​​ကေတုမတီ(ဒုတိယမြန်မာနိုင်ငံတော်)ကို စတင်တည်ထောင်သူ မင်းကြီးညို အကြောင်း

​​ကေတုမတီ(ဒုတိယမြန်မာနိုင်ငံတော်)ကို စတင်တည်ထောင်သူ မင်းကြီးညို အကြောင်း

 

 

 

မဟာသီရိဇေယျသူရဘွဲ့ခံ မင်းကြီးညို (အေဒီ ၁၄၈၅-၁၅၃၀၊ မြန်မာသက္ကရာဇ် ၈၄၇-၈၉၂)သည် ဦးရီးတော် မင်းစည်သူအား လုပ်ကြံနန်းချပြီး တောင်ငူနန်းကို သက္ကရာဇ် ၈၄၇ တွင်စိုးစံသည်။

ဦးရီးတော်က ၎င်း၏သမီးတော် စိုးမင်းနှင့် လက်ဆက်ပေးရန် သဘောမတူသဖြင့် ဦးရီးတော်ကို သတ်သည်ဟု ဆိုသည်။ နန်းတက်လျှင် စိုးမင်းကိုမိဖုရားအရာထားသည်။

နန်းတက်ချိန်တွင် အင်းဝထီးနန်းကို စိုးစံနေသည့် ဒုတိယမင်းခေါင်အား “ကျွန်တော် မင်းကြီးညိုတောင်ငူထီးနန်းကိုစိုးစံနေပါပြီ”ဟု ဆင်ပေါက်ဆယ်စီး နှင့်လျှောက်တင်လေသည်။ အမှန်မှာ ထိုစဉ်အင်းဝမှာ အင်အားအလွန်လျော့နည်းနေပြီး ဩဇာကျဆင်းနေချိန်ဖြစ်သည်။

ထို့ကြောင့်လည်း မင်းကြီးညိုသည် တောင်ငူမှ တစ်ထီးတစ်နန်း ထူထောင်ရန် ဒုတိယမင်းခေါင်အနေဖြင့်လည်း မိမိညီတော် ရမည်းသင်းစား မင်းရဲကျော်စွာကပင် လေးစားခြင်းမရှိတော့သည့်အတွက် မင်းကြီးညိုကဲ့သို့ ၂၆ နှစ်အရွယ် မင်းပျိုမင်းလွင်တစ်ဦး ရှိလာသည်ကို မတားတော့ပဲ ရမည်းသင်းစားရန်နှင့် အောက်အရပ်မှ မွန်တို့ရန် နှစ်ရပ်လုံးကို ကာကွယ်ပြီးဖြစ်မည်ဟု တွေးကာ လက်ခံ အသိအမှတ်ပြုလေသည်။

မင်းကြီးညိုသည် မင်းအဖြစ်နှင့် တောင်ငူနန်းသစ် ၃ ကြိမ်တည်သည်။ပထမအကြိမ်တည်သောနန်းကို မြဝတီ ဟုသမုတ်သည်။ တည်နေရာမှာ ခပေါင်းချောင်းနှင့် ပုပ်ပဲချောင်းဆုံရာနေရာဖြစ်သည်။

မူလက ဦးရီးတော်စံမြန်းသည့် နန်းတော်ဟောင်းနေရာတွင် စည်းခုံစေတီကြီးတည်သည်။ ၅ နှစ်ကြာပြီးနောက် ၈၅၃ခုတွင် ဒွါရဝတီနန်းသစ်ကို ထပ်တည်သည်။ တည်နေရာမှာ ခပေါင်းချောင်းနှင့် ပေါင်းလောင်းမြစ် ဆုံရာနေရာဖြစ်သည်။

နှစ်ပေါင်း ၂၀ အကြာတွင်မှ ကေတုမတီ တောင်ငူနန်းကိုတည်သည်။ ထိုအချိန်တွင် တောင်ငူဘုန်းတန်ခိုးမှာ ကျော်ဇောခြင်းဖြင့် ပြည့်စုံနေပြီဖြစ်သည်။ အင်အားအကြီးဆုံးအဖြစ်ရောက်ရန်လည်းအသင့်ဖြစ်နေပေပြီ။

ဒွါရဝတီ နန်းသစ်တည်ပြီးချိန်မှ စကာတောင်ငူသို့ခိုဝင်လာသည့် လူဦးရေမှာလည်း တစတစများပြားလာခဲ့သည်။ထိုသို့အင်အားကြီးလာသည့် တောင်ငူမှ မင်းကြီးညိုသည် အနောက်ဖက်ရှိ ရမည်းသင်းစား မင်းရဲကျော်စွာ အုပ်ချုပ်မှုအောက်တွင်ရှိသည့် ကျေးရွာများကိုလည်းကောင်း၊ အောက်အရပ်မှ မွန်မင်း ဗညားရံ၏ နယ်ပယ် အစွန်အဖျားများကိုလည်းကောင်း စစ်စမ်းချီကာ သိမ်းယူသည်။

