ပျောက်ကွယ်လုနီးပါး ဖြစ်နေတဲ့ မြန်မာ့အငြိမ့်သဘင် အကြောင်းသိကောင်းစရာ

ပျောက်ကွယ်လုနီးပါး ဖြစ်နေတဲ့ မြန်မာ့အငြိမ့်သဘင် အကြောင်းသိကောင်းစရာ

 

 

 

အငြိမ့်ဆိုတဲ့ သဘင်တရပ်ဟာ မြန်မာ့ဓလေ့စရိုက်နဲ့အညီ ဖြစ်ပေါ်လာတဲ့ အဖွဲ့အစည်းတခုပါ။ သူကဇာတ်လို ရုပ်သေးလို ညလုံးပေါက် မကဘူး။ ည ( ၉ )နာရီလောက် ပွဲထွက်တယ်။ ( ၁၂ )နာရီ နာရီပြန်တချက်မယ် ပွဲသိမ်းတယ်။

ဒါကြောင့် သူ့ကြည့်ချင်ယင် အိပ်ရေးပျက်ခံစရာမလိုလှဘူး။ ပီးတော့သူက နေရာအတည် တကျရှိမှ ကလို့ရတာမျိုးမဟုတ်ဘူး။ ဘယ်နားမှာဘဲဖြစ်ဖြစ် ကွက်လပ်ကလေး အလိုက်အထိုက်ရှိယင် ပွဲခင်းနိုင်တယ်။ ဒါကြောင့် အငြိမ့်ကြည့်ချင်ယင် နေရာဝယ်ထားဘို့လဲမလိုပါဘူး။

ပူလို့အိုက်လို့ပဲဖြစ်ဖြစ်၊ မအိပ်ချင်သေးလို့ဖြစ်ဖြစ်၊ အညောင်း အညာပြေ လမ်းရှောက်ရင်း တီးသံကြားရာ ထွက်သာလာခဲ့၊ ပွဲထွက်နေတာတွေ့ယင် မိုးတိုးမတ်တပ် ရပ်ကြည့်ပေါ့။ ကြည့်မိတော့ စိတ်ဝင်စားတယ်ဆိုယင်ဖြင့် ဖင်တနေရာစာရှာပီး ထိုင်သာ ကြည့်ပါရော့။ “ လာတုန်းကတော့ ခဏရယ်လို့ လာတာဘဲ၊ လူပြက်တွေ ရီရတာနဲ့ မပြန်နိုင်ဘူး ” လို့ ပြောလဲရတယ်။ “

မင်းသမီးလေး တွေကရုပ်လဲမဆိုးဘူး၊ အသံလဲအတော်သား၊ ကပုံကလေးတွေ လဲ မရိုင်းတာမို့၊ ပွဲသိမ်းမှပြန်ခဲ့တယ် ” လို့ ပြောလဲရတယ်။ အငြိမ့် ကြည့်ဖို့ကိစ္စဟာ အဲသလောက်ပေါ့ပါးလွယ်ကူတယ်။

အငြိမ့်မှာ မင်းသမီးရယ်၊ လူပြက်ရယ်၊ အတီးအဖွဲ့ရယ် ( ၃ )ပိုင်း ရှိတယ်။ အငြိမ့်မင်းသမီးက သီချင်းဆိုပြီးကတာဘဲ။ သူသီဆိုတဲ့ သီချင်းက ဖေတော့ မောင်တော့ ရည်စားမျှော်သီချင်းပဲဖြစ်ရ မယ်လို့ လှေနံဓားထစ်သတ်မှတ်ပေးမထားပါဘူး။

 

အငြိမ့်မင်းသမီး သီချင်းက ခေတ်ကာလနဲ့၊ အခြေအနေနဲ့၊ ပတ်ဝန်းကျင်နဲ့၊ အချိန်အခါကို လိုက်ပီး လူတွေလှုပ်ရှား စိတ်ဝင်စားနေတဲ့ အကြောင်းအရာ ဘာကိုမဆို သီချင်းဆိုလို့ရပါတယ်။ အငြိမ့်သီချင်းဆိုတာ ဘယ် အကြောင်းအရာမျိုးကိုသာ ရေးစပ်ထားတာ ဖြစ်ရမယ်လို့ ဘယ်တုန်းကမှလဲ မသတ်မှတ်ခဲ့ဖူးဘူး။ ဘယ်သူက မှလဲ သတ်သတ်မှတ်မှတ် ရေးစပ် ပေးမနေပါဘူး။

ဒါကြောင့် အငြိမ့်သီချင်းတွေဟာ အချစ်ရေးနဲ့လဲရှိ၊ စစ်ရေးနဲ့လဲရှိ၊ နိုင်ငံရေး နဲ့ လဲရှိ၊ လူမှုရေးနဲ့လဲရှိ ဆိုသလို အရေးမျိုးစုံရှိနေပါတယ်။ မင်းသမီးကချည်းလား၊ လူပြက်ကကော ဘယ်လိုလဲလို့ မေးယင်၊ အငြိမ့်မှာ ချစ်စရာ မြတ်နိုးစရာ အကောင်းဆုံးအင်္ဂါတရပ် ဟာ လူပြက်တွေရဲ့ လွတ်လပ်စွာ ဝေဖန်သရော် ပြက်ရယ်ပြုခွင့် အစဉ်အလာဘဲလို့တောင် ပြောရမလောက် ဖြစ်ပါတယ်။

လူပြက်ရဲ့အလုပ်က မင်းသမီးကလို့ဆိုလို့ မောယင် အမော ပြေအောင် ကြားဝင်ပြီး ရီစရာပြက်ရတဲ့တာဝန်ဟာ သူတို့တာဝန်ပါ။ ဒီလိုတာဝန်ရှိရာမှာ “ လူပြက် မည်သည်၊ ဘယ်အကြောင်း အရာကိုသာ ပြက်ရယ်ပြုနိုင်သည်၊ ဘယ်အကြောင်းအရာမျိုးကို ပြက်ရယ်ခြင်းမပြုရ ” လို့ ဘယ်မင်း ဘယ်အစိုးရကမှ အမိန့်ထုတ်ပြန် ထားခြင်းမရှိခဲ့ဘူး။

ပဒေသရာဇ်ခေတ်မှာတောင်မှ လူပြက်မှာ လွတ်လပ်ခွင့် အပြည့်ရှိခဲ့တယ်။ ဒါကြောင့် စည်းမစောင့်တဲ့လူပြက်ကျတော့ နတ်နေဘကိုင်းတောင် မချန်ဘူး၊ ဘာသာရေးလဲထည့် ပြက်တာဘဲ။ အဲသလောက်လွတ်လပ်ကြတယ်။ အငြိမ့်သဘင်ရဲ့ အလုပ်ခွင်ဟာ ဒီလို လွတ်လပ်တာနဲ့အတူ အငြိမ့်ပွဲကိုလဲ လူတွေက လွတ်လွတ်လပ်လပ်ပဲပွဲခံကြတယ်။

အငြိမ့်ဆိုတာ ဘယ်လိုအခမ်းအနားမှာမှ ကပြကြတယ်ရယ် လို့ သတ်မှတ်မထားပါဘူး၊ ပွဲကြည့်ချင်ယင် အကြောင်းရှာပြီး ပွဲပြလို့ တောင်ရတယ်။ ကလေးကင်ပွန်းတပ်လို့၊ ဘုရား ( ၉ )ဆူပူဇော်လို့၊ ဒီအရပ်လွန်ပွဲ မိန်းမဘက်ကနိုင်လို့၊ ဝန်ထောက်ကြီး ရှမ်းပြည်ပြောင်းရလို့၊ ဘတော်ပျံ ရှိလို့၊ ဒီကျောင်းက စာမေးပွဲအအောင်များလို့၊ ဗိုလ်တကာ့ ဘုရင် ကျူရှင်က ဂုဏ်ထူးအောင် ( ၃ )ယောက်ပါလို့၊ ဘာလို့ညာလို့ စသဖြင့် အကြောင်းအမျိုးမျိုးနဲ့ အငြိမ့်ပွဲခံနိုင်တယ်။

အငြိမ့်ရဲ့ ပုံသဏ္ဌာန်ဟာ ဘယ်ဘက်ကဘဲ နေကြည့်ကြည့် ပေါ့ပေါ့ပါးပါးနဲ့ ခြေနိုင်လက်နိုင် လွယ်လွယ်ကူကူတယ်ရှိတာကိုး။ “ မင်းတို့မြန်မာတွေ ပေါ့ပေါ့နဲ့ ပျော်ပျော်နေရယင်ပီးရော ”ဆိုတဲ့ ဝေဖန်သံထဲက အတိုင်းပါဘဲ။ အငြိမ့်ဟာ မြန်မာကြိုက်ပုံစံနဲ့၊ ဘာကြောင့်ဖြစ်ဖြစ် လွယ်လွယ်ပွဲခံလို့ရအောင် ဖွဲ့စည်းလာတဲ့ သဘင်တရပ်ပါ။

ဒီသဘင်ဟာ စစ်ပီး ဒီဘက်‌ခေတ်မှာ နယ်ချဲ့ယဉ်ကျေးမှုရဲ့ အထွင်းအဖောက်ကိုမရှုမလှခံရတဲ့ မြန်မာမှုထဲမှာ ထိပ်ဆုံးက တခု ဖြစ်လာတယ်။ ဒါကြောင့် မရှုမလှကျဆင်းလာတယ်လို့ဘဲ ပြည်သူတွေခံစားနေကြရတယ်။

တကယ်ကတော့ အငြိမ့်ဆိုတဲ့ သဘင်ဟာ ပြည်သူနဲ့အနီး စပ်ဆုံး အကျွမ်းတဝင်လဲအရှိဆုံး သဘင်တခုမို့၊ အသစ် တည်ဆောက်မယ့် လူ့ဘောင်မှာ အငြိမ့်ဆိုတဲ့သဘင်ကို တန်ဘိုး ရှိရှိ အသုံးချသွားနိုင်မယ်ဆိုယင်၊ ထိရောက်မှုကြီးမယ်၊ အစွမ်း ထက်မြတ်မယ် ဧကန်ပါဘဲ။

“အငြိမ့်” ဆိုတဲ့ ဝေါဟာရကိုသမိုင်းမှာ ပြန်ရှာတဲ့အခါ “အင်းဝခေတ်”ဆီလောက်ကထဲက သေသေချာချာ သုံးစွဲထားတာကို တွေ့ရတယ်။ ဒါပေမယ့် ပဒေသရာဇ်ခေတ် တရှောက်လုံးမှာ အငြိမ့်ပွဲဟာ ပြည်သူလူထုလူများစုကို ဖြေဖျော်တဲ့ပွဲ ဟုတ်ဟန်မတူဘူး။

