“မျောက်တွေဆောက်ခဲ့တယ် ဆိုတဲ့ တံတား (သို့) ရာမတံတား (သို့) အာဒမ်တံတား”

“မျောက်တွေဆောက်ခဲ့တယ် ဆိုတဲ့ တံတား (သို့) ရာမတံတား (သို့) အာဒမ်တံတား”

 

 

 

ဒီတံတား ဟာ အိန္ဒိယနိုင်ငံ နဲ့ သီရိလင်္ကာနိုင်ငံ အကြားမှာရှိတဲ့ တံတားဖြစ်ပါတယ်။ အိန္ဒိယရဲ့ Tamil Nadu ကျွန်းဆွယ် နဲ့ သိရိလင်္ကာအနောက်မြောက်ပိုင်းက Mannar ကျွန်းတို့ကို ဆက်သွယ်ထားတဲ့တံတားပါ။ ဒီတံတားကို ရာမတံတား လို့ခေါ်တဲ့အပြင် ဟာနုမာန်တံတား ၊ အာဒမ်တံတားလို့လည်းခေါ်ကြပါတယ်။

ရာမ ဆိုတာ အိန္ဒိယရဲ့ ဒဏ္ဍာရီလာ သူရဲကောင်းတစ်ယောက်ဖြစ်ပါတယ်။ (ဟိန္ဒူဘာသာ၀င်တို့ရဲ့ဘုရားဖြစ်ပါတယ်) ရာမရဏဇာတ်ဟာ ကျွန်တော်တို့နိုင်ငံအပြင် အရှေ့တောင်အာရှနိုင်ငံအတော်များများနဲ့ လည်း ရင်းနှီးပါတယ်။ အားလုံးလည်း သိပြီးဖြစ်မှာပါ။

ဒီဇာတ်မှာ မင်းသားရာမ ၊ ဇနီး သီတာဒေဝီ နဲ့ ဒသဂီရိဘီလူးတို့က အဓိကဖြစ်ပါတယ်။ သီတာဒေဝီကို ရာ၀ဏ(ဒသဂီရိဘီလူမင်း) က ဖမ်းသွားတဲ့အချိန်မှာ ရာမမင်း နဲ့ သုဂြိတ်ရဲ့မျောက်စစ်တပ်ကြီးက ရာ၀ဏရှိရာ သီဟိုဠ်ကျွန်းကို စစ်တိုက်ဖို့ပြင်ပါတယ်။

ဒီလိုပြင်တဲ့နေရာမှာ သီဟိုဠ်ကျွန်းကိုချီတက်နိုင်ဖို့အတွက် အိန္ဒိယနဲ့ သီဟိုဠ်ကျွန်းကို ဖြတ်ပြီး မျောက်စစ်တပ်ကြီးက တံတားထိုးခဲ့ပါတယ်။ တံတားထိုးတဲ့နေရာမှာ ကျောက်တုံးတွေကိုပစ်ချပြီးထိုးခဲ့ခြင်းဖြစ်ပါတယ်။ ကျောက်တုံးတွေမှာ ရာမရဲ့နာမည်ထိုးတဲ့အခါ ရာမရဲ့ဘုန်းတံခိုးကြောင့် ရေမမြုပ်ပါဘူးတဲ့။ နောက်ဆုံးတံတားထိုးပြီးတဲ့အခါ သီဟိုဠ်ကိုချီတက်ပြီး ရာ၀ဏကို သတ်ကာ သီတာဒေဝီကို ပြန်ခေါ်လာနိုင်ခဲ့တယ်လို့ ဇာတ်တော်က ဆိုပါတယ်။

ရာမ သီဟိုဠ်ဘက်ကိုချီတက်ဖို့ မျောက်တွေထိုးခဲ့တဲ့ တံတားကို ရာမ တံတားလို့ခေါ်ပါတယ်။ ၃၀မိုင် ရှည်လျားပြီး အချို့အစိတ်အပိုင်းတွေသာ ကျန်ရှိတော့ပါတယ်။ ဒီတံတားဟာ ၁၅ရာစုမှာ ပြင်းထန်တဲ့မုန်တိုင်း မတိုက်ခံရမီအချိန်အထိ ဖြတ်သန်းသွားလာလို့ ရခဲ့သေးတယ်လို့ သိရပါတယ်။ နာဆာက ရိုက်ယူခဲ့တဲ့ဓာတ်ပုံတွေမှာ ဒီတံတားရှိနေတာကို တွေ့နိုင်ပါတယ်။

 