ထိုသတင်းကို ကြားသော မွန်မင်းဗညားရံသည် အင်အားအလုံးအရင်းဖြင့် တောင်ငူသို့ချီတက်လာပြီး ဝန်းရံထားလေသည်။သို့သော် မင်းကြီးညိုနှင့် ညီတော် စည်သူကျော်ထင်တို့ ထွက်တိုက်ရာ အင်အားကြီးလှသည့် ဟံသာဝတီတပ်များ ပျက်ကာ ပြေးရလေသည်။ ဆင်မြင်းသုံ့ပန်း ၃၀ဝဝကျော်ကို ရသည်။

ထိုသို့ တောင်ငူသည် ဟံသာဝတီတပ်ကို နှိမ်နှင်းကြောင်းသိသော အင်းဝမှ ဒုတိယမင်းခေါင်က မူလဘွဲ့ ဖြစ်သည့် သီရိဇေယျသူရ ရှေ့တွင် မဟာ တပ်ကာချီးမြှင့်သည်။ မင်းမြှောက်တန်ဆာ ငါးပါးပေးပြီး အနောက်ဖက်ရှိ ရမည်းသင်းပိုင်နက်ကိုလည်းတိုက်ခိုက်စေသည်။

 

ထို့ကြောင့် မင်းကြီးညိုသည် မိမိတောင်ငူအင်အားကို အသုံးပြုပြီး အနောက်ဖက် ရမည်းသင်း၊တောင်တွင်းကြီးနှင့် တောင်ဖက်ရှိ မွန်ဒေသများကို ထိုးစစ်ဆင်ကာ နယ်ပယ်ချဲ့ထွင်လေသည်။ထိုအခါ အင်းဝနန်းကို စိုးစံသည့် ဒုတိယမင်းခေါင် နတ်ရွာစံပြီး သားတော် ရွှေနန်းကျော့ရှင် နရပတိ နန်းတက်သည်။တစ်ချိန်တည်းတွင် ရမည်းသင်းစား မင်းရဲကျော်စွာ လည်းလွန်သည်။

 

ထိုကဲ့သို့ အင်အားကြီးသည့် အရှင်သခင်နှင့် ပြိုင်ဖက်တို့ တစ်ချိန်တည်း ပျက်စီးခြင်းမှာ မင်းကြီးညိုအတွက် အလွန်ကြီးမားသည့် အခွင့်အရေးကိုရလေသည်။ ထို့ပြင်ရမည်းသင်းစား၏ကျွန်များ အင်းဝကိုသစ္စာမခံပဲ တောင်ငူသို့ပြောင်းရွေ့လာသဖြင့်လည်ကောင်း၊ အင်းဝနန်းတွင်း အရှုပ်တော်ပုံများကြောင့် အင်းဝမှ သူရဲကောင်းများ တောင်ငူသို့ဝင်သောကြောင့် လည်းကောင်း အလိုအလျောက်ပင် ရမည်းသင်းနယ်ကိုပါ ဩဇာလွမ်းပြီးဖြစ်တော့သည်။

 

မကြာမှီပင် အင်းဝမှ ရွှေနန်းကျော့ရှင် နရပတိသည် နှမတော် မင်းလှထွတ်အား မင်းကြီးက္ကရာဇ် ၈၆၆ တွင်တောင်ငူနှင့် ပြည် အင်အားနှစ်ရပ်ပေါင်းကာ စလေကိုတိုက်သည်ညိုကိုပေးကာ မဟာမိတ် ပြုလေသည်။ ရေလွှဲငါးခရိုင်ကိုလည်းချီးမြှင့်သည်။

ထိုစဉ်က အင်းဝမှာမြောက်ဖက်မှ အင်အားကြီးလာသည့် ရှမ်းစော်ဘွားများ၏ ရန်စစ်ကို ခုခံနေရသည့်အနေအထားတွင်ဖြစ်ပြီး၊ တောင်ဖက်ရှိ စလင်း၊ပြည်တို့မှလဲ ပုန်ကန်ခြားနားနေပြီဖြစ်သည်။ ထို့ပြင် ညောင်ရမ်းစားမင်းရဲကျော်ထင်လွန်သော် ၎င်း၏ စစ်သည်ရဲမက်များက တောင်ငူသို့လာရောက်ခိုလုံသည်။

ထိုသတင်းကိုကြားသော နရပတိသည် တောင်ငူကို သည်းမခံနိုင်တော့ပဲ ရာဇသင်္ကြန်အားဗိုလ်မင်းခန့်ပြီး တောင်ငူကို တိုက်စေသည်။ သို့သော်သာဂရ အရောက်တွင် မင်းကြီးညိုတပ်များနှင့် ရင်ဆိုင်တိုက်ခိုက်ပြီး တပ်ပျက်လေသည်။ ပေါက်မြိုင်ထိချီတက်ပြီးသိမ်းကာ အပြန်တွင် ရာဇသင်္ကြန်တပ်များနှင့် ထပ်မံတိုက်ခိုက်သော် သားမက်ဖြစ်သူ မင်းတုံးတာက ဆင်စီးချင်းထိုးပြီးအနိုင်ယူသည်။