နန်းတော် အိမ်တော်ထဲမှာဘဲ မင်းလုပ်သူများရဲ့ရှေ့တော်မှာ ဖြေဖျော်ရတဲ့ သဘင်ဖြစ်ပုံရတယ်။ အင်းဝခေတ်ကစပီးကုန်းဘောင်ခေတ်အထိ အငြိမ့်သဘင်မှာ အမှုထမ်းရသူများကို မင်းမှုထမ်းစာရင်းသွင်းပြီး ရေးသားထားခဲ့ကြတဲ့ အထောက် အထားတွေ အများတွေ့ရတယ်။ “ ပွဲများရှိရာ၊ ဖွေရှာတီးမှုတ်၊ သောက်တုတ် လှည့်လည်၊ အငြိမ့်သည် ” လို့ အင်းဝခေတ်ကရေးတဲ့ “ဓမ္မရာသီပျို့” မှာ အငြိမ့်သဘင်သည်ရှိ တယ်ဆိုတာကို ဖော်ထုတ်တဲ့ အရေးအသားတွေ့ရတယ်။

 

မုံရွေးဇေတဝန်ဆရာတော် ရေးတဲ့ “ကုသပျို့” မှာတော့ “ လ၏ ခြံရံ၊ ကြယ်နှယ်ပြွံသည်၊ မိဿံခပင်း၊ ရွှေအိမ်တွင်းဝယ်၊ ညှင်းနှင့် မိကျောင်း၊ စောင်းအောင်းကလေး၊ ရွှေရေးပတ္တလား၊ အငြိမ့်များကို ” လို့ ရေးစပ်ထားတာမို့ အငြိမ့်သဘင်မှာ ညှင်း၊ မိကျောင်း၊ စောင်း၊ အောင်းကလေးနဲ့ ပတ္တယားဆိုတဲ့ တူရိယာတွေကိုသုံးတယ်။ ရွှေအိမ်ရွှေနန်းအတွင်းမှာဘဲ အခြွေအရံတွေရဲ့ အလယ်မှာ အငြိမ့်သဘင်က မင်းကိုဖြေဖျော်ရတယ်ဆိုတာ အသေအချာဖော်ထုတ်ပါတယ်။

ပြင်သစ်ပြည်၊ ပဲရစ်မြို့၊ မုဆီဂီမက်ပြတိုက် မှာတော့ ကုန်း ဘောင်ခေတ် နောက်ပိုင်းလက်ရာ ပုရပိုက်တဆူရှိတယ်၊ ဒီပုရပိုက်ထဲမှာ “ ပတ္တလား၊ စောင်း၊ ညှင်း၊ တယော၊ စည်း တို့ကို တီးမှုတ်လျက်၊ နတ်မိမယ်များ ကနေကြဟန် ” လို့ စာပါတဲ့အငြိမ့်ပန်းချီကားတချပ် ပုရပိုက်နဲ့ရှိတယ်။ ရှေးက နံရံဆေးရေး ကားတွေမှာလဲ အငြိမ့်သဘင်ဟာ မင်းပါးစိုးခွင်က မခွာတဲ့သဘင် အဖြစ် မြင်ရတွေ့ရတာဘဲ။

 

ရတနာပုံမန္တလေးခေတ်မှာတော့ အငြိမ့်သဘင်အမှုထမ်းတွေ ရဲ့ စာရင်းတခုမှာ “ ယာလှည့်အငြိမ့်တော်တွင်၊ စောင်း၊ မိကျောင်း၊ ပုလွေ၊ ပတ္တယား၊ တယော၊ တူရိယာများကိုတီးမှုတ်ပြီး၊ ကျားအဆိုတော် ( ၃ )ဦး၊ မအဆိုတော် ( ၃ )ဦး ပါဝင်သည် ” လို့ ရေးမှတ်ထား တာရှိပါတယ်။

ဒါကြောင့် ပဒေသရာဇ်ခေတ်က အငြိမ့်သဘင်မှာ အတီးသမားပါတယ်။ အဆိုသမားပါတယ်။ တခါတရံ အတီးအဆိုချည်း သက်သက်၊ တခါတလေ အဆိုရော၊ အတီးရော၊ အကရော၊ သီဆိုတီးမှုတ် ကခုန်ကြတယ်လို့ဘဲ သိနိုင်ပါတယ်။ နို့ပေမယ့် ပဒေသရာဇ်စနစ်ကုန်ဆုံးပြီး၊ မြန်မာနိုင်ငံဟာ နယ်ချဲ့သမားလက်အောက်ခံ ကိုလိုနီဘဝရောက်လာတဲ့ အခါတော့ အငြိမ့်ဟာ နန်းတော်အိမ်တော်ထဲက ပြည်သူကြားကိုဆင်းလာခဲ့ ရပါတယ်။

ဆင်းတယ်ဆိုရာမှာ အစမှာတော့ သိပ်နက်နက်ရှိုင်းရှိုင်း မဟုတ်လှသေးဘူး။ ဘာပြုလို့လဲဆိုတော့ အငြိမ့်ရဲ့ ဖွဲ့စည်းပုံ ပုံ သဏ္ဌာန်က ငြိမ့်ငြိမ့်ညောင်းညောင်း သီရဆိုရတီးရမှုတ်ရကရတဲ့ သဘောရှိလေတော့ လူနဲစုကိုဘဲ ဖျော်ဖြေတဲ့အဆင့်မှာ ရှိပါတယ်။

 

ကနေ့အထိတွေ့ရတဲ့အမှတ်အသားများအရ ကိုလိုနီခေတ်မှာ အစောဆုံးအငြိမ့်ဟာ ထိုင်ဆိုအငြိမ့်တွေဘဲ ဖြစ်ပါတယ်။ ထိုင်ဆိုအငြိမ့်မှာ အတီးသမားက ပတ္တယား၊ စောင်း၊ ပုလွေ ( ၃ )ယောက်၊ အဆိုသမား ( ၁ )ယောက်ကနေပီး၊ ၃-၄ ယောက်အထိပါမယ်။ လာတီးလှည့် ဆိုလှည့်ပါလို့ ဖိတ်ရာခေါ်ရာကိုသွားပြီး ဆိုကြတီးကြမယ်။

ဆိုတဲ့အခါ သီချင်းကြီး သီချင်းခန့်ထဲက ပတ်ပျိုး၊ ယိုးဒယားကြိုး၊ ဘွဲ့၊ ဘောလယ်၊ သဖြန့်ပေါ့။ ခေတ်သီချင်းဆိုတယ်ဆိုယင် တေးထပ်ပဲဖြစ်ပါတယ်။ အဲဒီတေးထပ်က အများအားဖြင့် အထူးတလည် ရေးစပ်ထားတာတွေပါ။

ဒီအငြိမ့်သမားတွေဟာ ဝါသနာပါလို့ မနေနိုင်လို့ဆိုကြ တီးကြတယ်။ အပျော်တမ်းသမားတွေ၊ အခကြေးငွေရယ်လို့လဲ သတ်သတ်မှတ်မှတ်မရှိဘူး။ ဖိတ်တဲ့ခေါ်တဲ့လူတွေက ကျွေးမွေးမယ်၊ ပုဝါင်္ကျီပုဆိုးစသဖြင့် ဆုချမယ်၊ တခါတလေငွေကြေးဆုချမယ်ပေါ့။ ဒါနဲ့လိုက်ပြီးဆိုတီးပေးနေကြတာဘဲ။

ဒီအဆိုအတီး သမားတွေဟာ မြန်မာရှင်ဘုရင်ရဲ့ မန္တလေးနန်းတော်ထဲမှာ အသုံးခံခဲ့တဲ့ စောင်းဆရာ #ဣန္ဒာဒေဝ၊ #ဦးဖူးခေါင်၊ မိကျောင်းတီးတဲ့ #ဆရာသင်း၊ တယောဆရာ #ကွမ်းဘိုးထိန်းကြီး၊ #ပတ္တယားဦးလွမ်းပြေ၊ #ပုလွေဆရာမှုန်၊ #စန္ဒယားဆရာညွန့် တို့နဲ့ သူတို့က ဆင်းသက်တဲ့ တပည့်တပန်းတွေပါဘဲ။ အဆိုမှာလဲ #တပယ်ခင်သစ်၊ #မယ်လုပ်၊ #သံဆန်းဆိုသာပြောကလေး တို့ ဆင်းသက်တဲ့ အဆိုသမားတွေများတာပါဘဲ။

မန္တလေးမြို့တည်ပြီး ( ၁၁ )နှစ်အကြာမှာ မင်းတုန်းမင်းကြီးကို စန္ဒယား ( ၁ )လုံးဆက်တယ်။ ဒီစန္ဒယားကို ဆရာညွန့် စတီးတယ်လို့ ဆရာစဉ် အမှတ်အသားရှိပါတယ်။ ဒါကြောင့် ရှေးအငြိမ့်ထဲမှာ စန္ဒယားထည့်လာတယ်။ စန္ဒယား အငြိမ့်ကြီးဆိုတဲ့ အငြိမ့်အဖွဲ့မျိုးကိုလဲ ဖွဲ့စည်းလာခဲ့ကြဘူးတယ်။

အငြိမ့်ဆိုသည်မှာ အဆို၊ အတီး၊ အက သုံးမျိုး ရောစပ်ထားသော သဘင်တစ်မျိုး ဖြစ်ပါတယ်။ ကြည့်ရ ကြားရသူတို့၏ စက္ခုအာရုံ၊ သောတအာရုံ၌ ငြိမ့်ငြိမ့်ငြောင်းငြောင်း ရှိစေသော အဆို အတီး အကမျိုးဖြစ်သဖြင့် အငြိမ့်ဟုခေါ်ကြောင်းဖြင့် ဆိုကြပါတယ်။ ဆိုသူ တီးသူ ကသူ အားလုံးသည် ယဉ်ကျေးစွာ ဆိုကြ၊ တီးကြ၊ ကကြရပြီးလျှင် ဣန္ဒြေရရ သိမ်သိမ်မွေ့မွေ့ နူးနူးညံ့ညံ့ ငြင်ငြင်သာသာ ကပြ သီဆိုကြရသဖြင့် အလွန်သိမ်မွေ့နူးညံ့သော သဘင်တစ်ရပ် ဖြစ်ပါတယ်။

