နတ်တို့ပေးသောအစွမ်းထက်ဂါထာသုံးပုဒ်ပိုင်ရှင်သမိန်ထောရာမနှင့်ဘုရင့်နောင်
အေဒီ (၁၅၅၀ )ဧပြီလ ၃၀ တွင် ဟံသာ၀တီဘုရင် တပင်ရွှေထီး ကို သမိန်စောထွတ် လုပ်ကြံခဲ့သည်။ ထိုအချိန်တွင် ဘုရင့်နောင်သည် တာ၀န်ဖြင့် ဒလ သို့ စစ်တပ်နှင့်တကွ ရောက်ရှိနေချိန် ဖြစ်သည်။
ထို့နောက် သမိန်စောထွတ်သည် ဟံသာ၀တီတွင် သမိန်စက္ကဝေါ ဟူသော ဘွဲ့ကို ခံယူကာ နန်းတက်သည်။
သို့သော် များမကြာမီကာလတွင် ဟံသာ၀တီမင်းမျိုးမင်းဆက် မှန်သော ဗညားရမ်းမင်း၏ သားတော် ဘုန်းကြီးလူထွက် သမိန်ထောရာမကိုမှူးမတ်ဗိုလ်ပါများက နန်းတင်ပေးကာ သမိန်စက္ကဝေါ ကို ဖြုတ်ချခဲ့သည်။
အမှန်စင်စစ် သမိန်ထောသည် ဗညားရမ်းမင်း၏ မိဖုရားငယ်တစ်ပါးမှ မြင်သောသား သာဖြစ်ပါသည်။ဤသို့ဖြင့် ဟံသာ၀တီရာဇပလ္လင် ကို သမိန်ထောရာမ ရရှိကာ အုပ်ချုပ်နိုင်ခဲ့သည်။
တချို့သောသမိုင်းဒဏ္ဍရီအလိုအရသမိန်ထောရာမသည်
နတ်တို့ပေးထားသောအစွမ်းထက်ဂါထာဖြင့်မည်သည့်အနာဒါဏ်ရာကိုမဆိုရေဖြင့်မန်းမှုတ်ယုံဖြင့်ချက်ခြင်းပျောက်ကင်းသူအဖြစ်အစွမ်းရှိသည်ဟုဆိုကြသည်။
သက္ကရာဇ် (၉၉၁ )ခုတွင် ဗညားရမ်းမင်း၏ အိမ်နိမ့်တွင် မြင်သော သမိန်ထောရာမ သည် အဖ မရှိသည့်နောက် လှည့်လည်သွားလာနေရာမှ ရှင်ပြု ၊ နောက် ရဟန်းခံ လေသည်။
တစ်ည၌ ညောင်ပင်တစ်ပင်အောက်တွင် ပရိမေတ္တာ စီးဖြန်းနေစဉ် ရုက္ခစိုးနတ် ဆင်းလာ၍ ” ဟံသာဝတီ တွင် မင်းပြုလိုလျှင် သီလကို စင်ကြယ်စွာ ထိန်းလေ ” ဟု ဆိုလာသည် ဆိုသည်။
ထိုအခါကစ၍ သီလကို စင်ကြယ်စွာ စောင့်ထိန်းလေသည်။နောက်နှစ်လ သုံးလခန့်ကြာသော် အိပ်မက်သည်ကား မြစ်နားသို့သွားလျှင် မိကျောင်း ပေါ်လိမ့်မည် ။၎င်းမိချောင်းစီး၍ အနောက်ဘက်ကို ကူးလျှင် ကညင်ပင် တစ်ပင်ထက်က ဥဒေါင်း ကြော်လိမ့်မည် ။
ထိုသစ်ပင်ကို စင်ရော် ဝဲလိမ့်မည်၊ ထိုအပင်၏ အရှေ့ တစ်တောင်ကွာတွင် အနက် သုံးတောင်တူးလျှင် ရွှေပေနှင့် ရေးလျက် သုံးပုဒ်သောဂါထာ ရှိသည်။
– ပထမ ဂါထာ အကျိုးကား ရှိန်းဆာယာ ကိုယ်ပြောင်း ကိုယ်ခွာ ရနိုင်သည်။