 

သက္ကရာဇ် ၈၆၆ တွင်တောင်ငူနှင့် ပြည် အင်အားနှစ်ရပ်ပေါင်းကာ စလေကိုတိုက်သည်။ အင်းဝမှ နရပတိလည်း အုန်းဘောင်စော်ဘွားကို စစ်ကူခေါ်ပြီး အင်အားအလုံးအရင်းနှင့်ချီတက်လာသည်။ ပုံတောင်အရပ်တွင်တိုက်ခိုက်ကြပြီး တောင်ငူနှင့် ပြည်တပ်များ ရှုံးနှိမ့်ရသည်။သို့သော် အရှုံးထဲမှ အမြတ်ထွက်ရန် အတွက် မင်းကြီးညိုသည် ပုခန်းငယ်နှင့် ပင်းနတ်မောက်၊ ကျောက်ပန်းတောင်းဒေသများကို လှည့်ကာသိမ်းယူသည်။

နောင်တွင် ဆင်အုံကန်ကျိုးသဖြင့် ပြန်လည်ပြုပြင်ရာမှ တွေ့ရှိကောက်ယူလာသည့် ဝါးနွယ်ကုန်းသူကြီးသမီးခင်ဦးမှ သားတော်တစ်ပါးကို ရှားရှားပါးပါးရရှိသည်။

မွေးစကာပင် ထူးခြားသည့် လက္ခဏာအမှတ်အသားများပါရှိပြီး မိမိကဲ့သို့ပင် ဦးခေါင်းထက်တွင် ရွှေရောင်ဆံချည်မှင်တစ်ပင် ပါလာသည့်အတွက် တပင်ရွှေထီး ဟုခေါ်တွင်စေသည်။ တပင်ရွှေထီး မွေးပြီး ၃ ရက်အကြာတွင် မိုင်းသောင်စော်ဘွားနှင့်နောက်လိုက် ရှမ်း ၁၀ဝ၀ ကျော်တို့ခိုဝင်လာပြန်သည်။

သက္ကရာဇ် ၈၈၅ တွင်ပြည်မှ သတိုးမင်းစော နှင့် မိုးညှင်းစော်ဘွားစလုံတို့ ပူးပေါင်းပြီးအင်းဝကို စတင်တိုက်သည်။ ၈၈၆ ခုတွင်အင်းဝသို့ မိုးညှင်းစလုံရောက်ပြီး အပြင်းအထန်တိုက်ပွဲများဖြစ်ရာ နရပတိ ဆင်ခေါင်းအရပ်သို့ဆုတ်ပြေးသည်။ ဂတိအတိုင်း အင်းဝရှိ စည်းစိမ်များကို သတိုးမင်းစော နှင့် မိုးညှင်းစလုံတို့ခွဲဝေယူပြီး နေရပ်များသို့ အသီးသီးပြန်မှ နရပတိ အင်းဝသို့ပြန်လာရသည်။

ပြန်ရောက်ပြီးလျှင်တောင်ငူကို စစ်ပြုသည်။အင်အားကြီးနေပြီဖြစ်သည့် တောင်ငူက ကြံကြံခိုင်နိုင်သဖြင့် မအောင်မြင်ပေ။ ၈၈၈ ခုတွင် မိုးညှင်းစလုံ နှင့် သားဖြစ်သူ သိုဟန်ဘွားတို့ အင်းဝကို ဒုတိယအကြိမ် စစ်ပြုလာသည်။ နရပတိ ခုခံသော်လည်း အင်အားမမျှတော့သဖြင့် မဟာမိတ်ဖြစ်သူ အုန်းဘောင်စော်ဘွားစစ်ကူ လာမည့် အရပ်ကို မှန်းဆပြီး ပြေးသည်။ သို့သော် ကျွန်းဦးအရပ်တွင် သိုဟန်ဘွားက မှီပြီးတိုက်ရာ အမြှောက်ဆံထိမှန်ပြီး နရပတိ လွန်လေသည်။

မင်းကြီးညိုသည် အသက် ၇၂ နှစ်အရောက် သက္ကရာဇ် ၈၉၂ ၊နတ်တော်လဆန်း ၅ ရက်၊ကြာသာပတေး နေ့ ညအချိန်တွင် နတ်ရွာစံသည်။မင်းကြီးညိုနတ်ရွာစံလျှင် သားတော် တပင်ရွှေထီး နန်းတက်သည်။