မြန်မာဇာတ်သဘင်ကဲ့သို့ အဆို အတီး အက အငို အသော အလွမ်း စသည်တို့ကို စုပေါင်း၍ ဇာတ်၊ လုပ်ဇာတ်၊ ဗုဒ္ဓဝင်၊ ရာဇဝင်၊ မဟာဝင် နှင့် နိပါတ်တော်လာများ သရုပ်ဆောင်ရခြင်းမျိုး မဟုတ်ဘဲ၊ ဆိုခြင်း၊ တီးခြင်း၊ ကခြင်းမျှသာ ဖြစ်ရာ စက္ခု အာရုံရော သောတအာရုံ၌ပါ နားဝင်ပီယံ ဖြစ်ကာ၊ ကြည်လင် ရွှင်ပြ၍ ချမ်းမြေ့နှစ်ခြိုက်စရာများကို ဖန်တီး ပေးနိုင်စွမ်း ရှိသည့် သဘင်ပညာ တစ်မျိုးဟု ဆိုရပါမယ်။

ထို့ကြောင့် မြန်မာဆေးဆရာကြီးများ သည် သွေးပျစ်၍ အေးသောသူ၊ သွေးကျဲ၍ မူးသောသူ၊ သည်းခြေနာသမားများအား စောင်းကောက် အငြိမ့်ဖြင့် ငြိမ့်ငြိမ့်ကလေး ကပြသီဆို ကုသကြောင်းဖြင့် သဘင်ဝန် #ဦးနု က သူ၏မှတ်တမ်းတွင် ဆိုထားပါတယ်။ အခြားအကသဘင်များနှင့် မတူသည့် အငြိမ့်၏ ထူးခြားချက်တစ်ရပ်မှာ မင်းသားဟူ၍ လုံးဝ မပါခြင်းပင် ဖြစ်ပါတယ်။

အငြိမ့်ကို နှစ်မျိုးနှစ်စား ခွဲနိုင်ပြီး၊ “ထိုင်ဆိုအငြိမ့်” နှင့် “တပင်တိုင်အကအငြိမ့် ” ဟူ၍ ဖြစ်ပါတယ်။ထိုင်ဆိုအငြိမ့်သည် ရှေးဦးပေါ်ပေါက်သော အငြိမ့်မျိုးဖြစ်ပါတယ်။ ယင်းကို နန်းတွင်းဧည့်ခံဖျော်ဖြေမှုများ၌ တွေ့ရတတ်တာပါ။ ထိုနောက် တပင်တိုင်အကနှင့်တွဲဘက်ဖျော်ဖြေရာမှ တပင်တိုင် အကအငြိမ့် ပေါ်လာခြင်း ဖြစ်ပါတယ်။

 

“ပုဂံအာနန္ဒာအုတ်ကျောင်း”အတွင်းရှိ ကုန်းဘောင်ခေတ် ပန်းချီလက်ရာဖြစ်သော ပုံတစ်ပုံတွင် မိကျောင်းတူရိယာကို တစ်ဦးက တီး၍ အခြားအမျိုးသမီး နှစ်ဦးက ကပြနေကြဟန်ကို၎င်း၊ ပုဂံမြို့ “စူဠာမဏိဘုရား”မှ ကုန်းဘောင်ခေတ် ပန်းချီဆေးရေး ရုပ်တစ်ခု၌ ပုံတစ်လုံး၊ လေမှုတ်ကရိယာ တစ်ခု၊ ခတ်စည် တစ်စုံ၊ စောင်းတစ်လက်နှင့် ကပြနေဟန်ကို၎င်း၊ #မင်းတုန်းမင်းကြီး၏ “ပုရပိုက်ဖြူ”တွင်ပါသော ပန်းချီကားချပ် တစ်ခုတွင် မိဖုရား၊ သို့မဟုတ် မင်းသမီးတစ်ပါးအား အနီးမှ အပျိုတော်တစ်ဦးက နှိပ်နယ် နေ၍၊ ရှေ့တော်၌ အမျိုးသမီးတစ်ဦးက ကပြနေဟန်ကို၎င်း တွေ့ရခြင်းကို ထောက်၍ အငြိမ့် နှစ်မျိုးစလုံးသည် မြန်မာမင်းများ လက်ထက်တွင် ရှိခဲ့သည်ဟု ယူဆဖွယ်အကြောင်းရှိပါတယ်။

သို့ရာတွင် တိတိကျကျ အားဖြင့် မည်သူမည်ဝါ သည် မည်သည့် အတီးတော်နှင့် တွဲဖက်၍ မည်ကဲ့သို့ ကပြရသည် ဟူသော မှတ်သားချက်များ မတွေ့ရှိရသေးသဖြင့် နန်းတွင်းအငြိမ့်ဟူသည် ယောက်ျားမိန်းမ ထိုင်ဆို တီးဝိုင်းသာ ဖြစ်တယ်။ အကအခုန် မပါဟု အချို့ ပညာရှင်များက ရေးသားခဲ့ကြခြင်း ဖြစ်ဟန်တူပါတယ်။

စာပေကျမ်းဂန်များ၌မူ တီးမှုတ်ရသော တူရိယာကို လိုက်၍ အငြိမ့်များကို ခွဲပြထားပါတယ်။ “ကုသပျို့”၌ “ ညှင်းနှင့် မိကျောင်း၊ စောင်း အောင်းကလေး၊ ရွှေရေး ပတ္တလား၊ အငြိမ့်များကို ”ဟုလည်းကောင်း၊ “နာရဒပျို့”၌ “ စောင်းညှင်း မိကျောင်း၊ အောင်းကလေး တခြား၊ ပတ္တလားနှင့် လက်ဖျား သံနှော၊ တယောဟူသည် ခြောက်မည် ငြိမ့်မျိုး ”ဟုလည်းကောင်း ရေးသားခဲ့ကြ ပါတယ်။

ယင်းသည်ကို ထောက်၍ ၎င်း၊ ဘုရားတန်ဆောင်း ဂူကျောင်းများကို ထောက်၍၎င်း ကုန်းဘောင်ခေတ် အငြိမ့် များတွင် အဖြည့်တီးမှုတ်ပေးသောပုံ၊ လေမှုတ် ကရိယာနှင့် စည်းမှလွဲလျှင် စောင်းဖြင့်၎င်း၊ မိကျောင်းဖြင့်၎င်း၊ တစ်လက် ကောင်းသာ တီးသည်ဟု ယူဆဖွယ်ပါ။ စောင်း၊ မိကျောင်း၊ ပတ္တလား၊ တယော စသည်တို့သာ ငြင်သာ ငြိမ့်ငြောင်းစွာ အသံထွက်သည့် တူရိယာမျိုးများ ဖြစ်ကြသောကြောင့် ယင်းတို့ဖြင့် အသုံးတော်ခံသောသဘင်ကို အငြိမ့်ဟု ခေါ်ခဲ့ကြခြင်း ဖြစ်သည်ဟု ယူသော် ရနိုင်ပါတယ်။

ပုဂံခေတ် ဥယျာဉ်တော် ပွဲသဘင်များမှ ထိုင်ဆိုအငြိမ့် တို့သည် ကုန်းဘောင်ခေတ်တွင် တပင်တိုင်အငြိမ့် အသွင်သို့ ပြောင်းလဲလာခဲ့သည်ဟု တွေးထင်ဖွယ် ရှိပါတယ်။ #နရပတိစည်သူမင်း လက်ထက် သီဟိုဠ်ကျွန်းမှ ကြွရောက်လာသော မထေရ်မြတ်တို့အား ပူဇော်ပွဲသဘင်ကျင်းပရာတွင် ကချေသည် အချို့ ပါဝင်ကပြကြောင်း သိရရာ အငြိမ့် သို့မဟုတ် တပင် တိုင်အက ကဲ့သို့သော အကတစ်မျိုးသည် ပုဂံခေတ်ကတည်းကပင် ပေါ်ပေါက်ခဲ့ဟန် ရှိသလောဟု ယူဆဖွယ်ဖြစ်ပါတယ်။

ရှေးအခါက ဘုရင်မင်းမြတ်ထံ ရတု ရကန် မော်ကွန်း စသည်တို့ကို ဆက်သရာ၌ စာတော်ဖတ်၊ သို့မဟုတ် စည်းဝါးပိုင်နိုင် စွာ ဆိုတတ်သူ နန်းတွင်းသူ၊ နန်းတွင်းသားတစ်ဦးက အသံနေ အသံထားဖြင့် ဘုရင့်ရှေ့တော်ဝယ် ဖတ်ပြရတယ်။ ယင်းသို့ ဖတ်ပြရာတွင် တစ်ဦးက တူရိယာတစ်ခုခုဖြင့် ကူညီ တီးမှုတ်ပေးပြီးလျှင် အခြားတစ်ဦးက စည်းလိုက်ပေးရတယ်။

များသောအားဖြင့် ဘုရင်များကို ညဉ့်ဦးယံဝယ် ထိုင်ဆိုများဖြင့် ဖျော်ဖြေလေ့ ရှိကြတယ်။ ထို့ပြင် ကုန်းဘောင်ခေတ်တွင် မြေဝိုင်းအကများ ခေတ်စားလာရာ ယင်းအကအဖွဲ့များမှ ထူးချွန်သူ အမျိုးသမီးတို့အား နန်းတွင်း၌ ခစားစေ၍ အပျင်းတော်ပြေစေမှုအတွက် အကအမျိုးမျိုးဖြင့် အပျော်တော် ဆက်စေရာမှ တပင်တိုင်အငြိမ့်များ ပေါ်ခဲ့ဟန်တူပါတယ်။ နန်းရပ်ပွဲသဘင်နှင့် ဥယျဉ်တော်ပွဲများ၌၎င်း၊ မိဖုရားကြီးငယ်များနှင့် ပင်တိုင်စံမင်းသမီးတို့၏ အဆောင်တော်များတွင်၎င်း ကပြဖျော်ဖြေမှုများ ရှိခဲ့ကြောင်းကို ကုန်းဘောင်ခေတ် ပန်းချီလက်ရာများ အရ သိရပါတယ်။

ရှေးအခါက အငြိမ့်သဘင်ကို နန်းတွင်း၌သာ ကပြအသုံး တော်ခံလေ့ရှိတာပါ။ #သီပေါမင်း ပါတော်မူပြီးနောက် နန်းတွင်း၌သာ ကပြခဲ့လေ့ရှိသော အငြိမ့်ပညာသည်များသည် ရုတ်ခြည်း ပြင်ပတွင် ကပြရန် စိတ်မရဲ ဖြစ်ကြပါတယ်။ ထိုကြောင့် ပညာသည်ကြီးများက လူငယ်ပိုင်းအား သင်ကြားပေးကာ အငြိမ့်ကို ပြန်လည် အသက်သွင်းကြတယ်။ ဦးစွာ၌ မြေပြန့်မှာပင် ကစေပြီးလျှင် စောင်းနှင့်ပြွေ တွဲဘက်တီးတယ်။