– ဒုတိယ ဂါထာမှာ ဓား ၊ လှံ ၊ သေနတ် ၊ တုတ် စသည် ပြီးသည်။
– တတိယ ဂါထာမှာ ခြေကျိုး ၊ လက်ကျိုး ၊ ဓား ၊ လှံ၊ဒါဏ်ရာများကို ရေမန်း၍ သောက်လျှင် ပြကတေ့ (အကောင်းတိုင်း)ပျေက်ကင်းနိုင်သည်။
– ၎င်းပြင် စပါး ၊ ပြောင်း ၊ ပဲ ၊ ဘူး ၊ ဖရုံ စသည် စိုက်ပျိုးရာ၌ ဂါထာရွတ်၍ရေကိုမန်း၍ ပက်လျှင် ဆယ်ဆ ဆယ်ပြန်တိုး၍ သီးပွင့်သည်။
– ထိုဂါထာများကို နေ့ချင်း ညချင်းရအောင် ကျက်ပြီးလျှင် မြှုပ်မြဲ ပြန်မြှုပ်ထား ခဲ့ရမည်ဟုမြင်မက်လေ၏။
အိပ်မက်အရသွားရာ မိကျောင်းပေါ်လျှင် ပထမအကြိမ်တွေဝေချင့်ချိန်နေ၍ မစီးဖြစ်။
ဒုတိယအကြိမ် စီးမည်ပြုစဉ် စိတ်ပေါ့သွပ်သော ရဟန်း မိကျောင်း စီးမည်ထင်၍ လူသုံးယောက် ဝိုင်းဆွဲတားသောကြောင့် မစီးဖြစ်။
တတိယအကြိမ်မှ အရဲစွန့်၍ စီးဖြစ်သည်။အနောက်ဘက်ကမ်း၌ အိပ်မက်အတိုင်း တွေ့ရှိ၏။ ဂါထာသုံးပုဒ်ကို ကျက်မှတ်၍ ရွှေပေကို ပြန်မြှုပ်ပြီးလျှင် ထိုမိကျောင်းကိုပင် စီး၍ ပြန်ကူးခဲ့ရာ မြစ်လယ်၌ လေကြီးမိုးကြီးကျ၍ တစ်မြစ်လုံး မှောင်မိုက်ခဲ့လေ၏။
ထိုအခါ စိတ်၌တုန်လှုပ်ခြင်း ပြင်းစွာဖြစ်၍ ပထမ ၊ ဒုတိယ ဂါထာ နှစ်ပုဒ်ကို မေ့လေတော့သည်။ တတိယ ဂါထာကိုသာ မှတ်မိလေတော့သည်။သမိန်ထောရာမသည်အလွန်ဇွဲသတ္တိကောင်းလှသူအဖြစ်လည်းကျော်ကြားလှသည်။
ထိုသို့ ဟံသာ၀တီတွင် အချင်းများနေကြစဉ်တွင် ဘုရင့်နောင်သည် တပင်ရွှေထီး နတ်ရွာစံပြီးကတည်းက အကွဲကွဲအပြားပြား ဖြစ်သွားသော ပြည်၊တောင်ငူ၊အင်း၀ တို့ကို ပင်ပန်းကြီးစွာ သွားရောက်တိုက်ခိုက်ကာ စုစည်းနေရသည်။
များမကြာမီတွင် ဘုရင့်နောင်၏ တပ်မတော်ကြီးသည် ဟံသာ၀တီ နေပြည်တော်ဘက်သို့ စစ်ဦးလှည့်လာခဲ့သည်။သမိန်ထောရာမ သည် ဘုရင့်နောင်ကို မကြောက်မရွံဘဲ သူ၏ ဟံသာ၀တီတပ် နှင့်တကွ ပြန်လည် တွန်းလှန်ရန် ပြင်ဆင်ခဲ့သည်။
သမိန်စက္ကဝေါကို အနိုင်ယူသကဲ့သို့ ဘုရင့်နောင်ကိုလည်း အောင် မြင်မည်ဟု ယုံကြည်ကာ သွေးကြွလျက်ရှိသည်။ဘုရင့်နောင်လည်း ဥပေါသထဆင်ကိုစီးကာ သမိန်ထောရာမနှင့် စီးချင်းတိုက်ရန် ပြင်ဆင်နေစဉ် ကုန်းလယ်စီး စတုရင်္ဂသူက ” မြင်းတပ်များကို လက်ဝဲလက်ယာ နှစ်ဖက်စေလွတ်ပြီး ဟံသာ၀တီမြို့ကို မီးတိုက်လျှင် ဟံသာဝတီစစ်သည်တို့ စိတ်ဓါတ်ကျမည်။
