း၀အနီး တစ္ဝိုက္၌ သာႆနာေရး အေဆာက္အဦးမ်ား တည္ထားၿပီး ျပန္ေလသည္။
ျပန္လွည့္ရာတြင္ အင္း၀သားမ်ားက သုရွင္ေကာင္းမႈတို႔အား မီးတင္တိုက္ေလေသာေၾကာင့္ ေဒါသျဖင့္ျပန္လွည့္ရန္မိန့္ေသာ္လည္း ပင္းယသူႀကိဳသူျမတ္၊ အမတ္ဒိန္၊ သမိန္ျဗာဇၨတို႔က ေတာင္းပန္ေလသျဖင့္ ဆက္စုန္ေလသည္။ သမီးေတာ္ အင္း၀သို႔ပါေၾကာင္းကိုမူ ဒလ(ယခု တြံေတးၿမိဳ႕ေနရာ) ေရာက္မွ သိသျဖင့္ သားမက္ေတာ္ ေစာမဟာရာဇ္အား ေျခလက္တို႔ကို ျဖတ္ေစရာ ေသြးပ်က္ၿပီး ေရသို႔ခုန္ခ်ေသေလသည္။
ျပည္သို႔ခ်ီျခင္း၊မင္းေခါင္ႏွင့္ နယ္နိမိတ္သတ္မွတ္ျခင္း
ေနာက္ႏွစ္တြင္ ရာဇာဓိရာဇ္သည္ ဘုရင္မင္းေခါင္အား အမ်က္မေျပနိုင္ေသာေၾကာင့္ စစ္ခ်ီျပန္သည္။ မင္းေခါင္လည္း စစ္ကူသုံးေသာင္းကို ျပည္ၿမိဳ႕သို႔အျမန္ခ်ီေစသည္။ေရတပ္တြင္ သုရွင္ခ်ီ၍ ၾကည္းတြင္ သမိန္ျဗာဇၨ က တပ္ (၇) တပ္ကို ဦးေဆာင္ခ်ီသည္။ တပ္ဖ်ားတြင္ လဂြန္းအိန္ ကိုခ်ီေစသည္။ သာ၀တၳိသို႔ ေရာက္ေသာ္ လဂြန္းအိန္သည္ တပ္မႈးခ်ဳပ္ ၏အမိန့္ကို ဖီဆန္ၿပီး လြင္ျပင္သို႔ အင္း၀တပ္အေရာက္တြင္ တစ္ရွိန္ထိုး ထြက္၍တိုက္ေလသည္။
လဂြန္းအိန္ ထြက္သည္ကို ျမင္လွ်င္ ဥပါေကာင္း၊ေဘာေက်ာ္ႏွင့္ ျဗထဗိုက္တို႔ ၃တပ္လည္း ထြက္တိုက္၏။ အင္း၀တပ္ မ်ားအျပင္းျပန္တိုက္ေလေသာေၾကာင့္ ေရွးဦးစြာ လဂြန္းအိန္ တပ္တြင္ စစ္သည္အမ်ားအျပားက် ၍ဆုတ္ရ၏။ ေနာက္ မွလိုက္လာက်ေသာ တပ္၃တပ္လည္း အေျခအေန မေကာင္းေသာေၾကာင့္ ေတာတြင္းသို႔ေရွာင္ရေလ၏။ ေနာက္ သမိန္ျဗာဇၨ ႏွင့္ သမိန္အ၀နံနိုင္ တို႔က ခုခံတိုက္ခိုက္ေလသျဖင့္ အင္း၀တပ္ပ်က္ေလသည္။
ေနာက္ တလည္စီး တြင္ တပ္ခ်ကာ န၀င္းတြင္ တပ္ ၃တပ္ကိုသာ ခ်န္ေလ၏ ။ဘုရင္မင္းေခါင္လည္း ျပည္ၿမိဳ႕က်မည္စိုးရိမ္သျဖင့္ ကိုယ္တိုင္ ခ်ီတက္လာသည္။ သာ၀တၳိတြင္ ပ်က္ကာေျပးေသာ တပ္ ၅တပ္မွာ ေျမထဲအေရာက္တြင္ ဘုရင္မင္းေခါင္ႏွင့္ ဆုံ၏။ ထိုအခါ ျပန္ၿပီး အနိုင္ယူရန္ အာမခံၿပီး