စောင်းကို နတ်ကြီးသည်ဟု ယူဆကာ စင်မြင့်ပေါ်တင် တီးကြတယ်။ မြန်မာမင်းများ ပါတော်မူ၍ မြန်မာသဘင်ပညာသည်များလည်း အလှည့်သင့်ရာ ရောက်ရှိနေကြရာ #စလေဦးပုည ထံ တပည့်အဖြစ် ခံယူခဲ့သော စာဆိုတော် စောင်းဆရာကြီး #ဦးဖေဖြူ သည် ရန်ကုန်မြို့သို့ ရောက်လာတယ်။ ဆရာဖြူသည် ရန်ကုန်မြို့၌ ပရိသတ် အလယ်တွင် ကုတင်ကလေးပေါ်၌ ထိုင်ကာ စောင်းတီးပြလေ့ ရှိပါတယ်။

 

ထိုစောင်းတီးဝိုင်းတွင် တစ်ဦးက ထိုင်၍ဆိုကာ အခြားတစ်ဦးက ပြွေကို မတိုးမကျယ် မှုတ်ပေးရတာပါ။ နောက်မကြာမီ ထိုစောင်းတီးဝိုင်းတွင် “လက်ျာ အဆို” “လက်ဝဲအဆို”ဟု အဆို နှစ်ဦးထားကာ သီဆိုတီးမှုတ်လာခဲ့ပါတယ်။ တဖြည်းဖြည်း စောင်းနှင့်သာ မဟုတ်၊ ပတ္တလားနှင့်ပါ ဖျော်ဖြေလာကြတယ်။ အငြိမ့်ပတ္တလား တီးဆိုကြရာ၌ ပြွေမှုတ်သူနှင့် စည်းကိုင်၍ဆိုသူမျှသာ ပါပါတယ်။ ထိုနောက် ပတ္တလား၊ ဘာဂျာ၊ ပြွေ တွဲ၍ ထိုမှ တစ်ဆင့် ပုံကလေး နှစ်လုံးပါ တွဲလာပါတယ်။

ထိုအခါက ဆရာဖြူအပြင် ထင်ရှားသော ထိုင်ဆို အငြိမ့်သဘင် ပညာသည်များမှာ ဣန္ဒာဒေဝဘွဲ့ခံ “ဦးဦးကံ” ( စောင်း )၊ “ဆရာညွန့်” ( ပတ္တလား )၊ “ဦးတက်တူ” ( ထိုင်ဆိုသံပျက် )၊ “ဦးမြတ်ဖြူ” ( ထိုင်ဆို )၊ “ဦးဘာဘူ” ( ထိုင်ဆို )၊ “ဦးသာဒွန်း” ( ထိုင်ဆို )၊ “ဦးကျော်တင်” ( ထိုင်ဆို )၊ “သံစုံဦးရွက်” ( ထိုင်ပြော )တို့ ဖြစ်ပါတယ်။ ယင်းတို့သည် မင်းပွဲ စိုးပွဲ အလှူပွဲများတွင် အသုံးတော်ခံရသော ပုဂ္ဂိုလ်ကျော်များ ဖြစ်ကြပါတယ်။

ထိုင်ဆိုများ ရိုးလာသောအခါ ၁၂၅ဝ-ပြည့်နှစ်ခန့်တွင် အကပါထည့်၍ ဖျော်ဖြေကြပြန်တယ်။ အငြိမ့်အကသည် နာမည်ကြီး ဇာတ်မင်းသမီး တစ်ဦးဖြစ်သော မော်လမြိုင် #စိန်ငုံကြီး နှင့် စသည်ဟု ဆိုကြပါတယ်။ မင်းသမီးကိုယ်တိုင် ထကသည်ဟု ဆိုသော်လည်း ကိုယ်တိုင်သီဆိုခြင်းကား မပြုသေးချေ။ အဆိုတော်တစ်ဦးက ဘေးမှ သီဆိုပေးရတာပါ။ အငြိမ့်ကသော မင်းသမီးသည် စင်မင်းသမီးရုပ်ကလေးများ ကသကဲ့သို့ ကြိုးမျိုးစုံအောင် ကျကျနန ကရတယ်။

အငြိမ့်ထွက်ချိန်မှာ ရှစ်နာရီခန့်မှစ၍ မင်းသမီးသည် တစ်နာရီခန့် ကတယ်။ ထိုနောက် ထိုင်ဆိုနှစ်ဦးက ( ၁၁ )နာရီတိုင် အောင် ဆိုပြီးလျှင် ( ၁၁ )နာရီမှ ( ၁၂ )နာရီအတွင်း မင်းသမီး ပြန်ထွက်လာ၍ ကလေ့ ရှိတယ်။ ( ၁၂ )နာရီတွင် ပွဲသိမ်းတယ်။ ထိုခေတ်က ထင်ရှားလောသာ အငြိမ့်ဆရာများမှာ “ဆရာညီ” ( စောင်း )၊ “ဦးရေကောင်း” ( ထိုင်ဆို )၊ “ဦးကန်သူ” ( ထိုင်ဆို )၊ “ဦးကြာပေါ်” ( ထိုင်ဆို )စသည်တို့ ဖြစ်ကြပါတယ်။

စိန်ငုံကြီး ခေတ်ကုန်သွားသောအခါ မင်းသမီး #စိန်လုံ ခေတ် ထလာတယ်။ စိန်လုံ၏ခေတ်တွင် တစ်ပါးသူ သီဆိုပေးသည်ကို ကရခြင်းသည် မင်းသမီးသိက္ခာ ကျသည်ဟု ယူဆ၍လောမသိ၊ မင်းသမီးကိုယ်တိုင် သီချင်းဆို၍ ကတယ်။ မင်းသမီး တစ်ယောက်တည်း သီချင်းဆိုနေရသဖြင့် အမောပြေစေရန်နှင့် ကကွက် ထောက်ပေးရန် လူရွှင်တော် ( လူပြက် ) တစ်ယောက် လည်း ပါလာပါတယ်။

 

ထိုခေတ် တီးဝိုင်းတွင် စောင်းနှင့်ပြွေ အပြင် ဝါးပတ္တလားနှင့် ပုံလေးလုံးကိုပါ ဖြည့်စွက်ခဲ့တယ်။ ယခင်အခါများက ပြွေကို တော်သင့်ရုံ မှုတ် သော်လည်း ယခုမူ ပုံလေးလုံးတွင် ဒုံးလုံးကြီးပါ ထည့်တီး သဖြင့် တကြောင်း၊ ဝါးပတ္တလားသံကြောင့်တကြောင်း အသံချင်းညီမျှစေရန် အသံကျယ်ကျယ် ဖွင့်၍ မှုတ်ပါတယ်။

စိန်ငုံကြီး၊ စိန်လုံ တို့ခေတ်နောက်ပိုင်း နာမည်ကျော်ခဲ့သော အငြိမ့်မင်းသမီးများမှာ — စိန်နွဲ့ကြီး၊ မစိန်ညှာ၊ ရေကျော်စိန်ပု၊ ဒေါ်စိန်သုံ၊ ဒေါ်ငွေလှိုင်၊ မစိန်ဥ၊ နေပြည်တော်မြရီ၊ ဗားမင်းနီးယားမြသီ၊ ဥဩမယ်တင့်၊ အိန္ဒိယမစိန်မှုံ၊ မစိန်ဆင်၊ မစိန်တင်၊ မစိန်မြိုင်၊ မစိန်လှိုင်၊ မစိန်ချစ်၊ မစိန်လွင်၊ ဗိလတ်ပြန်စိန်တင်၊ ယုဇနအေးစိန်၊ ပေါ်လင်းတင်၊ အာဝါဒေးမမြတင်၊ ချင်းမကလေး အောင်စိန်၊ ပလိုတီယာမသိန်း၊ ရွှေခြေကျင်းမသန့်စင်၊ မြခြေချင်းမငွေမြိုင်၊ ဩဘာသောင်း၊ ဩဘာညွှန့်၊

လေဘာတီမမြရင်၊ ဥက္ကလာအေးကြည်၊ ဂီတမယ်လှကလေးစိန်၊ ဒေါပုံခင်ကြည်၊ ယိုးဒယားအောင်သိန်းတင်၊ ဒဂုံခင်လှကြည်၊ ရတနာပုံခင်ကြည်၊ နေပြည်တော်မဂျမ်းစိန်၊ တလိုင်းမမြကြင်၊ မမြလွင်၊ ယူနီဗာစီတီမြသန်း ကြည်၊ တရုတ်မကလေး မတင်ကြည်၊ တက္ကသိုလ်ပြည် သိန်းတင်၊ ဝိဇ္ဇာမယ်၊ ရွှေနှင်းဆီမတင်ညွန့်၊ ဒီးဒုတ်ခင်မြိုင်၊ ကောလိပ်စိန်၊ ရွှေနှင်းဆီမတင်ညွန့်၊ ဖက်ရှင်မအောင်ငွေ၊ ရွှေလိပ်ပြာ၊ ကောလိပ်မြိုင်၊ တက္ကသိုလ်စိန်၊ ယိုးဒယားအမာစိန်၊ ဆိုဗီယက်ပြန်နွဲ့နွဲ့စန်း စသည်တို့ ဖြစ်ကြပါတယ်။

 

Credit

 

Zawgyi

 

ေပ်ာက္ကြယ္လုနီးပါး ျဖစ္ေနတဲ့ ျမန္မာ့အၿငိမ့္သဘင္ အေၾကာင္းသိေကာင္းစရာ

 

 

အၿငိမ့္ဆိုတဲ့ သဘင္တရပ္ဟာ ျမန္မာ့ဓေလ့စရိုက္နဲ႕အညီ ျဖစ္ေပၚလာတဲ့ အဖြဲ႕အစည္းတခုပါ။ သူကဇာတ္လို ႐ုပ္ေသးလို ညလုံးေပါက္ မကဘူး။ ည ( ၉ )နာရီေလာက္ ပြဲထြက္တယ္။ ( ၁၂ )နာရီ နာရီျပန္တခ်က္မယ္ ပြဲသိမ္းတယ္။

ဒါေၾကာင့္ သူ႕ၾကည့္ခ်င္ယင္ အိပ္ေရးပ်က္ခံစရာမလိုလွဘူး။ ပီးေတာ့သူက ေနရာအတည္ တက်ရွိမွ ကလို႔ရတာမ်ိဳးမဟုတ္ဘူး။ ဘယ္နားမွာဘဲျဖစ္ျဖစ္ ကြက္လပ္ကေလး အလိုက္အထိုက္ရွိယင္ ပြဲခင္းနိုင္တယ္။ ဒါေၾကာင့္ အၿငိမ့္ၾကည့္ခ်င္ယင္ ေနရာဝယ္ထားဘို႔လဲမလိုပါဘူး။