ထိုသို့စိတ်ဓါတ်ကျလျှင် စစ်ကို လွယ်ကူစွာနိုင်မည် “ဟုလျှောက်တင်သဖြင့် မြင်းတပ်များကို နှစ်ဖွဲ့ခွဲကာ ဟံသာ၀တီကို မီးတိုက်ရန်စေလွတ်သည်။ ထိုသို့ မီးတိုက်ရာ မွန်စစ်သည်တို့လည်း မိမိတို့အိမ်ကို စိုးရိမ်ကာစိတ်ဓါတ်ကျလေတော့သည်။
သမိန်ထောရာမလည်း ချစ်ချင်း အမည်ရှိဆင်ကိုစီးကာ ဘုရင့်နောင်နှင့် စီးချင်းတိုက်ရန် လာလေသည်။ဘုရင့်နောင်လည်း ဆင်တော် ဥပေါသထ ပေါ်မှအသင့်စောင့်ပြီး ရွှေပြားခတ်အင်းပြားကို ဆင်ဦးကင်းတွင် တင်ကာ ရေခရားဖြင့် မြေကိုလောင်းပြီး သစ္စာဆိုလေသည်။။
ထိုစဉ် ရုတ်တရက် လက်ထဲမှ ရေခရားလွတ်ကျကာ မြေသို့ခ လေ၏။ ဘုရင့်နောင် လည်း စိတ်တော် ငြိုငြင်ကာ မျက်နှာပျက်လေ၏။ထိုအခါ (သမိန်မရူ )မည်သော မွန်အမတ်က မင်းကြီးအနီးသို့ ဆင်ဖြင့်ကပ်လာပြီး လက်အုပ်ချီကာ
” ယခုပင် တိုက်တော်မူလော့ မင်းကြီး၊ သမိန်ထော ကို အောင်မြင်ကာ ရေ နှင့် မြေ ကို အစိုးရ မည့် နိမိတ်ဖြစ်ပါသည်။” ဟုလျှောက်တင်လေ၏။
သမိန်ထောရာမ သည် ဘုရင့်နောင်၏ ညီတော်များ ဆီးကြို၍ တိုက်သည်ကို လက်မခံဘဲ ဘုရင့်နောင် ဆီသို့သာ လှံရှည်ကို ၀င့်၍ တရွေ့ရွေ့ ဦးတည်လာလေသည်။
ဘုရင့်နောင် နှင့် သမိန်ထောရာမ တို့ စီးချင်းတွေ့သည့် အချိန်တွင် ရုတ်တရက် ကောင်းကင်တစ်ခုလုံး မိုးသားများဖြင့် မည်းမှောင်လာကာ စီးချင်းထိုးမည့် နေရာသို့သာ နေရောင်ဖြာလျက် ရှိသည် ဆို၏။
သူတို့၏ ဦးခေါင်းများ အပေါ်၌ လည်း ငှက်များစွာတို့သည် အသံကုန် အော်ဟစ်ကာ လူးလားခေါက်တုံ့ ပျံသန်းနေကြသည်ဟု လည်း မှတ်တမ်းများက ဆိုသည်။
ထိုသို့ တိုက်ကြစဉ် ဥပေါသထဆင်၏ အစွယ်သည် ချစ်ချင်းကိုယ်ထဲသို့ စွယ်လုံးကျွံအောင်ထိုးမိသဖြင့် ချစ်ချင်းဆင်ပြိုလဲပြီး ဘုရင့်နောင်က ချွန်းဖြင့်ရိုက်ရာသမိန်ထောရာမ လည်းကျောတွင် ဒဏ်ရာကြီးစွာရသည်။
