ဗီဇဆိုတာ ဖျောက်ရခက်တယ်
ကြောင်မတစ်ကောင်ဟာ ချောမောလှပတဲ့ လူရွယ်တစ်ယောက်ကို ချစ်မို့ အက်ဖရိုဒိုက် နတ်သမီးဆီမှာ သူ့ကို မိန်းကလေး အဖြစ် ပြောင်း လဲပေးဖို့ ဆု တောင်းပါတယ်.. နတ်သမီးက သူ့ရဲ့ အချစ်နာ ကျနေပုံကို သနားတာကြောင့် ချောမောလှပတဲ့ မိန်းကလေး အဖြစ် ဖန်ဆင်းပြောင်းလဲလိုက်တယ်..လူရွယ်ဟာ မိန်းကလေးကို မြင်တဲ့အခါ ချစ်ကြိုက်သွားပြီး လက်ထပ်လိုက်တယ်..သျှောင်နောက် ဆံထုံးပါ ဆိုသလို သူ့အိမ်မှာ လိုက်နေရတယ်..အိမ်မှာ သူတို့ နားနေခိုက် အက်ဖရိုဒိုက် နတ်သမီးဟာ လူမိန်းကလေးအဖြစ် ပြောင်းလဲထားတဲ့ကြောင်ကို လူလို အသိညဏ်ရှိမှ ရှိပါလေစလို့ စူးစမ်းချင်လာတယ်။
ဒါနဲ့ ကြွက်တစ်ကောင်ကို သူ့ရှေ့မှာ လွှတ်လိုက်သတဲ့..သူဟာ လူနဲ့ ညားနေပြီဆိုတာကို ရုတ်တရက်မေ့ပျောက်သွားတယ်..အိပ်ရာက ချက် ချင်းထပြီး ကြွက်ကို လိုက်ဖမ်းတယ်. . ကြွက်ကို တွေ့ပြန်တော့ စားချင်တာကိုး.. ဒါကြောင့် အက်ဖရိုဒိုက် နတ်သမီး က စိတ်ဆိုးပြီး နဂိုကြောင်ဘဝကို ပြန်ဖြစ်စေလိုက်တယ်..Moral – လူဆိုးတစ်ယောက်ဟာ အပြင်ပန်း ဟန်ပန်ပြောင်းလဲပေမယ့် သူ့အမူအကျင့်ကတော့ ရှိနေဦးမှာ ဖြစ်တယ်..။
Credit – PhooMyatChal