ပူလို႔အိုက္လို႔ပဲျဖစ္ျဖစ္၊ မအိပ္ခ်င္ေသးလို႔ျဖစ္ျဖစ္၊ အေညာင္း အညာေျပ လမ္းေရွာက္ရင္း တီးသံၾကားရာ ထြက္သာလာခဲ့၊ ပြဲထြက္ေနတာေတြ႕ယင္ မိုးတိုးမတ္တပ္ ရပ္ၾကည့္ေပါ့။ ၾကည့္မိေတာ့ စိတ္ဝင္စားတယ္ဆိုယင္ျဖင့္ ဖင္တေနရာစာရွာပီး ထိုင္သာ ၾကည့္ပါေရာ့။ “ လာတုန္းကေတာ့ ခဏရယ္လို႔ လာတာဘဲ၊ လူျပက္ေတြ ရီရတာနဲ႕ မျပန္နိုင္ဘူး ” လို႔ ေျပာလဲရတယ္။ “

မင္းသမီးေလး ေတြက႐ုပ္လဲမဆိုးဘူး၊ အသံလဲအေတာ္သား၊ ကပုံကေလးေတြ လဲ မရိုင္းတာမို႔၊ ပြဲသိမ္းမွျပန္ခဲ့တယ္ ” လို႔ ေျပာလဲရတယ္။ အၿငိမ့္ ၾကည့္ဖို႔ကိစၥဟာ အဲသေလာက္ေပါ့ပါးလြယ္ကူတယ္။

အၿငိမ့္မွာ မင္းသမီးရယ္၊ လူျပက္ရယ္၊ အတီးအဖြဲ႕ရယ္ ( ၃ )ပိုင္း ရွိတယ္။ အၿငိမ့္မင္းသမီးက သီခ်င္းဆိုၿပီးကတာဘဲ။ သူသီဆိုတဲ့ သီခ်င္းက ေဖေတာ့ ေမာင္ေတာ့ ရည္စားေမွ်ာ္သီခ်င္းပဲျဖစ္ရ မယ္လို႔ ေလွနံဓားထစ္သတ္မွတ္ေပးမထားပါဘူး။

 

အၿငိမ့္မင္းသမီး သီခ်င္းက ေခတ္ကာလနဲ႕၊ အေျခအေနနဲ႕၊ ပတ္ဝန္းက်င္နဲ႕၊ အခ်ိန္အခါကို လိုက္ပီး လူေတြလႈပ္ရွား စိတ္ဝင္စားေနတဲ့ အေၾကာင္းအရာ ဘာကိုမဆို သီခ်င္းဆိုလို႔ရပါတယ္။ အၿငိမ့္သီခ်င္းဆိုတာ ဘယ္ အေၾကာင္းအရာမ်ိဳးကိုသာ ေရးစပ္ထားတာ ျဖစ္ရမယ္လို႔ ဘယ္တုန္းကမွလဲ မသတ္မွတ္ခဲ့ဖူးဘူး။ ဘယ္သူက မွလဲ သတ္သတ္မွတ္မွတ္ ေရးစပ္ ေပးမေနပါဘူး။

ဒါေၾကာင့္ အၿငိမ့္သီခ်င္းေတြဟာ အခ်စ္ေရးနဲ႕လဲရွိ၊ စစ္ေရးနဲ႕လဲရွိ၊ နိုင္ငံေရး နဲ႕ လဲရွိ၊ လူမႈေရးနဲ႕လဲရွိ ဆိုသလို အေရးမ်ိဳးစုံရွိေနပါတယ္။ မင္းသမီးကခ်ည္းလား၊ လူျပက္ကေကာ ဘယ္လိုလဲလို႔ ေမးယင္၊ အၿငိမ့္မွာ ခ်စ္စရာ ျမတ္နိုးစရာ အေကာင္းဆုံးအဂၤါတရပ္ ဟာ လူျပက္ေတြရဲ႕ လြတ္လပ္စြာ ေဝဖန္သေရာ္ ျပက္ရယ္ျပဳခြင့္ အစဥ္အလာဘဲလို႔ေတာင္ ေျပာရမေလာက္ ျဖစ္ပါတယ္။

လူျပက္ရဲ႕အလုပ္က မင္းသမီးကလို႔ဆိုလို႔ ေမာယင္ အေမာ ေျပေအာင္ ၾကားဝင္ၿပီး ရီစရာျပက္ရတဲ့တာဝန္ဟာ သူတို႔တာဝန္ပါ။ ဒီလိုတာဝန္ရွိရာမွာ “ လူျပက္ မည္သည္၊ ဘယ္အေၾကာင္း အရာကိုသာ ျပက္ရယ္ျပဳနိုင္သည္၊ ဘယ္အေၾကာင္းအရာမ်ိဳးကို ျပက္ရယ္ျခင္းမျပဳရ ” လို႔ ဘယ္မင္း ဘယ္အစိုးရကမွ အမိန့္ထုတ္ျပန္ ထားျခင္းမရွိခဲ့ဘူး။

ပေဒသရာဇ္ေခတ္မွာေတာင္မွ လူျပက္မွာ လြတ္လပ္ခြင့္ အျပည့္ရွိခဲ့တယ္။ ဒါေၾကာင့္ စည္းမေစာင့္တဲ့လူျပက္က်ေတာ့ နတ္ေနဘကိုင္းေတာင္ မခ်န္ဘူး၊ ဘာသာေရးလဲထည့္ ျပက္တာဘဲ။ အဲသေလာက္လြတ္လပ္ၾကတယ္။ အၿငိမ့္သဘင္ရဲ႕ အလုပ္ခြင္ဟာ ဒီလို လြတ္လပ္တာနဲ႕အတူ အၿငိမ့္ပြဲကိုလဲ လူေတြက လြတ္လြတ္လပ္လပ္ပဲပြဲခံၾကတယ္။

အၿငိမ့္ဆိုတာ ဘယ္လိုအခမ္းအနားမွာမွ ကျပၾကတယ္ရယ္ လို႔ သတ္မွတ္မထားပါဘူး၊ ပြဲၾကည့္ခ်င္ယင္ အေၾကာင္းရွာၿပီး ပြဲျပလို႔ ေတာင္ရတယ္။ ကေလးကင္ပြန္းတပ္လို႔၊ ဘုရား ( ၉ )ဆူပူေဇာ္လို႔၊ ဒီအရပ္လြန္ပြဲ မိန္းမဘက္ကနိုင္လို႔၊ ဝန္ေထာက္ႀကီး ရွမ္းျပည္ေျပာင္းရလို႔၊ ဘေတာ္ပ်ံ ရွိလို႔၊ ဒီေက်ာင္းက စာေမးပြဲအေအာင္မ်ားလို႔၊ ဗိုလ္တကာ့ ဘုရင္ က်ဴရွင္က ဂုဏ္ထူးေအာင္ ( ၃ )ေယာက္ပါလို႔၊ ဘာလို႔ညာလို႔ စသျဖင့္ အေၾကာင္းအမ်ိဳးမ်ိဳးနဲ႕ အၿငိမ့္ပြဲခံနိုင္တယ္။

အၿငိမ့္ရဲ႕ ပုံသဏၭာန္ဟာ ဘယ္ဘက္ကဘဲ ေနၾကည့္ၾကည့္ ေပါ့ေပါ့ပါးပါးနဲ႕ ေျခနိုင္လက္နိုင္ လြယ္လြယ္ကူကူတယ္ရွိတာကိုး။ “ မင္းတို႔ျမန္မာေတြ ေပါ့ေပါ့နဲ႕ ေပ်ာ္ေပ်ာ္ေနရယင္ပီးေရာ ”ဆိုတဲ့ ေဝဖန္သံထဲက အတိုင္းပါဘဲ။ အၿငိမ့္ဟာ ျမန္မာႀကိဳက္ပုံစံနဲ႕၊ ဘာေၾကာင့္ျဖစ္ျဖစ္ လြယ္လြယ္ပြဲခံလို႔ရေအာင္ ဖြဲ႕စည္းလာတဲ့ သဘင္တရပ္ပါ။

ဒီသဘင္ဟာ စစ္ပီး ဒီဘက္‌ေခတ္မွာ နယ္ခ်ဲ့ယဥ္ေက်းမႈရဲ႕ အထြင္းအေဖာက္ကိုမရႈမလွခံရတဲ့ ျမန္မာမႈထဲမွာ ထိပ္ဆုံးက တခု ျဖစ္လာတယ္။ ဒါေၾကာင့္ မရႈမလွက်ဆင္းလာတယ္လို႔ဘဲ ျပည္သူေတြခံစားေနၾကရတယ္။

တကယ္ကေတာ့ အၿငိမ့္ဆိုတဲ့ သဘင္ဟာ ျပည္သူနဲ႕အနီး စပ္ဆုံး အကြၽမ္းတဝင္လဲအရွိဆုံး သဘင္တခုမို႔၊ အသစ္ တည္ေဆာက္မယ့္ လူ႕ေဘာင္မွာ အၿငိမ့္ဆိုတဲ့သဘင္ကို တန္ဘိုး ရွိရွိ အသုံးခ်သြားနိုင္မယ္ဆိုယင္၊ ထိေရာက္မႈႀကီးမယ္၊ အစြမ္း ထက္ျမတ္မယ္ ဧကန္ပါဘဲ။

“အၿငိမ့္” ဆိုတဲ့ ေဝါဟာရကိုသမိုင္းမွာ ျပန္ရွာတဲ့အခါ “အင္းဝေခတ္”ဆီေလာက္ကထဲက ေသေသခ်ာခ်ာ သုံးစြဲထားတာကို ေတြ႕ရတယ္။ ဒါေပမယ့္ ပေဒသရာဇ္ေခတ္ တေရွာက္လုံးမွာ အၿငိမ့္ပြဲဟာ ျပည္သူလူထုလူမ်ားစုကို ေျဖေဖ်ာ္တဲ့ပြဲ ဟုတ္ဟန္မတူဘူး။

နန္းေတာ္ အိမ္ေတာ္ထဲမွာဘဲ မင္းလုပ္သူမ်ားရဲ႕ေရွ႕ေတာ္မွာ ေျဖေဖ်ာ္ရတဲ့ သဘင္ျဖစ္ပုံရတယ္။ အင္းဝေခတ္ကစပီးကုန္းေဘာင္ေခတ္အထိ အၿငိမ့္သဘင္မွာ အမႈထမ္းရသူမ်ားကို မင္းမႈထမ္းစာရင္းသြင္းၿပီး ေရးသားထားခဲ့ၾကတဲ့ အေထာက္ အထားေတြ အမ်ားေတြ႕ရတယ္။ “ ပြဲမ်ားရွိရာ၊ ေဖြရွာတီးမႈတ္၊ ေသာက္တုတ္ လွည့္လည္၊ အၿငိမ့္သည္ ” လို႔ အင္းဝေခတ္ကေရးတဲ့ “ဓမၼရာသီပ်ိဳ႕” မွာ အၿငိမ့္သဘင္သည္ရွိ တယ္ဆိုတာကို ေဖာ္ထုတ္တဲ့ အေရးအသားေတြ႕ရတယ္။