အများစုကတော့ ဇာတ်တော်ထဲကအတိုင်း တကယ်ပဲမျောက်တွေထိုးခဲ့တယ်လို့ ယုံကြည်ကြပေမယ့် တချို့ကတော့ မျောက်နဲ့ ပုံစံတူတဲ့ လူမျိုးတွေတည်ဆောက်ခဲ့တဲ့ တံတားလို့ယုံကြည်ကြပါတယ်။ အိန္ဒိယရဲ့ ရှေးဟောင်းနံရံထွင်းပန်းချီတွေမှာလည်း ဒီတံတားကိုမျောက်တွေက တည်ဆောက်ခဲ့တဲ့ပုံစံတွေ ထွင်းထုထားတာကိုလည်း တွေ့ရတတ်ပါတယ်။ ဟာနုမာန်မြောက်မင်းက ဦးဆောင်တည်ဆောက်ခဲ့တဲ့အတွက် ဟာနုမာန်တံတားလို့လည်းခေါ်ပါတယ်။

 

ခရစ်ယာန်တွေရဲ့ ကျမ်းစာထဲမှာ တော့ ဘုရားသခင်ဟာ အာဒမ်ကို နှင်ထုတ်လိုက်တဲ့အခါ အာဒမ်ဟာ ဒီတံတားကိုဖြတ်ပြီး သီရိလင်္ကာကနေ အိန္ဒိယကိုသွားခဲ့တဲ့အတွက် အာဒမ်တံတားလို့လည်း ခေါ်ကြပါတယ်။

တကယ်လို့မျောက်တွေမဆောက်ခဲ့ဖူးဆိုရင်လည်း နှစ်ထောင်ပေါင်းများစွာက တည်ရှိခဲ့တဲ့ဒီတံတားကို ဘယ်လိုလူတွေက ဘယ်လိုနည်းပညာတွေနဲ့ တည်ဆောက်ခဲ့ပါသလဲ ဆိုတာကတော့ အံသြဖွယ်ပုစ္ဆာတစ်ပုဒ်ပဲ ဖြစ်ပါတယ်။

(ကိုယ်တိုင်လည်း Google map / Google earth တွေနဲ့ အိန္ဒိယနဲ့ သိရလင်္ကာနိုင်ငံရဲ့ အကြားမှာ ဒီတံတားကိုရှာကြည့်လို့ရပါတယ်။ Google map မှာတော့ Adam’s Bridge လို့ပြထားပါလိမ့်မယ်။

 

Credit

 

Zawgyi

 

“ေမ်ာက္ေတြေဆာက္ခဲ့တယ္ ဆိုတဲ့ တံတား (သို႔) ရာမတံတား (သို႔) အာဒမ္တံတား”

ဒီတံတား ဟာ အိႏၵိယနိုင္ငံ နဲ႕ သီရိလကၤာနိုင္ငံ အၾကားမွာရွိတဲ့ တံတားျဖစ္ပါတယ္။ အိႏၵိယရဲ႕ Tamil Nadu ကြၽန္းဆြယ္ နဲ႕ သိရိလကၤာအေနာက္ေျမာက္ပိုင္းက Mannar ကြၽန္းတို႔ကို ဆက္သြယ္ထားတဲ့တံတားပါ။ ဒီတံတားကို ရာမတံတား လို႔ေခၚတဲ့အျပင္ ဟာႏုမာန္တံတား ၊ အာဒမ္တံတားလို႔လည္းေခၚၾကပါတယ္။

ရာမ ဆိုတာ အိႏၵိယရဲ႕ ဒ႑ာရီလာ သူရဲေကာင္းတစ္ေယာက္ျဖစ္ပါတယ္။ (ဟိႏၵဴဘာသာ၀င္တို႔ရဲ႕ဘုရားျဖစ္ပါတယ္) ရာမရဏဇာတ္ဟာ ကြၽန္ေတာ္တို႔နိုင္ငံအျပင္ အေရွ႕ေတာင္အာရွနိုင္ငံအေတာ္မ်ားမ်ားနဲ႕ လည္း ရင္းႏွီးပါတယ္။ အားလုံးလည္း သိၿပီးျဖစ္မွာပါ။

ဒီဇာတ္မွာ မင္းသားရာမ ၊ ဇနီး သီတာေဒဝီ နဲ႕ ဒသဂီရိဘီလူးတို႔က အဓိကျဖစ္ပါတယ္။ သီတာေဒဝီကို ရာ၀ဏ(ဒသဂီရိဘီလူမင္း) က ဖမ္းသြားတဲ့အခ်ိန္မွာ ရာမမင္း နဲ႕ သုၿဂိတ္ရဲ႕ေမ်ာက္စစ္တပ္ႀကီးက ရာ၀ဏရွိရာ သီဟိုဠ္ကြၽန္းကို စစ္တိုက္ဖို႔ျပင္ပါတယ္။