မင်းကြီးညိုသည် တောင်ငူမင်းဆက်ကို စတင်တည်ထောင်သော မင်းတစ်ပါးဖြစ်သည်။ သက္ကရာဇ် ၈၄၇ ခုနှစ်တွင် ဦးရီးတော်သူ အင်းဝလက်အောက်ခံ (စည်သူကျော်ထင်၏သား) မင်းစည်သူကို လုပ်ကြံ၍ နန်းတက်သည်။ နန်းတက်လျှင် မြရာဝတီ (ထိုနောက် ဒွါရာဝတီတွင်သည်) မြို့တော်ကိုတည်သည်။

 

ဟံသာဝတီမင်း၊ ဇင်းမယ်မင်းတို့က သီးခြားဂုဏ်ရည်တူမင်း တစ်ပါးအဖြစ် အသိအမှတ်ပြုသည်။ အရှေ့ကရင်နီ (ကယား) နယ်ကလည်း လက်ဆောင်ဆက်ရသည်။ မွန်ဘုရင် ဗညားရံက တိုက်ခိုက်လာသည်ကို နှိမ်နင်းနိုင်၍ အင်းဝဘုရင် ဒုတိယမင်းခေါင်ကပင်လျှင် မဟာသီရိဇေယျသူရဟူသော ဘွဲ့အမည်နှင့် မင်းမြောက်တန်ဆာ ငါးပါးကို ပို့လွှတ်သည်။

မင်းကြီးညိုသည် ပုဂံနန်းကျ ကျော်စွာနှင့် မိုးညှင်းမင်းတရားတို့၏ အနွယ်ဖြစ်သည်။ ထိုကြောင့်လည်း ၈၆၄ ခုနှစ်တွင် အင်းဝရွှေနန်းကြော့ရှင် နရပတိက ဘထွေးတော်၏သမီး မင်းလှထွတ်နှင့် မင်းကြီးညိုကို စုံဖက်သည်။

သို့ရာတွင် ထိုနှစ်မှာပင် မင်ကြီးညိုသည် ရေလွှဲငါးခရိုင်နှင့် ကျေးလက်များကို သိမ်းယူ၍ ရွှေနန်းကြော့ရှင်ကို ခြားနားသည်။

ညောင်ရမ်း၊ သင်းကြီး၊ ယင်းတော်၊ မိတ္ထီလာ၊ မြစ်ညောင်၊ သာဂရမြို့ကြီးများနှင့်တကွ မင်းတုံးတာ၊ မင်းပြည့်ဝတို့ ကျွန်တော်ခံလာသည်။ ကေတုမတီတောင်ငူမြို့ကို သက္ကရာဇ် ၈၇၂ ခုနှစ်တွင် တည်ထောင် စံနေသည်။

သက္ကရာဇ် ၈၈၈ ခုနှစ် အင်းဝကို မိုးညှင်းစလုံက တိုက်၍ ပျက်စီးသဖြင့် မြန်မာမင်း မှူးမတ်တို့ အမြောက်အမြား ခိုဝင်လာကြသည်။ အင်အားပြည့်စုံသော ပင်းယမင်း၊ အင်းခန်းမင်း၊ မြစ်သားမင်း၊ လှိုင်းတက်မင်းတို့ကား အလုံးအရင်း နှင့်တကွ ခိုဝင်လာကြသည်။

မင်းကြီးညိုသည် ဝါးနွယ်ကုန်းသူကြီး သမီးကို မိဖုရားမြှောက်ရာ ၈၇၈ ခုနှစ်တွင် တပင်ရွှေထီး ဖွားမြင်သည်။ ၈၉၂ ခုနှစ် နန်းစံ ၅၂ နှစ်တွင် နတ်ရွာစံ၍ သားတော် ၁၄ နှစ်အရွယ်ရှိ တပင်ရွှေထီး ထီးနန်းဆက်ခံသည်။

 

Credit

 

Zawgyi

 

​​ေကတုမတီ(ဒုတိယျမန္မာနိုင္ငံေတာ္)ကို စတင္တည္ေထာင္သူ မင္းႀကီးညို အေၾကာင္း

 

 

 

မဟာသီရိေဇယ်သဴရဘြဲ႕ခံ မင္းႀကီးညို (ေအဒီ ၁၄၈၅-၁၅၃၀၊ ျမန္မာသကၠရာဇ္ ၈၄၇-၈၉၂)သည္ ဦးရီးေတာ္ မင္းစည္သူအား လုပ္ႀကံနန္းခ်ၿပီး ေတာင္ငူနန္းကို သကၠရာဇ္ ၈၄၇ တြင္စိုးစံသည္။

ဦးရီးေတာ္က ၎၏သမီးေတာ္ စိုးမင္းႏွင့္ လက္ဆက္ေပးရန္ သေဘာမတူသျဖင့္ ဦးရီးေတာ္ကို သတ္သည္ဟု ဆိုသည္။ နန္းတက္လွ်င္ စိုးမင္းကိုမိဖုရားအရာထားသည္။