 

မုံေ႐ြးေဇတဝန္ဆရာေတာ္ ေရးတဲ့ “ကုသပ်ိဳ႕” မွာေတာ့ “ လ၏ ၿခံရံ၊ ၾကယ္ႏွယ္ႃပြံသည္၊ မိႆံခပင္း၊ ေ႐ႊအိမ္တြင္းဝယ္၊ ညွင္းႏွင့္ မိေက်ာင္း၊ ေစာင္းေအာင္းကေလး၊ ေ႐ႊေရးပတၱလား၊ အၿငိမ့္မ်ားကို ” လို႔ ေရးစပ္ထားတာမို႔ အၿငိမ့္သဘင္မွာ ညွင္း၊ မိေက်ာင္း၊ ေစာင္း၊ ေအာင္းကေလးနဲ႕ ပတၱယားဆိုတဲ့ တူရိယာေတြကိုသုံးတယ္။ ေ႐ႊအိမ္ေ႐ႊနန္းအတြင္းမွာဘဲ အေႁခြအရံေတြရဲ႕ အလယ္မွာ အၿငိမ့္သဘင္က မင္းကိုေျဖေဖ်ာ္ရတယ္ဆိုတာ အေသအခ်ာေဖာ္ထုတ္ပါတယ္။

ျပင္သစ္ျပည္၊ ပဲရစ္ၿမိဳ႕၊ မုဆီဂီမက္ျပတိုက္ မွာေတာ့ ကုန္း ေဘာင္ေခတ္ ေနာက္ပိုင္းလက္ရာ ပုရပိုက္တဆူရွိတယ္၊ ဒီပုရပိုက္ထဲမွာ “ ပတၱလား၊ ေစာင္း၊ ညွင္း၊ တေယာ၊ စည္း တို႔ကို တီးမႈတ္လ်က္၊ နတ္မိမယ္မ်ား ကေနၾကဟန္ ” လို႔ စာပါတဲ့အၿငိမ့္ပန္းခ်ီကားတခ်ပ္ ပုရပိုက္နဲ႕ရွိတယ္။ ေရွးက နံရံေဆးေရး ကားေတြမွာလဲ အၿငိမ့္သဘင္ဟာ မင္းပါးစိုးခြင္က မခြာတဲ့သဘင္ အျဖစ္ ျမင္ရေတြ႕ရတာဘဲ။

 

ရတနာပုံမႏၲေလးေခတ္မွာေတာ့ အၿငိမ့္သဘင္အမႈထမ္းေတြ ရဲ႕ စာရင္းတခုမွာ “ ယာလွည့္အၿငိမ့္ေတာ္တြင္၊ ေစာင္း၊ မိေက်ာင္း၊ ပုေလြ၊ ပတၱယား၊ တေယာ၊ တူရိယာမ်ားကိုတီးမႈတ္ၿပီး၊ က်ားအဆိုေတာ္ ( ၃ )ဦး၊ မအဆိုေတာ္ ( ၃ )ဦး ပါဝင္သည္ ” လို႔ ေရးမွတ္ထား တာရွိပါတယ္။

ဒါေၾကာင့္ ပေဒသရာဇ္ေခတ္က အၿငိမ့္သဘင္မွာ အတီးသမားပါတယ္။ အဆိုသမားပါတယ္။ တခါတရံ အတီးအဆိုခ်ည္း သက္သက္၊ တခါတေလ အဆိုေရာ၊ အတီးေရာ၊ အကေရာ၊ သီဆိုတီးမႈတ္ ကခုန္ၾကတယ္လို႔ဘဲ သိနိုင္ပါတယ္။ နို႔ေပမယ့္ ပေဒသရာဇ္စနစ္ကုန္ဆုံးၿပီး၊ ျမန္မာနိုင္ငံဟာ နယ္ခ်ဲ့သမားလက္ေအာက္ခံ ကိုလိုနီဘဝေရာက္လာတဲ့ အခါေတာ့ အၿငိမ့္ဟာ နန္းေတာ္အိမ္ေတာ္ထဲက ျပည္သူၾကားကိုဆင္းလာခဲ့ ရပါတယ္။

ဆင္းတယ္ဆိုရာမွာ အစမွာေတာ့ သိပ္နက္နက္ရွိုင္းရွိုင္း မဟုတ္လွေသးဘူး။ ဘာျပဳလို႔လဲဆိုေတာ့ အၿငိမ့္ရဲ႕ ဖြဲ႕စည္းပုံ ပုံ သဏၭာန္က ၿငိမ့္ၿငိမ့္ေညာင္းေညာင္း သီရဆိုရတီးရမႈတ္ရကရတဲ့ သေဘာရွိေလေတာ့ လူနဲစုကိုဘဲ ေဖ်ာ္ေျဖတဲ့အဆင့္မွာ ရွိပါတယ္။

 

ကေန႕အထိေတြ႕ရတဲ့အမွတ္အသားမ်ားအရ ကိုလိုနီေခတ္မွာ အေစာဆုံးအၿငိမ့္ဟာ ထိုင္ဆိုအၿငိမ့္ေတြဘဲ ျဖစ္ပါတယ္။ ထိုင္ဆိုအၿငိမ့္မွာ အတီးသမားက ပတၱယား၊ ေစာင္း၊ ပုေလြ ( ၃ )ေယာက္၊ အဆိုသမား ( ၁ )ေယာက္ကေနပီး၊ ၃-၄ ေယာက္အထိပါမယ္။ လာတီးလွည့္ ဆိုလွည့္ပါလို႔ ဖိတ္ရာေခၚရာကိုသြားၿပီး ဆိုၾကတီးၾကမယ္။

ဆိုတဲ့အခါ သီခ်င္းႀကီး သီခ်င္းခန့္ထဲက ပတ္ပ်ိဳး၊ ယိုးဒယားႀကိဳး၊ ဘြဲ႕၊ ေဘာလယ္၊ သျဖန့္ေပါ့။ ေခတ္သီခ်င္းဆိုတယ္ဆိုယင္ ေတးထပ္ပဲျဖစ္ပါတယ္။ အဲဒီေတးထပ္က အမ်ားအားျဖင့္ အထူးတလည္ ေရးစပ္ထားတာေတြပါ။

ဒီအၿငိမ့္သမားေတြဟာ ဝါသနာပါလို႔ မေနနိုင္လို႔ဆိုၾက တီးၾကတယ္။ အေပ်ာ္တမ္းသမားေတြ၊ အခေၾကးေငြရယ္လို႔လဲ သတ္သတ္မွတ္မွတ္မရွိဘူး။ ဖိတ္တဲ့ေခၚတဲ့လူေတြက ေကြၽးေမြးမယ္၊ ပုဝါကၤ်ီပုဆိုးစသျဖင့္ ဆုခ်မယ္၊ တခါတေလေငြေၾကးဆုခ်မယ္ေပါ့။ ဒါနဲ႕လိုက္ၿပီးဆိုတီးေပးေနၾကတာဘဲ။

ဒီအဆိုအတီး သမားေတြဟာ ျမန္မာရွင္ဘုရင္ရဲ႕ မႏၲေလးနန္းေတာ္ထဲမွာ အသုံးခံခဲ့တဲ့ ေစာင္းဆရာ #ဣႏၵာေဒဝ၊ #ဦးဖူးေခါင္၊ မိေက်ာင္းတီးတဲ့ #ဆရာသင္း၊ တေယာဆရာ #ကြမ္းဘိုးထိန္းႀကီး၊ #ပတၱယားဦးလြမ္းေျပ၊ #ပုေလြဆရာမႈန္၊ #စႏၵယားဆရာၫြန့္ တို႔နဲ႕ သူတို႔က ဆင္းသက္တဲ့ တပည့္တပန္းေတြပါဘဲ။ အဆိုမွာလဲ #တပယ္ခင္သစ္၊ #မယ္လုပ္၊ #သံဆန္းဆိုသာေျပာကေလး တို႔ ဆင္းသက္တဲ့ အဆိုသမားေတြမ်ားတာပါဘဲ။

မႏၲေလးၿမိဳ႕တည္ၿပီး ( ၁၁ )ႏွစ္အၾကာမွာ မင္းတုန္းမင္းႀကီးကို စႏၵယား ( ၁ )လုံးဆက္တယ္။ ဒီစႏၵယားကို ဆရာၫြန့္ စတီးတယ္လို႔ ဆရာစဥ္ အမွတ္အသားရွိပါတယ္။ ဒါေၾကာင့္ ေရွးအၿငိမ့္ထဲမွာ စႏၵယားထည့္လာတယ္။ စႏၵယား အၿငိမ့္ႀကီးဆိုတဲ့ အၿငိမ့္အဖြဲ႕မ်ိဳးကိုလဲ ဖြဲ႕စည္းလာခဲ့ၾကဘူးတယ္။

အၿငိမ့္ဆိုသည္မွာ အဆို၊ အတီး၊ အက သုံးမ်ိဳး ေရာစပ္ထားေသာ သဘင္တစ္မ်ိဳး ျဖစ္ပါတယ္။ ၾကည့္ရ ၾကားရသူတို႔၏ စကၡဳအာ႐ုံ၊ ေသာတအာ႐ုံ၌ ၿငိမ့္ၿငိမ့္ေျငာင္းေျငာင္း ရွိေစေသာ အဆို အတီး အကမ်ိဳးျဖစ္သျဖင့္ အၿငိမ့္ဟုေခၚေၾကာင္းျဖင့္ ဆိုၾကပါတယ္။ ဆိုသူ တီးသူ ကသူ အားလုံးသည္ ယဥ္ေက်းစြာ ဆိုၾက၊ တီးၾက၊ ကၾကရၿပီးလွ်င္ ဣေႏၵျရရ သိမ္သိမ္ေမြ႕ေမြ႕ ႏူးႏူးညံ့ညံ့ ျငင္ျငင္သာသာ ကျပ သီဆိုၾကရသျဖင့္ အလြန္သိမ္ေမြ႕ႏူးညံ့ေသာ သဘင္တစ္ရပ္ ျဖစ္ပါတယ္။