ဥပေါသထဆင်လည်း အစွယ်ကျိုးသည်။အစွယ် ကျိုးသည်ကို ဒဏ်ရာပြင်းစွာ ရသည် အထင်ဖြင့်သမိန်ထောရာမ၏ အမတ် သမိန်ဇိပ်ဗြဲလည်း စွယ်လမန်ဆင်ဖြင့် ဘုရင့်နောင်ကို နောက်မှ နေ၍ အလစ်၀င်တိုက်သည်။
ဥပေါသထ ဆင်ပြန်လှည့်တိုက်သဖြင့် စွယ်လမန် ဆင်လဲရပြန်သည်။ထိုအခါ ဒဏ်ရာရနေသော သမိန်ထော ကို ကယ်တင်ရန် သမိန်အဲနရဲ သည် ဗြတ်ကြီးဟူသည့်ဆင်ကို ထီးဖြူဖွင့်ကာ ကုန်းလယ်၊ နောက်ပဲ့နှင့် တကွ လွှတ်သော်လည်း ဘုရင့်နောင်၏ညီတော် မင်းရဲကျော်ထင်က ဆီးကြိုတိုက်သဖြင့် ဗြတ်ကြီးဆင်လှည့်ပြေးရသည်။
သမိန်ထောရာမလည်း အခြေအနေမဟန်သဖြင့် မြင်းဖြင့် ဟံသာ၀တီသို့ပြေးကာ ဟံသာ၀တီမြို့တွင်းမှ ခုခံရန် ကြံသည်။
သို့သော် ဘုရင့်နောင်၏ မြင်းတပ်များက ဟံသာ၀တီတွင် မီးတိုက်ပြီးဖြစ်သဖြင့် ဟံသာ၀တီသို့ မ၀င်နိုင်တော့ပဲ ရသမျှအင်အားကိုစုပြီး အနောက်ဖက်သို့ပြေးလေတော့သည်။
သို့ဖြင့် ဟံသာ၀တီလည်း ဘုရင့်နောင်၏ လက်အောက်ရောက်လေသည်။ဘုရင့်နောင်မင်းကြီး ဟံသာ၀တီတွင် နန်းတက်၍ တစ်နှစ်ခန့်အကြာတွင် သမိန်ထောရာမ ကို ဇရွဲအုံနယ်မှ ကရင် ရွာသူကြီးက ဖမ်းဆီးကာ လာရောက်ဆက်သည်။
အချို့သောရာဇဝင်များတွင် သမိန်ထောရာမ တွင်နတ်တို့ပေးသည့် အစွမ်းထက်သော ဂါထာရှိသည်။ ထိုဂါထာကို ရေတွင်မန်းပြီးသုံးလျှင် သီးနှံတို့ ဆယ်ဆပိုသီးသည်၊ အနာမှန်သမျှ ချက်ချင်းပျောက်သည်ဟု ဆိုသည်။
ထိုကြောင့် သမိန်ထောရာမသည် ဘုရင့်နောင်အားပရိယာယ်ဖြင့်အလစ်တွင်လုပ်ကြံနိုင်ရန်မိမိဒူးကို ကိုယ်တိုင်ပြန်ချိုးကာ ကရင်သူကြီးထံ ဟန်ဆောင်အဖမ်းခံခြင်းဖြစ်သည်ဟုဆိုကြသည်။
နောက် ဘုရင့်နောင်ရှေ့ရောက်လျှင် ပရိယာယ်ဖြင့် ရေသောက်ရန် ရေတောင်းပြီးမန်းကာ ဒူးကိုလောင်းသည်။ သို့သော် နတ်တို့ပေးထားသောဂါထာသည်ဘုန်းကံကြီးသောဘုရင့်နောင်ရှေ့တွင်အစွမ်းမထက်တော့ချေ။
ဂါထာအစွမ်းမပြ၍ဒူးပြန်မဆက်သဖြင့် သမိန်ထောကငိုယိုကြောင်းဆိုကြသည်။ ဘုရင့်နောင်မင်းတရားသည်ရန်ငြိုးရန်စ မထားလိုသည့်အလျောက်သမိန်ထောရာမကိုကွပ်မျက်လိုက်လေတော့သည်။
