“တန်ဖိုးချင်းတော့ မတူနိုင်”

“တန်ဖိုးချင်းတော့ မတူနိုင်”

 

 

တစ်ခါတုန်းက သစ်ပင်တွေဟာ စကားပြောတတ်တယ်ဆိုပဲ။ စကားပြောတတ်တဲ့ သစ်ပင်တွေကို ပန်းပုဆရာတစ်ယောက်က ပန်းပုထုဖို့ ယူလာခဲ့တယ်။ခုတ်ထားတဲ့ သစ်သား တုံးတွေကို ပန်းပုထုတော့သစ်သားတုံးတစ်တုံးက အထုခံရ၊ အခုတ်ခံရ၊အထွင်းခံရ၊ အရိုက်ခံရ၊ အနှက်ခံရတော့”နာတယ်” ဆိုပြီး အော်တယ်။ဒါကြောင့် ပန်းပုဆရာဟာ အဲ့သစ်သားတုံးကိုအသေးစိတ် မွန်းမံမနေတော့ဘဲ တုံးမောင်းအဖြစ်နဲ့ပဲ ထားခဲ့လိုက်တော့တယ်။နောက်သစ်သားတုံးတစ်တုံးကျတော့ ဘယ်လောက် နာပေမယ့် သူ မအော်ဘဲ ကြိတ်မှိတ်သည်းခံပြီးတော့ နေခဲ့လိုက်တယ်။ ပန်းပုဆရာက အဲဒီသစ်တုံးကိုကျတော့လူသားတွေ အပူဇော်ခံမယ့် နတ်ဘုရားရုပ်တု အဖြစ် ထုခဲ့လိုက်တယ်။ လူသားတွေက တုံးမောင်းကို ခေါက်ပြီးနတ်ဘုရားရုပ်တုကို ပူဇော်တဲ့ အခါကျတော့တုံးမောင်းဖြစ်နေတဲ့ သစ်သားက အသည်းအသည် ငိုကြွေးတယ်။

 

 

 

သူတို့ဟာ အစပထမတုန်းက သစ်ပင်တွေ အတူတူ ဖြစ်ပါလျက်နဲ့ ခုကျမှ သူကျ အခေါက်ခံရပြီး ဟိုသစ်သားတုံးကျတော့ အပူဇော်ခံရတယ်ဆိုပြီး မကျေမနပ် ဖြစ်သွားတယ်။ဒါနဲ့ ပန်းပုဆရာကို ဘက်လိုက်တယ်ဆိုပြီးစွပ်စွဲလိုက်တယ်။ ဒီအချိန်မှာ နတ်ဘုရားရုပ်တု အဖြစ် ထုခံလိုက် ရတဲ့ သစ်သားက သူ့ကို ပြောတယ်။”မင်းကမှ သည်းမခံတာကိုး”ဟုတ်ပါတယ်။ လူသားတွေလည်း ကိုယ်ပိုင်လမ်းကြောင်းပေါ်ကိုတော့ သွားနေခဲ့ကြတာချင်းတူပါတယ်။ ဒါပေမယ့် အချို့က အောင်မြင်ကြတယ်။ တချို့က ဘာမှမဖြစ်ထွန်းကြဘူး။ တချို့က ဖြစ်တော့ ဖြစ် ထွန်းပါရဲ့၊ ဒါပေမယ့် အကျိုးဖြစ်ထွန်းမှု အားနည်းကြရတယ်။ဒါဟာ ဘာကြောင့် ဖြစ်ရတာလဲလို့ ဆန်းစစ်ကြည့်တော့ ခုနကပြောတဲ့ လော ကဓံရဲ့ ရိုက်ပုတ်မှုဒဏ်ကို အလူးအလဲ ခံရတဲ့အခါမှာ သည်းခံနိုင်မှု၊ သည်းမခံနိုင်မှုအပေါ်မှာ မူတည်ပြီးတော့ အကျိုးရလဒ်တွေလည်း ကွာ ခြားသွားတာမျိုး ဖြစ်ပါတယ်။

 

မူရင်း Credit

 

Post a Comment

0 Comments
* Please Don't Spam Here. All the Comments are Reviewed by Admin.