နန္းတက္ခ်ိန္တြင္ အင္းဝထီးနန္းကို စိုးစံေနသည့္ ဒုတိယမင္းေခါင္အား “ကြၽန္ေတာ္ မင္းႀကီးညိုေတာင္ငူထီးနန္းကိုစိုးစံေနပါၿပီ”ဟု ဆင္ေပါက္ဆယ္စီး ႏွင့္ေလွ်ာက္တင္ေလသည္။ အမွန္မွာ ထိုစဥ္အင္းဝမွာ အင္အားအလြန္ေလ်ာ့နည္းေနၿပီး ဩဇာက်ဆင္းေနခ်ိန္ျဖစ္သည္။

ထို႔ေၾကာင့္လည္း မင္းႀကီးညိုသည္ ေတာင္ငူမွ တစ္ထီးတစ္နန္း ထူေထာင္ရန္ ဒုတိယမင္းေခါင္အေနျဖင့္လည္း မိမိညီေတာ္ ရမည္းသင္းစား မင္းရဲေက်ာ္စြာကပင္ ေလးစားျခင္းမရွိေတာ့သည့္အတြက္ မင္းႀကီးညိုကဲ့သို႔ ၂၆ ႏွစ္အ႐ြယ္ မင္းပ်ိဳမင္းလြင္တစ္ဦး ရွိလာသည္ကို မတားေတာ့ပဲ ရမည္းသင္းစားရန္ႏွင့္ ေအာက္အရပ္မွ မြန္တို႔ရန္ ႏွစ္ရပ္လုံးကို ကာကြယ္ၿပီးျဖစ္မည္ဟု ေတြးကာ လက္ခံ အသိအမွတ္ျပဳေလသည္။

မင္းႀကီးညိုသည္ မင္းအျဖစ္ႏွင့္ ေတာင္ငူနန္းသစ္ ၃ ႀကိမ္တည္သည္။ပထမအႀကိမ္တည္ေသာနန္းကို ျမဝတီ ဟုသမုတ္သည္။ တည္ေနရာမွာ ခေပါင္းေခ်ာင္းႏွင့္ ပုပ္ပဲေခ်ာင္းဆုံရာေနရာျဖစ္သည္။

မူလက ဦးရီးေတာ္စံျမန္းသည့္ နန္းေတာ္ေဟာင္းေနရာတြင္ စည္းခုံေစတီႀကီးတည္သည္။ ၅ ႏွစ္ၾကာၿပီးေနာက္ ၈၅၃ခုတြင္ ဒြါရဝတီနန္းသစ္ကို ထပ္တည္သည္။ တည္ေနရာမွာ ခေပါင္းေခ်ာင္းႏွင့္ ေပါင္းေလာင္းျမစ္ ဆုံရာေနရာျဖစ္သည္။

ႏွစ္ေပါင္း ၂၀ အၾကာတြင္မွ ေကတုမတီ ေတာင္ငူနန္းကိုတည္သည္။ ထိုအခ်ိန္တြင္ ေတာင္ငူဘုန္းတန္ခိုးမွာ ေက်ာ္ေဇာျခင္းျဖင့္ ျပည့္စုံေနၿပီျဖစ္သည္။ အင္အားအႀကီးဆုံးအျဖစ္ေရာက္ရန္လည္းအသင့္ျဖစ္ေနေပၿပီ။

ဒြါရဝတီ နန္းသစ္တည္ၿပီးခ်ိန္မွ စကာေတာင္ငူသို႔ခိုဝင္လာသည့္ လူဦးေရမွာလည္း တစတစမ်ားျပားလာခဲ့သည္။ထိုသို႔အင္အားႀကီးလာသည့္ ေတာင္ငူမွ မင္းႀကီးညိုသည္ အေနာက္ဖက္ရွိ ရမည္းသင္းစား မင္းရဲေက်ာ္စြာ အုပ္ခ်ဳပ္မႈေအာက္တြင္ရွိသည့္ ေက်း႐ြာမ်ားကိုလည္းေကာင္း၊ ေအာက္အရပ္မွ မြန္မင္း ဗညားရံ၏ နယ္ပယ္ အစြန္အဖ်ားမ်ားကိုလည္းေကာင္း စစ္စမ္းခ်ီကာ သိမ္းယူသည္။

ထိုသတင္းကို ၾကားေသာ မြန္မင္းဗညားရံသည္ အင္အားအလုံးအရင္းျဖင့္ ေတာင္ငူသို႔ခ်ီတက္လာၿပီး ဝန္းရံထားေလသည္။သို႔ေသာ္ မင္းႀကီးညိုႏွင့္ ညီေတာ္ စည္သူေက်ာ္ထင္တို႔ ထြက္တိုက္ရာ အင္အားႀကီးလွသည့္ ဟံသာဝတီတပ္မ်ား ပ်က္ကာ ေျပးရေလသည္။ ဆင္ျမင္းသုံ႕ပန္း ၃၀ဝဝေက်ာ္ကို ရသည္။