Credit
Zawgyi
နတ္တို႔ေပးေသာအစြမ္းထက္ဂါထာသုံးပုဒ္ပိုင္ရွင္သမိန္ေထာရာမႏွင့္ဘုရင့္ေနာင္
ေအဒီ (၁၅၅၀ )ဧၿပီလ ၃၀ တြင္ ဟံသာ၀တီဘုရင္ တပင္ေ႐ႊထီး ကို သမိန္ေစာထြတ္ လုပ္ႀကံခဲ့သည္။ ထိုအခ်ိန္တြင္ ဘုရင့္ေနာင္သည္ တာ၀န္ျဖင့္ ဒလ သို႔ စစ္တပ္ႏွင့္တကြ ေရာက္ရွိေနခ်ိန္ ျဖစ္သည္။
ထို႔ေနာက္ သမိန္ေစာထြတ္သည္ ဟံသာ၀တီတြင္ သမိန္စကၠေဝါ ဟူေသာ ဘြဲ႕ကို ခံယူကာ နန္းတက္သည္။
သို႔ေသာ္ မ်ားမၾကာမီကာလတြင္ ဟံသာ၀တီမင္းမ်ိဳးမင္းဆက္ မွန္ေသာ ဗညားရမ္းမင္း၏ သားေတာ္ ဘုန္းႀကီးလူထြက္ သမိန္ေထာရာမကိုမႉးမတ္ဗိုလ္ပါမ်ားက နန္းတင္ေပးကာ သမိန္စကၠေဝါ ကို ျဖဳတ္ခ်ခဲ့သည္။
အမွန္စင္စစ္ သမိန္ေထာသည္ ဗညားရမ္းမင္း၏ မိဖုရားငယ္တစ္ပါးမွ ျမင္ေသာသား သာျဖစ္ပါသည္။ဤသို႔ျဖင့္ ဟံသာ၀တီရာဇပလႅင္ ကို သမိန္ေထာရာမ ရရွိကာ အုပ္ခ်ဳပ္နိုင္ခဲ့သည္။
တခ်ိဳ႕ေသာသမိုင္းဒ႑ရီအလိုအရသမိန္ေထာရာမသည္
နတ္တို႔ေပးထားေသာအစြမ္းထက္ဂါထာျဖင့္မည္သည့္အနာဒါဏ္ရာကိုမဆိုေရျဖင့္မန္းမႈတ္ယုံျဖင့္ခ်က္ျခင္းေပ်ာက္ကင္းသူအျဖစ္အစြမ္းရွိသည္ဟုဆိုၾကသည္။
သကၠရာဇ္ (၉၉၁ )ခုတြင္ ဗညားရမ္းမင္း၏ အိမ္နိမ့္တြင္ ျမင္ေသာ သမိန္ေထာရာမ သည္ အဖ မရွိသည့္ေနာက္ လွည့္လည္သြားလာေနရာမွ ရွင္ျပဳ ၊ ေနာက္ ရဟန္းခံ ေလသည္။
တစ္ည၌ ေညာင္ပင္တစ္ပင္ေအာက္တြင္ ပရိေမတၱာ စီးျဖန္းေနစဥ္ ႐ုကၡစိုးနတ္ ဆင္းလာ၍ ” ဟံသာဝတီ တြင္ မင္းျပဳလိုလွ်င္ သီလကို စင္ၾကယ္စြာ ထိန္းေလ ” ဟု ဆိုလာသည္ ဆိုသည္။
ထိုအခါကစ၍ သီလကို စင္ၾကယ္စြာ ေစာင့္ထိန္းေလသည္။ေနာက္ႏွစ္လ သုံးလခန႔္ၾကာေသာ္ အိပ္မက္သည္ကား ျမစ္နားသို႔သြားလွ်င္ မိေက်ာင္း ေပၚလိမ့္မည္ ။၎မိေခ်ာင္းစီး၍ အေနာက္ဘက္ကို ကူးလွ်င္ ကညင္ပင္ တစ္ပင္ထက္က ဥေဒါင္း ေၾကာ္လိမ့္မည္ ။
ထိုသစ္ပင္ကို စင္ေရာ္ ဝဲလိမ့္မည္၊ ထိုအပင္၏ အေရွ႕ တစ္ေတာင္ကြာတြင္ အနက္ သုံးေတာင္တူးလွ်င္ ေ႐ႊေပႏွင့္ ေရးလ်က္ သုံးပုဒ္ေသာဂါထာ ရွိသည္။
– ပထမ ဂါထာ အက်ိဳးကား ရွိန္းဆာယာ ကိုယ္ေျပာင္း ကိုယ္ခြာ ရနိုင္သည္။