တစ္ဖန္ မင္းေခါင္တပ္မ်ားႏွင့္ ခ်ီလာျပန္သည္။ေနာက္ န၀င္းရွိ တပ္၃တပ္ကို မနက္ေစာေစာ တြင္ ႐ြပ္႐ြပ္ ခြၽံခြၽံ တိုက္ရာ န၀င္းရွိမြန္တပ္မ်ားပ်က္ၿပီး ႀကဳံးဝါးထားသည့္အတိုင္း အေသခံတိုက္သျဖင့္ ေဘာေက်ာ္ ႏွင့္ ျဗထဗိုက္တို႔က်ကာ သမိန္ဇိပ္ၿဗဲကို ဖမ္းမိေလသည္။
မ်ားမၾကာမွီ ဘုရင္မင္းေခါင္လည္း တပ္တြင္ရိကၡာမရေသာေၾကာင့္ ငတ္မြတ္ေလသျဖင့္ တမန္ေတာ္ေစကာ ရာဇာဓိရာဇ္အား စစ္ေျပၿငိမ္းမည့္အေရး ဆိုလာေလသည္။မင္းႏွစ္ပါးတို႔ ျမသီတင္းဘုရားတြင္အတူတစ္ကြ သစၥာဆိုၾကေလသည္။ လက္ေဆာင္မ်ားအျပန္အလွန္ ဆက္ကာခ်စ္ၾကည္ရင္းႏွီးၾကေလသည္။ ထို႔အျပင္ ဗဒင္ရမၼေတာင္ ႏွင့္ ႀကဳံလွာ ကို နယ္ျခားထားကာ အထက္ကို အင္း၀ပိုင္ ၊ေအာက္ကို ပဲခူးပိုင္ အျဖစ္သေဘာတူေလ၏။
ရခိုင္သို႔စစ္ခ်ီေစျခင္း
မၾကာမွီတြင္ ဘုရင္မင္းေခါင္သည္ ဇင္းမယ္(ခ်င္းမိုင္)မင္းထံ မဟာမိတ္ဖြဲ႕မည့္အေၾကာင္း၊မိမိဦးစြာ ရခိုင္ႏွင့္ ဗန္းေမာ္ရွမ္းတို႔အား ခ်ီတက္ တိုက္ခိုက္မည့္အေၾကာင္း၊ ၿပီးလွ်င္မိမိတို႔ မင္းႏွစ္ပါး ဟံသာ၀တီကို စစ္ႏွစ္ဖက္ညွပ္ တိုက္ခိုက္ကာ အရယူမည့္အေၾကာင္း ရာဇသံတြင္ ေရးၿပီး ပို႔ေလသည္။ ထိုတမန္ေတာ္တို႔ကို မြန္ကင္းတပ္သားမ်ားက မသကၤာရွိၿပီး ဖမ္း၍စစ္ရာ အေၾကာင္းစုံကို သိၿပီး သုရွင္ထံသို႔ပို႔ေလ၏။
ရာဇာဓိရာဇ္လည္း မင္းေခါင္သည္ သစၥာမရွိဟု အမ်က္ထြက္ကာ တမန္ေတာ္မ်ားကို ကြပ္ေစသည္။ေနာက္ ဘုရင္မင္းေခါင္ ရခိုင္သို႔ခ်ီ မခ်ီ စုံစမ္းေစၿပီး ခ်ီေၾကာင္းကိုသိလွ်င္ ပုသိမ္သို႔ခ်ီတက္တပ္စြဲကာ အျပန္တြင္လမ္းမွ ျဖတ္တိုက္မည္ဟု ႀကံေလသည္။ ဘုရင္မင္းေခါင္ လည္း ရခိုင္ရွိသံတြဲႏွင့္ ေျမာက္ဦး ကိုသိမ္းပိုက္ၿပီး သမက္ေတာ္ ဂါမဏိ ႏွင့္သမီးေတာ္ ေစာျပည့္ခ်မ္းသာ တို႔ကို အေစာင့္ထားကာ ဗန္းေမာ္သို႔ ကုန္းေၾကာင္းမွ အျမန္ ခ်ီတက္သြားေလသည္။