ထိုသို႔ ေတာင္ငူသည္ ဟံသာဝတီတပ္ကို ႏွိမ္ႏွင္းေၾကာင္းသိေသာ အင္းဝမွ ဒုတိယမင္းေခါင္က မူလဘြဲ႕ ျဖစ္သည့္ သီရိေဇယ်သဴရ ေရွ႕တြင္ မဟာ တပ္ကာခ်ီးျမႇင့္သည္။ မင္းျမႇောက္တန္ဆာ ငါးပါးေပးၿပီး အေနာက္ဖက္ရွိ ရမည္းသင္းပိုင္နက္ကိုလည္းတိုက္ခိုက္ေစသည္။

 

ထို႔ေၾကာင့္ မင္းႀကီးညိုသည္ မိမိေတာင္ငူအင္အားကို အသုံးျပဳၿပီး အေနာက္ဖက္ ရမည္းသင္း၊ေတာင္တြင္းႀကီးႏွင့္ ေတာင္ဖက္ရွိ မြန္ေဒသမ်ားကို ထိုးစစ္ဆင္ကာ နယ္ပယ္ခ်ဲ့ထြင္ေလသည္။ထိုအခါ အင္းဝနန္းကို စိုးစံသည့္ ဒုတိယမင္းေခါင္ နတ္႐ြာစံၿပီး သားေတာ္ ေ႐ႊနန္းေက်ာ့ရွင္ နရပတိ နန္းတက္သည္။တစ္ခ်ိန္တည္းတြင္ ရမည္းသင္းစား မင္းရဲေက်ာ္စြာ လည္းလြန္သည္။

 

ထိုကဲ့သို႔ အင္အားႀကီးသည့္ အရွင္သခင္ႏွင့္ ၿပိဳင္ဖက္တို႔ တစ္ခ်ိန္တည္း ပ်က္စီးျခင္းမွာ မင္းႀကီးညိုအတြက္ အလြန္ႀကီးမားသည့္ အခြင့္အေရးကိုရေလသည္။ ထို႔ျပင္ရမည္းသင္းစား၏ကြၽန္မ်ား အင္းဝကိုသစၥာမခံပဲ ေတာင္ငူသို႔ေျပာင္းေ႐ြ႕လာသျဖင့္လည္ေကာင္း၊ အင္းဝနန္းတြင္း အရႈပ္ေတာ္ပုံမ်ားေၾကာင့္ အင္းဝမွ သူရဲေကာင္းမ်ား ေတာင္ငူသို႔ဝင္ေသာေၾကာင့္ လည္းေကာင္း အလိုအေလ်ာက္ပင္ ရမည္းသင္းနယ္ကိုပါ ဩဇာလြမ္းၿပီးျဖစ္ေတာ့သည္။

 

မၾကာမွီပင္ အင္းဝမွ ေ႐ႊနန္းေက်ာ့ရွင္ နရပတိသည္ ႏွမေတာ္ မင္းလွထြတ္အား မင္းႀကီးကၠရာဇ္ ၈၆၆ တြင္ေတာင္ငူႏွင့္ ျပည္ အင္အားႏွစ္ရပ္ေပါင္းကာ စေလကိုတိုက္သည္ညိုကိုေပးကာ မဟာမိတ္ ျပဳေလသည္။ ေရလႊဲငါးခရိုင္ကိုလည္းခ်ီးျမႇင့္သည္။

ထိုစဥ္က အင္းဝမွာေျမာက္ဖက္မွ အင္အားႀကီးလာသည့္ ရွမ္းေစာ္ဘြားမ်ား၏ ရန္စစ္ကို ခုခံေနရသည့္အေနအထားတြင္ျဖစ္ၿပီး၊ ေတာင္ဖက္ရွိ စလင္း၊ျပည္တို႔မွလဲ ပုန္ကန္ျခားနားေနၿပီျဖစ္သည္။ ထို႔ျပင္ ေညာင္ရမ္းစားမင္းရဲေက်ာ္ထင္လြန္ေသာ္ ၎၏ စစ္သည္ရဲမက္မ်ားက ေတာင္ငူသို႔လာေရာက္ခိုလုံသည္။

ထိုသတင္းကိုၾကားေသာ နရပတိသည္ ေတာင္ငူကို သည္းမခံနိုင္ေတာ့ပဲ ရာဇသၾကၤန္အားဗိုလ္မင္းခန့္ၿပီး ေတာင္ငူကို တိုက္ေစသည္။ သို႔ေသာ္သာဂရ အေရာက္တြင္ မင္းႀကီးညိုတပ္မ်ားႏွင့္ ရင္ဆိုင္တိုက္ခိုက္ၿပီး တပ္ပ်က္ေလသည္။ ေပါက္ၿမိဳင္ထိခ်ီတက္ၿပီးသိမ္းကာ အျပန္တြင္ ရာဇသၾကၤန္တပ္မ်ားႏွင့္ ထပ္မံတိုက္ခိုက္ေသာ္ သားမက္ျဖစ္သူ မင္းတုံးတာက ဆင္စီးခ်င္းထိုးၿပီးအနိုင္ယူသည္။