– ဒုတိယ ဂါထာမွာ ဓား ၊ လွံ ၊ ေသနတ္ ၊ တုတ္ စသည္ ၿပီးသည္။
– တတိယ ဂါထာမွာ ေျခက်ိဳး ၊ လက္က်ိဳး ၊ ဓား ၊ လွံ၊ဒါဏ္ရာမ်ားကို ေရမန္း၍ ေသာက္လွ်င္ ျပကေတ့ (အေကာင္းတိုင္း)ေပ်က္ကင္းနိုင္သည္။
– ၎ျပင္ စပါး ၊ ေျပာင္း ၊ ပဲ ၊ ဘူး ၊ ဖ႐ုံ စသည္ စိုက္ပ်ိဳးရာ၌ ဂါထာ႐ြတ္၍ေရကိုမန္း၍ ပက္လွ်င္ ဆယ္ဆ ဆယ္ျပန္တိုး၍ သီးပြင့္သည္။
– ထိုဂါထာမ်ားကို ေန႕ခ်င္း ညခ်င္းရေအာင္ က်က္ၿပီးလွ်င္ ျမႇုပ္ၿမဲ ျပန္ျမႇုပ္ထား ခဲ့ရမည္ဟုျမင္မက္ေလ၏။
အိပ္မက္အရသြားရာ မိေက်ာင္းေပၚလွ်င္ ပထမအႀကိမ္ေတြေဝခ်င့္ခ်ိန္ေန၍ မစီးျဖစ္။
ဒုတိယအႀကိမ္ စီးမည္ျပဳစဥ္ စိတ္ေပါ့သြပ္ေသာ ရဟန္း မိေက်ာင္း စီးမည္ထင္၍ လူသုံးေယာက္ ဝိုင္းဆြဲတားေသာေၾကာင့္ မစီးျဖစ္။
တတိယအႀကိမ္မွ အရဲစြန႔္၍ စီးျဖစ္သည္။အေနာက္ဘက္ကမ္း၌ အိပ္မက္အတိုင္း ေတြ႕ရွိ၏။ ဂါထာသုံးပုဒ္ကို က်က္မွတ္၍ ေ႐ႊေပကို ျပန္ျမႇုပ္ၿပီးလွ်င္ ထိုမိေက်ာင္းကိုပင္ စီး၍ ျပန္ကူးခဲ့ရာ ျမစ္လယ္၌ ေလႀကီးမိုးႀကီးက်၍ တစ္ျမစ္လုံး ေမွာင္မိုက္ခဲ့ေလ၏။
ထိုအခါ စိတ္၌တုန္လႈပ္ျခင္း ျပင္းစြာျဖစ္၍ ပထမ ၊ ဒုတိယ ဂါထာ ႏွစ္ပုဒ္ကို ေမ့ေလေတာ့သည္။ တတိယ ဂါထာကိုသာ မွတ္မိေလေတာ့သည္။သမိန္ေထာရာမသည္အလြန္ဇြဲသတၱိေကာင္းလွသူအျဖစ္လည္းေက်ာ္ၾကားလွသည္။
ထိုသို႔ ဟံသာ၀တီတြင္ အခ်င္းမ်ားေနၾကစဥ္တြင္ ဘုရင့္ေနာင္သည္ တပင္ေ႐ႊထီး နတ္႐ြာစံၿပီးကတည္းက အကြဲကြဲအျပားျပား ျဖစ္သြားေသာ ျပည္၊ေတာင္ငူ၊အင္း၀ တို႔ကို ပင္ပန္းႀကီးစြာ သြားေရာက္တိုက္ခိုက္ကာ စုစည္းေနရသည္။
မ်ားမၾကာမီတြင္ ဘုရင့္ေနာင္၏ တပ္မေတာ္ႀကီးသည္ ဟံသာ၀တီ ေနျပည္ေတာ္ဘက္သို႔ စစ္ဦးလွည့္လာခဲ့သည္။သမိန္ေထာရာမ သည္ ဘုရင့္ေနာင္ကို မေၾကာက္မ႐ြံဘဲ သူ၏ ဟံသာ၀တီတပ္ ႏွင့္တကြ ျပန္လည္ တြန္းလွန္ရန္ ျပင္ဆင္ခဲ့သည္။
သမိန္စကၠေဝါကို အနိုင္ယူသကဲ့သို႔ ဘုရင့္ေနာင္ကိုလည္း ေအာင္ ျမင္မည္ဟု ယုံၾကည္ကာ ေသြးႂကြလ်က္ရွိသည္။ဘုရင့္ေနာင္လည္း ဥေပါသထဆင္ကိုစီးကာ သမိန္ေထာရာမႏွင့္ စီးခ်င္းတိုက္ရန္ ျပင္ဆင္ေနစဥ္ ကုန္းလယ္စီး စတုရဂၤသူက ” ျမင္းတပ္မ်ားကို လက္ဝဲလက္ယာ ႏွစ္ဖက္ေစလြတ္ၿပီး ဟံသာ၀တီၿမိဳ႕ကို မီးတိုက္လွ်င္ ဟံသာဝတီစစ္သည္တို႔ စိတ္ဓါတ္က်မည္။