ရခိုင္ဘုရင့္သား နရမိတ္လွ လည္းမြန္တို႔ထံ ခို၀င္လာၿပီးအကူအညီေတာင္းရာ သုရွင္က “သူ႕သားငါ့သားႏွယ္မဟူ။ အတူတူပင္ျဖစ္ေတာ့သည္။ မင္းအဖ၏ အရိုက္အရာကို ငါျပန္ယူၿပီးမင္းကို ခ်မ္းသာျပန္ရေစမည္။”ဟု အာမခံကာ တပ္ႏွစ္တပ္ တြင္ သမိန္ေငါခြင္ ႏွင့္ သမိန္ဗိုက္ညက္ တို႔ကို အႀကီးအမႈးခံၿပီး ေစလႊတ္တိုက္ခိုက္ေစ၏။
ရခိုင္သားတို႔လည္း မိမိတို႔အရွင္သခင္၏သား ျပန္လာေလၿပီဟု ၾကားကာ အမ်ားအျပားပင္ လာေရာက္ ခစားအမႈထမ္းၾကေလေသာေၾကာင့္ သံတြဲကို အလြယ္တကူရကာ ေျမာက္ဦးသို႔ဆက္လက္ ခ်ီတက္ေလ၏။ ေနာက္ ေျမာက္ဦးတြင္လည္း အနိုင္ရျပန္ရာ အင္း၀ဘုရင္၏ သားမက္ႏွင့္ သမီးေတာ္တို႔ကို ဖမ္းဆီးရမိကာသုရွင္ထံသို႔ အေစာင့္မ်ားျဖင့္ပို႔သည္။
ေျမာက္ဦးတြင္ နရမိတ္လွအား နန္းတင္ၿပီးမြန္တို႔လည္းျပန္ေလ၏။ ဘုရင္မင္းေခါင္၏သားမက္ေတာ္ ဂါမဏိ လည္း ပုသိမ္အေရာက္တြင္ အဆိပ္ေသာက္၍ ေသေလသည္တြင္ ေစာျပည့္ခ်မ္းသာအား သုရွင္မွ မိဖုရားျမႇောက္၏။
ဘုရင္မင္းေခါင္ခ်ီလာျခင္း
ရခိုင္ပ်က္ၿပီး သမီး၊သားမက္တို႔ကို ရာဇာဓိရာဇ္ ရသည့္အေၾကာင္းကို ဗန္းေမာ္ရွမ္းတို႔အား တိုက္ခိုက္လွ်က္ရွိေသာ ဘုရင္မင္းေခါင္သိလွ်င္ ရွမ္းတို႔ကို အျမန္ႏွိမ္ႏွင္းကာအင္အား တစ္သိန္းငါးေသာင္း၊ ဆင၊္ျမင္းအျပည့္အစုံျဖင့္ ေတာင္ငူေၾကာင္းမွခ်ီေလသည္။ ရာဇာဓိရာဇ္လည္း မင္းေခါင္စစ္ခ်ီလာသည္ကို ၾကားလွ်င္ စစ္ေတာင္းသို႔ ခ်ီတက္တပ္စြဲလ်က္ ေနေလသည္။
အင္း၀စစ္ အလြန္ႀကီးမားသည္ကို သိသျဖင့္ တပ္ကို စစ္ေတာင္းသို႔ ျပန္ဆုတ္ခဲ့သည္။ ေနာက္စစ္ေတာင္းတြင္ ရွိေသာ ရိကၡာ၊စပါး တို႔ကို မီးတိုက္ဖ်က္စီးေစၿပီး ပန္းေက်ာ္ ထိဆုတ္ကာ တပ္တည္ေလသည္။
ယခင္အႀကိမ္အတိုင္း စစ္ျပဳ၍ အင္း၀တပ္ရိကၡာ ျပတ္ျပန္ရာ ဘုရင္မင္းေခါင္က အင္းပဲသူႀကီးကို ေစလြတ္ကာ ႏွစ္ဖက္ေသာ အမႈးအမတ္တို႔ကို သစၥာျပဳေစၿပီး စစ္ေျပၿငိမ္းမည့္အေၾကာင္း ရာဇသံေစလာသည္။ ရာဇာဓိရာဇ္ လည္း အေကာက္ႀကံကာ သစၥာျပဳမည္ကို လက္ခံေလသည္။
Credit