ျမန္မာဇာတ္သဘင္ကဲ့သို႔ အဆို အတီး အက အငို အေသာ အလြမ္း စသည္တို႔ကို စုေပါင္း၍ ဇာတ္၊ လုပ္ဇာတ္၊ ဗုဒၶဝင္၊ ရာဇဝင္၊ မဟာဝင္ ႏွင့္ နိပါတ္ေတာ္လာမ်ား သ႐ုပ္ေဆာင္ရျခင္းမ်ိဳး မဟုတ္ဘဲ၊ ဆိုျခင္း၊ တီးျခင္း၊ ကျခင္းမွ်သာ ျဖစ္ရာ စကၡဳ အာ႐ုံေရာ ေသာတအာ႐ုံ၌ပါ နားဝင္ပီယံ ျဖစ္ကာ၊ ၾကည္လင္ ႐ႊင္ျပ၍ ခ်မ္းေျမ့ႏွစ္ၿခိဳက္စရာမ်ားကို ဖန္တီး ေပးနိုင္စြမ္း ရွိသည့္ သဘင္ပညာ တစ္မ်ိဳးဟု ဆိုရပါမယ္။

ထို႔ေၾကာင့္ ျမန္မာေဆးဆရာႀကီးမ်ား သည္ ေသြးပ်စ္၍ ေအးေသာသူ၊ ေသြးက်ဲ၍ မူးေသာသူ၊ သည္းေျခနာသမားမ်ားအား ေစာင္းေကာက္ အၿငိမ့္ျဖင့္ ၿငိမ့္ၿငိမ့္ကေလး ကျပသီဆို ကုသေၾကာင္းျဖင့္ သဘင္ဝန္ #ဦးႏု က သူ၏မွတ္တမ္းတြင္ ဆိုထားပါတယ္။ အျခားအကသဘင္မ်ားႏွင့္ မတူသည့္ အၿငိမ့္၏ ထူးျခားခ်က္တစ္ရပ္မွာ မင္းသားဟူ၍ လုံးဝ မပါျခင္းပင္ ျဖစ္ပါတယ္။

အၿငိမ့္ကို ႏွစ္မ်ိဳးႏွစ္စား ခြဲနိုင္ၿပီး၊ “ထိုင္ဆိုအၿငိမ့္” ႏွင့္ “တပင္တိုင္အကအၿငိမ့္ ” ဟူ၍ ျဖစ္ပါတယ္။ထိုင္ဆိုအၿငိမ့္သည္ ေရွးဦးေပၚေပါက္ေသာ အၿငိမ့္မ်ိဳးျဖစ္ပါတယ္။ ယင္းကို နန္းတြင္းဧည့္ခံေဖ်ာ္ေျဖမႈမ်ား၌ ေတြ႕ရတတ္တာပါ။ ထိုေနာက္ တပင္တိုင္အကႏွင့္တြဲဘက္ေဖ်ာ္ေျဖရာမွ တပင္တိုင္ အကအၿငိမ့္ ေပၚလာျခင္း ျဖစ္ပါတယ္။

 

“ပုဂံအာနႏၵာအုတ္ေက်ာင္း”အတြင္းရွိ ကုန္းေဘာင္ေခတ္ ပန္းခ်ီလက္ရာျဖစ္ေသာ ပုံတစ္ပုံတြင္ မိေက်ာင္းတူရိယာကို တစ္ဦးက တီး၍ အျခားအမ်ိဳးသမီး ႏွစ္ဦးက ကျပေနၾကဟန္ကို၎၊ ပုဂံၿမိဳ႕ “စူဠာမဏိဘုရား”မွ ကုန္းေဘာင္ေခတ္ ပန္းခ်ီေဆးေရး ႐ုပ္တစ္ခု၌ ပုံတစ္လုံး၊ ေလမႈတ္ကရိယာ တစ္ခု၊ ခတ္စည္ တစ္စုံ၊ ေစာင္းတစ္လက္ႏွင့္ ကျပေနဟန္ကို၎၊ #မင္းတုန္းမင္းႀကီး၏ “ပုရပိုက္ျဖဴ”တြင္ပါေသာ ပန္းခ်ီကားခ်ပ္ တစ္ခုတြင္ မိဖုရား၊ သို႔မဟုတ္ မင္းသမီးတစ္ပါးအား အနီးမွ အပ်ိဳေတာ္တစ္ဦးက ႏွိပ္နယ္ ေန၍၊ ေရွ႕ေတာ္၌ အမ်ိဳးသမီးတစ္ဦးက ကျပေနဟန္ကို၎ ေတြ႕ရျခင္းကို ေထာက္၍ အၿငိမ့္ ႏွစ္မ်ိဳးစလုံးသည္ ျမန္မာမင္းမ်ား လက္ထက္တြင္ ရွိခဲ့သည္ဟု ယူဆဖြယ္အေၾကာင္းရွိပါတယ္။

သို႔ရာတြင္ တိတိက်က် အားျဖင့္ မည္သူမည္ဝါ သည္ မည္သည့္ အတီးေတာ္ႏွင့္ တြဲဖက္၍ မည္ကဲ့သို႔ ကျပရသည္ ဟူေသာ မွတ္သားခ်က္မ်ား မေတြ႕ရွိရေသးသျဖင့္ နန္းတြင္းအၿငိမ့္ဟူသည္ ေယာက္်ားမိန္းမ ထိုင္ဆို တီးဝိုင္းသာ ျဖစ္တယ္။ အကအခုန္ မပါဟု အခ်ိဳ႕ ပညာရွင္မ်ားက ေရးသားခဲ့ၾကျခင္း ျဖစ္ဟန္တူပါတယ္။

စာေပက်မ္းဂန္မ်ား၌မူ တီးမႈတ္ရေသာ တူရိယာကို လိုက္၍ အၿငိမ့္မ်ားကို ခြဲျပထားပါတယ္။ “ကုသပ်ိဳ႕”၌ “ ညွင္းႏွင့္ မိေက်ာင္း၊ ေစာင္း ေအာင္းကေလး၊ ေ႐ႊေရး ပတၱလား၊ အၿငိမ့္မ်ားကို ”ဟုလည္းေကာင္း၊ “နာရဒပ်ိဳ႕”၌ “ ေစာင္းညွင္း မိေက်ာင္း၊ ေအာင္းကေလး တျခား၊ ပတၱလားႏွင့္ လက္ဖ်ား သံေႏွာ၊ တေယာဟူသည္ ေျခာက္မည္ ၿငိမ့္မ်ိဳး ”ဟုလည္းေကာင္း ေရးသားခဲ့ၾက ပါတယ္။

ယင္းသည္ကို ေထာက္၍ ၎၊ ဘုရားတန္ေဆာင္း ဂူေက်ာင္းမ်ားကို ေထာက္၍၎ ကုန္းေဘာင္ေခတ္ အၿငိမ့္ မ်ားတြင္ အျဖည့္တီးမႈတ္ေပးေသာပုံ၊ ေလမႈတ္ ကရိယာႏွင့္ စည္းမွလြဲလွ်င္ ေစာင္းျဖင့္၎၊ မိေက်ာင္းျဖင့္၎၊ တစ္လက္ ေကာင္းသာ တီးသည္ဟု ယူဆဖြယ္ပါ။ ေစာင္း၊ မိေက်ာင္း၊ ပတၱလား၊ တေယာ စသည္တို႔သာ ျငင္သာ ၿငိမ့္ေျငာင္းစြာ အသံထြက္သည့္ တူရိယာမ်ိဳးမ်ား ျဖစ္ၾကေသာေၾကာင့္ ယင္းတို႔ျဖင့္ အသုံးေတာ္ခံေသာသဘင္ကို အၿငိမ့္ဟု ေခၚခဲ့ၾကျခင္း ျဖစ္သည္ဟု ယူေသာ္ ရနိုင္ပါတယ္။

ပုဂံေခတ္ ဥယ်ာဥ္ေတာ္ ပြဲသဘင္မ်ားမွ ထိုင္ဆိုအၿငိမ့္ တို႔သည္ ကုန္းေဘာင္ေခတ္တြင္ တပင္တိုင္အၿငိမ့္ အသြင္သို႔ ေျပာင္းလဲလာခဲ့သည္ဟု ေတြးထင္ဖြယ္ ရွိပါတယ္။ #နရပတိစည္သူမင္း လက္ထက္ သီဟိုဠ္ကြၽန္းမွ ႂကြေရာက္လာေသာ မေထရ္ျမတ္တို႔အား ပူေဇာ္ပြဲသဘင္က်င္းပရာတြင္ ကေခ်သည္ အခ်ိဳ႕ ပါဝင္ကျပေၾကာင္း သိရရာ အၿငိမ့္ သို႔မဟုတ္ တပင္ တိုင္အက ကဲ့သို႔ေသာ အကတစ္မ်ိဳးသည္ ပုဂံေခတ္ကတည္းကပင္ ေပၚေပါက္ခဲ့ဟန္ ရွိသေလာဟု ယူဆဖြယ္ျဖစ္ပါတယ္။

ေရွးအခါက ဘုရင္မင္းျမတ္ထံ ရတု ရကန္ ေမာ္ကြန္း စသည္တို႔ကို ဆက္သရာ၌ စာေတာ္ဖတ္၊ သို႔မဟုတ္ စည္းဝါးပိုင္နိုင္ စြာ ဆိုတတ္သူ နန္းတြင္းသူ၊ နန္းတြင္းသားတစ္ဦးက အသံေန အသံထားျဖင့္ ဘုရင့္ေရွ႕ေတာ္ဝယ္ ဖတ္ျပရတယ္။ ယင္းသို႔ ဖတ္ျပရာတြင္ တစ္ဦးက တူရိယာတစ္ခုခုျဖင့္ ကူညီ တီးမႈတ္ေပးၿပီးလွ်င္ အျခားတစ္ဦးက စည္းလိုက္ေပးရတယ္။

မ်ားေသာအားျဖင့္ ဘုရင္မ်ားကို ညဉ့္ဦးယံဝယ္ ထိုင္ဆိုမ်ားျဖင့္ ေဖ်ာ္ေျဖေလ့ ရွိၾကတယ္။ ထို႔ျပင္ ကုန္းေဘာင္ေခတ္တြင္ ေျမဝိုင္းအကမ်ား ေခတ္စားလာရာ ယင္းအကအဖြဲ႕မ်ားမွ ထူးခြၽန္သူ အမ်ိဳးသမီးတို႔အား နန္းတြင္း၌ ခစားေစ၍ အပ်င္းေတာ္ေျပေစမႈအတြက္ အကအမ်ိဳးမ်ိဳးျဖင့္ အေပ်ာ္ေတာ္ ဆက္ေစရာမွ တပင္တိုင္အၿငိမ့္မ်ား ေပၚခဲ့ဟန္တူပါတယ္။ နန္းရပ္ပြဲသဘင္ႏွင့္ ဥယ်ဥ္ေတာ္ပြဲမ်ား၌၎၊ မိဖုရားႀကီးငယ္မ်ားႏွင့္ ပင္တိုင္စံမင္းသမီးတို႔၏ အေဆာင္ေတာ္မ်ားတြင္၎ ကျပေဖ်ာ္ေျဖမႈမ်ား ရွိခဲ့ေၾကာင္းကို ကုန္းေဘာင္ေခတ္ ပန္းခ်ီလက္ရာမ်ား အရ သိရပါတယ္။