 

သကၠရာဇ္ ၈၆၆ တြင္ေတာင္ငူႏွင့္ ျပည္ အင္အားႏွစ္ရပ္ေပါင္းကာ စေလကိုတိုက္သည္။ အင္းဝမွ နရပတိလည္း အုန္းေဘာင္ေစာ္ဘြားကို စစ္ကူေခၚၿပီး အင္အားအလုံးအရင္းႏွင့္ခ်ီတက္လာသည္။ ပုံေတာင္အရပ္တြင္တိုက္ခိုက္ၾကၿပီး ေတာင္ငူႏွင့္ ျပည္တပ္မ်ား ရႈံးႏွိမ့္ရသည္။သို႔ေသာ္ အရႈံးထဲမွ အျမတ္ထြက္ရန္ အတြက္ မင္းႀကီးညိုသည္ ပုခန္းငယ္ႏွင့္ ပင္းနတ္ေမာက္၊ ေက်ာက္ပန္းေတာင္းေဒသမ်ားကို လွည့္ကာသိမ္းယူသည္။

ေနာင္တြင္ ဆင္အုံကန္က်ိဳးသျဖင့္ ျပန္လည္ျပဳျပင္ရာမွ ေတြ႕ရွိေကာက္ယူလာသည့္ ဝါးႏြယ္ကုန္းသူႀကီးသမီးခင္ဦးမွ သားေတာ္တစ္ပါးကို ရွားရွားပါးပါးရရွိသည္။

ေမြးစကာပင္ ထူးျခားသည့္ လကၡဏာအမွတ္အသားမ်ားပါရွိၿပီး မိမိကဲ့သို႔ပင္ ဦးေခါင္းထက္တြင္ ေ႐ႊေရာင္ဆံခ်ည္မွင္တစ္ပင္ ပါလာသည့္အတြက္ တပင္ေ႐ႊထီး ဟုေခၚတြင္ေစသည္။ တပင္ေ႐ႊထီး ေမြးၿပီး ၃ ရက္အၾကာတြင္ မိုင္းေသာင္ေစာ္ဘြားႏွင့္ေနာက္လိုက္ ရွမ္း ၁၀ဝ၀ ေက်ာ္တို႔ခိုဝင္လာျပန္သည္။

သကၠရာဇ္ ၈၈၅ တြင္ျပည္မွ သတိုးမင္းေစာ ႏွင့္ မိုးညွင္းေစာ္ဘြားစလုံတို႔ ပူးေပါင္းၿပီးအင္းဝကို စတင္တိုက္သည္။ ၈၈၆ ခုတြင္အင္းဝသို႔ မိုးညွင္းစလုံေရာက္ၿပီး အျပင္းအထန္တိုက္ပြဲမ်ားျဖစ္ရာ နရပတိ ဆင္ေခါင္းအရပ္သို႔ဆုတ္ေျပးသည္။ ဂတိအတိုင္း အင္းဝရွိ စည္းစိမ္မ်ားကို သတိုးမင္းေစာ ႏွင့္ မိုးညွင္းစလုံတို႔ခြဲေဝယူၿပီး ေနရပ္မ်ားသို႔ အသီးသီးျပန္မွ နရပတိ အင္းဝသို႔ျပန္လာရသည္။

ျပန္ေရာက္ၿပီးလွ်င္ေတာင္ငူကို စစ္ျပဳသည္။အင္အားႀကီးေနၿပီျဖစ္သည့္ ေတာင္ငူက ႀကံႀကံခိုင္နိုင္သျဖင့္ မေအာင္ျမင္ေပ။ ၈၈၈ ခုတြင္ မိုးညွင္းစလုံ ႏွင့္ သားျဖစ္သူ သိုဟန္ဘြားတို႔ အင္းဝကို ဒုတိယအႀကိမ္ စစ္ျပဳလာသည္။ နရပတိ ခုခံေသာ္လည္း အင္အားမမွ်ေတာ့သျဖင့္ မဟာမိတ္ျဖစ္သူ အုန္းေဘာင္ေစာ္ဘြားစစ္ကူ လာမည့္ အရပ္ကို မွန္းဆၿပီး ေျပးသည္။ သို႔ေသာ္ ကြၽန္းဦးအရပ္တြင္ သိုဟန္ဘြားက မွီၿပီးတိုက္ရာ အျမႇောက္ဆံထိမွန္ၿပီး နရပတိ လြန္ေလသည္။