ထိုသို႔စိတ္ဓါတ္က်လွ်င္ စစ္ကို လြယ္ကူစြာနိုင္မည္ “ဟုေလွ်ာက္တင္သျဖင့္ ျမင္းတပ္မ်ားကို ႏွစ္ဖြဲ႕ခြဲကာ ဟံသာ၀တီကို မီးတိုက္ရန္ေစလြတ္သည္။ ထိုသို႔ မီးတိုက္ရာ မြန္စစ္သည္တို႔လည္း မိမိတို႔အိမ္ကို စိုးရိမ္ကာစိတ္ဓါတ္က်ေလေတာ့သည္။
သမိန္ေထာရာမလည္း ခ်စ္ခ်င္း အမည္ရွိဆင္ကိုစီးကာ ဘုရင့္ေနာင္ႏွင့္ စီးခ်င္းတိုက္ရန္ လာေလသည္။ဘုရင့္ေနာင္လည္း ဆင္ေတာ္ ဥေပါသထ ေပၚမွအသင့္ေစာင့္ၿပီး ေ႐ႊျပားခတ္အင္းျပားကို ဆင္ဦးကင္းတြင္ တင္ကာ ေရခရားျဖင့္ ေျမကိုေလာင္းၿပီး သစၥာဆိုေလသည္။။
ထိုစဥ္ ႐ုတ္တရက္ လက္ထဲမွ ေရခရားလြတ္က်ကာ ေျမသို႔ခ ေလ၏။ ဘုရင့္ေနာင္ လည္း စိတ္ေတာ္ ၿငိဳျငင္ကာ မ်က္ႏွာပ်က္ေလ၏။ထိုအခါ (သမိန္မ႐ူ )မည္ေသာ မြန္အမတ္က မင္းႀကီးအနီးသို႔ ဆင္ျဖင့္ကပ္လာၿပီး လက္အုပ္ခ်ီကာ
” ယခုပင္ တိုက္ေတာ္မူေလာ့ မင္းႀကီး၊ သမိန္ေထာ ကို ေအာင္ျမင္ကာ ေရ ႏွင့္ ေျမ ကို အစိုးရ မည့္ နိမိတ္ျဖစ္ပါသည္။” ဟုေလွ်ာက္တင္ေလ၏။
သမိန္ေထာရာမ သည္ ဘုရင့္ေနာင္၏ ညီေတာ္မ်ား ဆီးႀကိဳ၍ တိုက္သည္ကို လက္မခံဘဲ ဘုရင့္ေနာင္ ဆီသို႔သာ လွံရွည္ကို ၀င့္၍ တေ႐ြ႕ေ႐ြ႕ ဦးတည္လာေလသည္။
ဘုရင့္ေနာင္ ႏွင့္ သမိန္ေထာရာမ တို႔ စီးခ်င္းေတြ႕သည့္ အခ်ိန္တြင္ ႐ုတ္တရက္ ေကာင္းကင္တစ္ခုလုံး မိုးသားမ်ားျဖင့္ မည္းေမွာင္လာကာ စီးခ်င္းထိုးမည့္ ေနရာသို႔သာ ေနေရာင္ျဖာလ်က္ ရွိသည္ ဆို၏။
သူတို႔၏ ဦးေခါင္းမ်ား အေပၚ၌ လည္း ငွက္မ်ားစြာတို႔သည္ အသံကုန္ ေအာ္ဟစ္ကာ လူးလားေခါက္တုံ႕ ပ်ံသန္းေနၾကသည္ဟု လည္း မွတ္တမ္းမ်ားက ဆိုသည္။
ထိုသို႔ တိုက္ၾကစဥ္ ဥေပါသထဆင္၏ အစြယ္သည္ ခ်စ္ခ်င္းကိုယ္ထဲသို႔ စြယ္လုံးကြၽံေအာင္ထိုးမိသျဖင့္ ခ်စ္ခ်င္းဆင္ၿပိဳလဲၿပီး ဘုရင့္ေနာင္က ခြၽန္းျဖင့္ရိုက္ရာသမိန္ေထာရာမ လည္းေက်ာတြင္ ဒဏ္ရာႀကီးစြာရသည္။
