ကိုယ့်ဘဝကို တန်ဖိုးထားပါ

ကိုယ့်ဘဝကို တန်ဖိုးထားပါ

 

 

တခါတုန်းက..ပုရွက်ဆိတ် ၊ ခါချဉ် ၊ နှံကောင် တို့သည် သူငယ်ချင်းတွေဖြစ်ကြသတဲ့..။ ပုရွက်ဆိတ် လေးက ခါချဉ်ကို မေးလိုက်တယ်..ခါချဉ် မင်း ခန္ဓာကိုယ် က ငါ့ ထက်ကြီးတယ်..ငါ မင်းလို ခန္ဓာကိုယ် ကြီးပြီး သစ်ပင်အမြင့်ကြီး ပေါ်မှာနေချင်တယ်ကွာ..ငါ့ ခန္ဓာကိုယ် ကိုကြည့်ပြီး ငါ့ ဘဝကို ငါ အားမရဘူးကွာ..ပုရွက်ဆိတ်ကမေးတော့ ခါချဉ် စဉ်းစားသွားတယ်..ဒီကောင် ငါ့ကို အားကျနေတာပါလား..ခါချဉ်က နှံကောင်ကို ပုရွက်ဆိတ်သူ့ကို မေးခဲ့သလို မေးပြန်တယ်.. နှံကောင်က လည်း သူ့ကို ပုရွက်ဆိတ် နှံကောင်က အထင်ကြီးနေပါလားဆိုပြီး သဘောကျနေပါတယ်..ဒီလိုနဲ့..သူတို့ အဖွဲ့ထဲကို ပုတ်သင်ညို တကောင်ရောက်လာပြီး သူငယ်ချင်းတွေ ဖြစ်သွားကြတယ်..သူတို့ ၄ ကောင် တနေ့တော့ အတူတကွ ဆုံတွေ့ကြရင်း..ပုတ်သင်ညိုကို ခွန်အားကြီးကြောင်း၊ မြန်ဆန်ကြောင်း..ချီးမွမ်းကြပြန်တယ်..။

 

 

ပုတ်သင်ညိုက..သူငယ်ချင်းတို့..လောကမှာ မိမိဘ၀ မိမိရပ်တည်ချက် ကို စိတ်ပျက်အားငယ်ခြင်းက ကျရူံးခြင်းဖြစ်တယ်..ပုရွက်ဆိတ်မှာ ရှိတဲ့စွမ်းအား ငါ့မှာမရှိဘူး..ဒီလိုဘဲ နှံကောင်ရဲ့ အားသာချက်ကလည်း ငါ့မှာမရှိပါဘူး..တကောင်နဲ့ တကောင် အားသာချက် အားနည်းချက်တွေ မတူညီပါဘူး သူငယ်ချင်းတို့..မင်းတို့ကို ပုံပြင်လေးတစ်ပုဒ်ပြောပြမယ်..အင်အားကြီးတဲ့ ခြင်္သေ့တကောင်က ပိုက်ကွန်မှာ ဖမ်းမိနေခဲ့တာကို အင်အားနည်းပါးတဲ့ ကြွက်ကလေးက ပိုက်ကွန်ကို သူ့ရဲ့ချွန်ထက်လှတဲ့ သွား များဖြင့် ကိုက်ဖြတ်၍ ကယ်တင်ပေးခဲ့တာကို သူငယ်ချင်းတို့ကြားဖူးတယ်နော်..ဟုတ်ကြားဖူးပါတယ် လို့ ပြန်ဖြေကြတယ်..ပုတ်သင်ညိုက သူငယ်ချင်းတို့..ဒီနေ့ကစပြီး..ကိုယ့်ဘဝကိုတန်ဖိုးထားပါ..မိမိရဲ့အားနည်းချက်ကိုဘဲတွေးနေပြီး အားမငယ်ပါနဲ့..မနက်ဖြန် တိုင်းကိုမျှော်လင့်ချက်ဖြင့် အသက်ရှင်ပါ..မိမိကိုယ်သာ အားကိုးရာဖြစ်ပါစေ.. သူများဘဝကိုကြည့်ပြီး မိမိဘဝကိုအားမငယ်ပါနဲ့..မိမိဘဝနဲ့ သူများဘဝကိုမနှိုင်းယှဉ်ပါနဲ့..မဖြစ်နိူင်ဘူးဆိုတာကို ဘယ်တော့မှမတွေးပါနဲ့.. သူငယ်ချင်းတွေကို ပုတ်သင်ညိုက အကြံပေးတော့..ပုရွက်ဆိတ်၊ ခါချဉ် ၊ နှံကောင်တို့ သည် နားလည်သဘောပေါက်သွားပြီး မိမိဘဝကို တန်ဖိုးထားသွားကြပါတော့တယ်..။ ကိုယ့်ဘဝကို တန်းဖိုးထားတက်သူများ ဖြစ်နိုင်ကြပါစေ..။

 

Credit – ဇင်းနစ် မကွေး

Post a Comment

0 Comments
* Please Don't Spam Here. All the Comments are Reviewed by Admin.