မင္းႀကီးညိုသည္ အသက္ ၇၂ ႏွစ္အေရာက္ သကၠရာဇ္ ၈၉၂ ၊နတ္ေတာ္လဆန္း ၅ ရက္၊ၾကာသာပေတး ေန႕ ညအခ်ိန္တြင္ နတ္႐ြာစံသည္။မင္းႀကီးညိုနတ္႐ြာစံလွ်င္ သားေတာ္ တပင္ေ႐ႊထီး နန္းတက္သည္။

မင္းႀကီးညိုသည္ ေတာင္ငူမင္းဆက္ကို စတင္တည္ေထာင္ေသာ မင္းတစ္ပါးျဖစ္သည္။ သကၠရာဇ္ ၈၄၇ ခုႏွစ္တြင္ ဦးရီးေတာ္သူ အင္းဝလက္ေအာက္ခံ (စည္သူေက်ာ္ထင္၏သား) မင္းစည္သူကို လုပ္ႀကံ၍ နန္းတက္သည္။ နန္းတက္လွ်င္ ျမရာဝတီ (ထိုေနာက္ ဒြါရာဝတီတြင္သည္) ၿမိဳ႕ေတာ္ကိုတည္သည္။

 

ဟံသာဝတီမင္း၊ ဇင္းမယ္မင္းတို႔က သီးျခားဂုဏ္ရည္တူမင္း တစ္ပါးအျဖစ္ အသိအမွတ္ျပဳသည္။ အေရွ႕ကရင္နီ (ကယား) နယ္ကလည္း လက္ေဆာင္ဆက္ရသည္။ မြန္ဘုရင္ ဗညားရံက တိုက္ခိုက္လာသည္ကို ႏွိမ္နင္းနိုင္၍ အင္းဝဘုရင္ ဒုတိယမင္းေခါင္ကပင္လွ်င္ မဟာသီရိေဇယ်သဴရဟူေသာ ဘြဲ႕အမည္ႏွင့္ မင္းေျမာက္တန္ဆာ ငါးပါးကို ပို႔လႊတ္သည္။

မင္းႀကီးညိုသည္ ပုဂံနန္းက် ေက်ာ္စြာႏွင့္ မိုးညွင္းမင္းတရားတို႔၏ အႏြယ္ျဖစ္သည္။ ထိုေၾကာင့္လည္း ၈၆၄ ခုႏွစ္တြင္ အင္းဝေ႐ႊနန္းေၾကာ့ရွင္ နရပတိက ဘေထြးေတာ္၏သမီး မင္းလွထြတ္ႏွင့္ မင္းႀကီးညိုကို စုံဖက္သည္။

သို႔ရာတြင္ ထိုႏွစ္မွာပင္ မင္ႀကီးညိုသည္ ေရလႊဲငါးခရိုင္ႏွင့္ ေက်းလက္မ်ားကို သိမ္းယူ၍ ေ႐ႊနန္းေၾကာ့ရွင္ကို ျခားနားသည္။

ေညာင္ရမ္း၊ သင္းႀကီး၊ ယင္းေတာ္၊ မိတၳီလာ၊ ျမစ္ေညာင္၊ သာဂရၿမိဳ႕ႀကီးမ်ားႏွင့္တကြ မင္းတုံးတာ၊ မင္းျပည့္ဝတို႔ ကြၽန္ေတာ္ခံလာသည္။ ေကတုမတီေတာင္ငူၿမိဳ႕ကို သကၠရာဇ္ ၈၇၂ ခုႏွစ္တြင္ တည္ေထာင္ စံေနသည္။

သကၠရာဇ္ ၈၈၈ ခုႏွစ္ အင္းဝကို မိုးညွင္းစလုံက တိုက္၍ ပ်က္စီးသျဖင့္ ျမန္မာမင္း မႉးမတ္တို႔ အေျမာက္အျမား ခိုဝင္လာၾကသည္။ အင္အားျပည့္စုံေသာ ပင္းယမင္း၊ အင္းခန္းမင္း၊ ျမစ္သားမင္း၊ လွိုင္းတက္မင္းတို႔ကား အလုံးအရင္း ႏွင့္တကြ ခိုဝင္လာၾကသည္။

မင္းႀကီးညိုသည္ ဝါးႏြယ္ကုန္းသူႀကီး သမီးကို မိဖုရားျမႇောက္ရာ ၈၇၈ ခုႏွစ္တြင္ တပင္ေ႐ႊထီး ဖြားျမင္သည္။ ၈၉၂ ခုႏွစ္ နန္းစံ ၅၂ ႏွစ္တြင္ နတ္႐ြာစံ၍ သားေတာ္ ၁၄ ႏွစ္အ႐ြယ္ရွိ တပင္ေ႐ႊထီး ထီးနန္းဆက္ခံသည္။

 

Credit

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

Post a Comment

0 Comments
* Please Don't Spam Here. All the Comments are Reviewed by Admin.