ဥေပါသထဆင္လည္း အစြယ္က်ိဳးသည္။အစြယ္ က်ိဳးသည္ကို ဒဏ္ရာျပင္းစြာ ရသည္ အထင္ျဖင့္သမိန္ေထာရာမ၏ အမတ္ သမိန္ဇိပ္ၿဗဲလည္း စြယ္လမန္ဆင္ျဖင့္ ဘုရင့္ေနာင္ကို ေနာက္မွ ေန၍ အလစ္၀င္တိုက္သည္။
ဥေပါသထ ဆင္ျပန္လွည့္တိုက္သျဖင့္ စြယ္လမန္ ဆင္လဲရျပန္သည္။ထိုအခါ ဒဏ္ရာရေနေသာ သမိန္ေထာ ကို ကယ္တင္ရန္ သမိန္အဲနရဲ သည္ ျဗတ္ႀကီးဟူသည့္ဆင္ကို ထီးျဖဴဖြင့္ကာ ကုန္းလယ္၊ ေနာက္ပဲ့ႏွင့္ တကြ လႊတ္ေသာ္လည္း ဘုရင့္ေနာင္၏ညီေတာ္ မင္းရဲေက်ာ္ထင္က ဆီးႀကိဳတိုက္သျဖင့္ ျဗတ္ႀကီးဆင္လွည့္ေျပးရသည္။
သမိန္ေထာရာမလည္း အေျခအေနမဟန္သျဖင့္ ျမင္းျဖင့္ ဟံသာ၀တီသို႔ေျပးကာ ဟံသာ၀တီၿမိဳ႕တြင္းမွ ခုခံရန္ ႀကံသည္။
သို႔ေသာ္ ဘုရင့္ေနာင္၏ ျမင္းတပ္မ်ားက ဟံသာ၀တီတြင္ မီးတိုက္ၿပီးျဖစ္သျဖင့္ ဟံသာ၀တီသို႔ မ၀င္နိုင္ေတာ့ပဲ ရသမွ်အင္အားကိုစုၿပီး အေနာက္ဖက္သို႔ေျပးေလေတာ့သည္။
သို႔ျဖင့္ ဟံသာ၀တီလည္း ဘုရင့္ေနာင္၏ လက္ေအာက္ေရာက္ေလသည္။ဘုရင့္ေနာင္မင္းႀကီး ဟံသာ၀တီတြင္ နန္းတက္၍ တစ္ႏွစ္ခန့္အၾကာတြင္ သမိန္ေထာရာမ ကို ဇ႐ြဲအုံနယ္မွ ကရင္ ႐ြာသူႀကီးက ဖမ္းဆီးကာ လာေရာက္ဆက္သည္။
အခ်ိဳ႕ေသာရာဇဝင္မ်ားတြင္ သမိန္ေထာရာမ တြင္နတ္တို႔ေပးသည့္ အစြမ္းထက္ေသာ ဂါထာရွိသည္။ ထိုဂါထာကို ေရတြင္မန္းၿပီးသုံးလွ်င္ သီးႏွံတို႔ ဆယ္ဆပိုသီးသည္၊ အနာမွန္သမွ် ခ်က္ခ်င္းေပ်ာက္သည္ဟု ဆိုသည္။
ထိုေၾကာင့္ သမိန္ေထာရာမသည္ ဘုရင့္ေနာင္အားပရိယာယ္ျဖင့္အလစ္တြင္လုပ္ႀကံနိုင္ရန္မိမိဒူးကို ကိုယ္တိုင္ျပန္ခ်ိဳးကာ ကရင္သူႀကီးထံ ဟန္ေဆာင္အဖမ္းခံျခင္းျဖစ္သည္ဟုဆိုၾကသည္။
ေနာက္ ဘုရင့္ေနာင္ေရွ႕ေရာက္လွ်င္ ပရိယာယ္ျဖင့္ ေရေသာက္ရန္ ေရေတာင္းၿပီးမန္းကာ ဒူးကိုေလာင္းသည္။ သို႔ေသာ္ နတ္တို႔ေပးထားေသာဂါထာသည္ဘုန္းကံႀကီးေသာဘုရင့္ေနာင္ေရွ႕တြင္အစြမ္းမထက္ေတာ့ေခ်။
ဂါထာအစြမ္းမျပ၍ဒူးျပန္မဆက္သျဖင့္ သမိန္ေထာကငိုယိုေၾကာင္းဆိုၾကသည္။ ဘုရင့္ေနာင္မင္းတရားသည္ရန္ၿငိဳးရန္စ မထားလိုသည့္အေလ်ာက္သမိန္ေထာရာမကိုကြပ္မ်က္လိုက္ေလေတာ့သည္။
Credit