ဒီလိုျပင္တဲ့ေနရာမွာ သီဟိုဠ္ကြၽန္းကိုခ်ီတက္နိုင္ဖို႔အတြက္ အိႏၵိယနဲ႕ သီဟိုဠ္ကြၽန္းကို ျဖတ္ၿပီး ေမ်ာက္စစ္တပ္ႀကီးက တံတားထိုးခဲ့ပါတယ္။ တံတားထိုးတဲ့ေနရာမွာ ေက်ာက္တုံးေတြကိုပစ္ခ်ၿပီးထိုးခဲ့ျခင္းျဖစ္ပါတယ္။ ေက်ာက္တုံးေတြမွာ ရာမရဲ႕နာမည္ထိုးတဲ့အခါ ရာမရဲ႕ဘုန္းတံခိုးေၾကာင့္ ေရမျမဳပ္ပါဘူးတဲ့။ ေနာက္ဆုံးတံတားထိုးၿပီးတဲ့အခါ သီဟိုဠ္ကိုခ်ီတက္ၿပီး ရာ၀ဏကို သတ္ကာ သီတာေဒဝီကို ျပန္ေခၚလာနိုင္ခဲ့တယ္လို႔ ဇာတ္ေတာ္က ဆိုပါတယ္။

ရာမ သီဟိုဠ္ဘက္ကိုခ်ီတက္ဖို႔ ေမ်ာက္ေတြထိုးခဲ့တဲ့ တံတားကို ရာမ တံတားလို႔ေခၚပါတယ္။ ၃၀မိုင္ ရွည္လ်ားၿပီး အခ်ိဳ႕အစိတ္အပိုင္းေတြသာ က်န္ရွိေတာ့ပါတယ္။ ဒီတံတားဟာ ၁၅ရာစုမွာ ျပင္းထန္တဲ့မုန္တိုင္း မတိုက္ခံရမီအခ်ိန္အထိ ျဖတ္သန္းသြားလာလို႔ ရခဲ့ေသးတယ္လို႔ သိရပါတယ္။ နာဆာက ရိုက္ယူခဲ့တဲ့ဓာတ္ပုံေတြမွာ ဒီတံတားရွိေနတာကို ေတြ႕နိုင္ပါတယ္။

 

အမ်ားစုကေတာ့ ဇာတ္ေတာ္ထဲကအတိုင္း တကယ္ပဲေမ်ာက္ေတြထိုးခဲ့တယ္လို႔ ယုံၾကည္ၾကေပမယ့္ တခ်ိဳ႕ကေတာ့ ေမ်ာက္နဲ႕ ပုံစံတူတဲ့ လူမ်ိဳးေတြတည္ေဆာက္ခဲ့တဲ့ တံတားလို႔ယုံၾကည္ၾကပါတယ္။ အိႏၵိယရဲ႕ ေရွးေဟာင္းနံရံထြင္းပန္းခ်ီေတြမွာလည္း ဒီတံတားကိုေမ်ာက္ေတြက တည္ေဆာက္ခဲ့တဲ့ပုံစံေတြ ထြင္းထုထားတာကိုလည္း ေတြ႕ရတတ္ပါတယ္။ ဟာႏုမာန္ေျမာက္မင္းက ဦးေဆာင္တည္ေဆာက္ခဲ့တဲ့အတြက္ ဟာႏုမာန္တံတားလို႔လည္းေခၚပါတယ္။

 

ခရစ္ယာန္ေတြရဲ႕ က်မ္းစာထဲမွာ ေတာ့ ဘုရားသခင္ဟာ အာဒမ္ကို ႏွင္ထုတ္လိုက္တဲ့အခါ အာဒမ္ဟာ ဒီတံတားကိုျဖတ္ၿပီး သီရိလကၤာကေန အိႏၵိယကိုသြားခဲ့တဲ့အတြက္ အာဒမ္တံတားလို႔လည္း ေခၚၾကပါတယ္။

တကယ္လို႔ေမ်ာက္ေတြမေဆာက္ခဲ့ဖူးဆိုရင္လည္း ႏွစ္ေထာင္ေပါင္းမ်ားစြာက တည္ရွိခဲ့တဲ့ဒီတံတားကို ဘယ္လိုလူေတြက ဘယ္လိုနည္းပညာေတြနဲ႕ တည္ေဆာက္ခဲ့ပါသလဲ ဆိုတာကေတာ့ အံၾသဖြယ္ပုစာၦတစ္ပုဒ္ပဲ ျဖစ္ပါတယ္။

(ကိုယ္တိုင္လည္း Google map / Google earth ေတြနဲ႕ အိႏၵိယနဲ႕ သိရလကၤာနိုင္ငံရဲ႕ အၾကားမွာ ဒီတံတားကိုရွာၾကည့္လို႔ရပါတယ္။ Google map မွာေတာ့ Adam’s Bridge လို႔ျပထားပါလိမ့္မယ္။

 

Credit

Post a Comment

0 Comments
* Please Don't Spam Here. All the Comments are Reviewed by Admin.