ေရွးအခါက အၿငိမ့္သဘင္ကို နန္းတြင္း၌သာ ကျပအသုံး ေတာ္ခံေလ့ရွိတာပါ။ #သီေပါမင္း ပါေတာ္မူၿပီးေနာက္ နန္းတြင္း၌သာ ကျပခဲ့ေလ့ရွိေသာ အၿငိမ့္ပညာသည္မ်ားသည္ ႐ုတ္ျခည္း ျပင္ပတြင္ ကျပရန္ စိတ္မရဲ ျဖစ္ၾကပါတယ္။ ထိုေၾကာင့္ ပညာသည္ႀကီးမ်ားက လူငယ္ပိုင္းအား သင္ၾကားေပးကာ အၿငိမ့္ကို ျပန္လည္ အသက္သြင္းၾကတယ္။ ဦးစြာ၌ ေျမျပန႔္မွာပင္ ကေစၿပီးလွ်င္ ေစာင္းႏွင့္ေႁပြ တြဲဘက္တီးတယ္။

ေစာင္းကို နတ္ႀကီးသည္ဟု ယူဆကာ စင္ျမင့္ေပၚတင္ တီးၾကတယ္။ ျမန္မာမင္းမ်ား ပါေတာ္မူ၍ ျမန္မာသဘင္ပညာသည္မ်ားလည္း အလွည့္သင့္ရာ ေရာက္ရွိေနၾကရာ #စေလဦးပုည ထံ တပည့္အျဖစ္ ခံယူခဲ့ေသာ စာဆိုေတာ္ ေစာင္းဆရာႀကီး #ဦးေဖျဖဴ သည္ ရန္ကုန္ၿမိဳ႕သို႔ ေရာက္လာတယ္။ ဆရာျဖဴသည္ ရန္ကုန္ၿမိဳ႕၌ ပရိသတ္ အလယ္တြင္ ကုတင္ကေလးေပၚ၌ ထိုင္ကာ ေစာင္းတီးျပေလ့ ရွိပါတယ္။

 

ထိုေစာင္းတီးဝိုင္းတြင္ တစ္ဦးက ထိုင္၍ဆိုကာ အျခားတစ္ဦးက ေႁပြကို မတိုးမက်ယ္ မႈတ္ေပးရတာပါ။ ေနာက္မၾကာမီ ထိုေစာင္းတီးဝိုင္းတြင္ “လက္်ာ အဆို” “လက္ဝဲအဆို”ဟု အဆို ႏွစ္ဦးထားကာ သီဆိုတီးမႈတ္လာခဲ့ပါတယ္။ တျဖည္းျဖည္း ေစာင္းႏွင့္သာ မဟုတ္၊ ပတၱလားႏွင့္ပါ ေဖ်ာ္ေျဖလာၾကတယ္။ အၿငိမ့္ပတၱလား တီးဆိုၾကရာ၌ ေႁပြမႈတ္သူႏွင့္ စည္းကိုင္၍ဆိုသူမွ်သာ ပါပါတယ္။ ထိုေနာက္ ပတၱလား၊ ဘာဂ်ာ၊ ေႁပြ တြဲ၍ ထိုမွ တစ္ဆင့္ ပုံကေလး ႏွစ္လုံးပါ တြဲလာပါတယ္။

ထိုအခါက ဆရာျဖဴအျပင္ ထင္ရွားေသာ ထိုင္ဆို အၿငိမ့္သဘင္ ပညာသည္မ်ားမွာ ဣႏၵာေဒဝဘြဲ႕ခံ “ဦးဦးကံ” ( ေစာင္း )၊ “ဆရာၫြန႔္” ( ပတၱလား )၊ “ဦးတက္တူ” ( ထိုင္ဆိုသံပ်က္ )၊ “ဦးျမတ္ျဖဴ” ( ထိုင္ဆို )၊ “ဦးဘာဘူ” ( ထိုင္ဆို )၊ “ဦးသာဒြန္း” ( ထိုင္ဆို )၊ “ဦးေက်ာ္တင္” ( ထိုင္ဆို )၊ “သံစုံဦး႐ြက္” ( ထိုင္ေျပာ )တို႔ ျဖစ္ပါတယ္။ ယင္းတို႔သည္ မင္းပြဲ စိုးပြဲ အလႉပြဲမ်ားတြင္ အသုံးေတာ္ခံရေသာ ပုဂၢိဳလ္ေက်ာ္မ်ား ျဖစ္ၾကပါတယ္။

ထိုင္ဆိုမ်ား ရိုးလာေသာအခါ ၁၂၅ဝ-ျပည့္ႏွစ္ခန႔္တြင္ အကပါထည့္၍ ေဖ်ာ္ေျဖၾကျပန္တယ္။ အၿငိမ့္အကသည္ နာမည္ႀကီး ဇာတ္မင္းသမီး တစ္ဦးျဖစ္ေသာ ေမာ္လၿမိဳင္ #စိန္ငုံႀကီး ႏွင့္ စသည္ဟု ဆိုၾကပါတယ္။ မင္းသမီးကိုယ္တိုင္ ထကသည္ဟု ဆိုေသာ္လည္း ကိုယ္တိုင္သီဆိုျခင္းကား မျပဳေသးေခ်။ အဆိုေတာ္တစ္ဦးက ေဘးမွ သီဆိုေပးရတာပါ။ အၿငိမ့္ကေသာ မင္းသမီးသည္ စင္မင္းသမီး႐ုပ္ကေလးမ်ား ကသကဲ့သို႔ ႀကိဳးမ်ိဳးစုံေအာင္ က်က်နန ကရတယ္။

အၿငိမ့္ထြက္ခ်ိန္မွာ ရွစ္နာရီခန႔္မွစ၍ မင္းသမီးသည္ တစ္နာရီခန႔္ ကတယ္။ ထိုေနာက္ ထိုင္ဆိုႏွစ္ဦးက ( ၁၁ )နာရီတိုင္ ေအာင္ ဆိုၿပီးလွ်င္ ( ၁၁ )နာရီမွ ( ၁၂ )နာရီအတြင္း မင္းသမီး ျပန္ထြက္လာ၍ ကေလ့ ရွိတယ္။ ( ၁၂ )နာရီတြင္ ပြဲသိမ္းတယ္။ ထိုေခတ္က ထင္ရွားေလာသာ အၿငိမ့္ဆရာမ်ားမွာ “ဆရာညီ” ( ေစာင္း )၊ “ဦးေရေကာင္း” ( ထိုင္ဆို )၊ “ဦးကန္သူ” ( ထိုင္ဆို )၊ “ဦးၾကာေပၚ” ( ထိုင္ဆို )စသည္တို႔ ျဖစ္ၾကပါတယ္။

စိန္ငုံႀကီး ေခတ္ကုန္သြားေသာအခါ မင္းသမီး #စိန္လုံ ေခတ္ ထလာတယ္။ စိန္လုံ၏ေခတ္တြင္ တစ္ပါးသူ သီဆိုေပးသည္ကို ကရျခင္းသည္ မင္းသမီးသိကၡာ က်သည္ဟု ယူဆ၍ေလာမသိ၊ မင္းသမီးကိုယ္တိုင္ သီခ်င္းဆို၍ ကတယ္။ မင္းသမီး တစ္ေယာက္တည္း သီခ်င္းဆိုေနရသျဖင့္ အေမာေျပေစရန္ႏွင့္ ကကြက္ ေထာက္ေပးရန္ လူ႐ႊင္ေတာ္ ( လူျပက္ ) တစ္ေယာက္ လည္း ပါလာပါတယ္။

 

ထိုေခတ္ တီးဝိုင္းတြင္ ေစာင္းႏွင့္ေႁပြ အျပင္ ဝါးပတၱလားႏွင့္ ပုံေလးလုံးကိုပါ ျဖည့္စြက္ခဲ့တယ္။ ယခင္အခါမ်ားက ေႁပြကို ေတာ္သင့္႐ုံ မႈတ္ ေသာ္လည္း ယခုမူ ပုံေလးလုံးတြင္ ဒုံးလုံးႀကီးပါ ထည့္တီး သျဖင့္ တေၾကာင္း၊ ဝါးပတၱလားသံေၾကာင့္တေၾကာင္း အသံခ်င္းညီမွ်ေစရန္ အသံက်ယ္က်ယ္ ဖြင့္၍ မႈတ္ပါတယ္။

စိန္ငုံႀကီး၊ စိန္လုံ တို႔ေခတ္ေနာက္ပိုင္း နာမည္ေက်ာ္ခဲ့ေသာ အၿငိမ့္မင္းသမီးမ်ားမွာ — စိန္ႏြဲ႕ႀကီး၊ မစိန္ညွာ၊ ေရေက်ာ္စိန္ပု၊ ေဒၚစိန္သုံ၊ ေဒၚေငြလွိုင္၊ မစိန္ဥ၊ ေနျပည္ေတာ္ျမရီ၊ ဗားမင္းနီးယားျမသီ၊ ဥဩမယ္တင့္၊ အိႏၵိယမစိန္မႈံ၊ မစိန္ဆင္၊ မစိန္တင္၊ မစိန္ၿမိဳင္၊ မစိန္လွိုင္၊ မစိန္ခ်စ္၊ မစိန္လြင္၊ ဗိလတ္ျပန္စိန္တင္၊ ယုဇနေအးစိန္၊ ေပၚလင္းတင္၊ အာဝါေဒးမျမတင္၊ ခ်င္းမကေလး ေအာင္စိန္၊ ပလိုတီယာမသိန္း၊ ေ႐ႊေျခက်င္းမသန႔္စင္၊ ျမေျခခ်င္းမေငြၿမိဳင္၊ ဩဘာေသာင္း၊ ဩဘာၫႊန႔္၊

ေလဘာတီမျမရင္၊ ဥကၠလာေအးၾကည္၊ ဂီတမယ္လွကေလးစိန္၊ ေဒါပုံခင္ၾကည္၊ ယိုးဒယားေအာင္သိန္းတင္၊ ဒဂုံခင္လွၾကည္၊ ရတနာပုံခင္ၾကည္၊ ေနျပည္ေတာ္မဂ်မ္းစိန္၊ တလိုင္းမျမၾကင္၊ မျမလြင္၊ ယူနီဗာစီတီျမသန္း ၾကည္၊ တ႐ုတ္မကေလး မတင္ၾကည္၊ တကၠသိုလ္ျပည္ သိန္းတင္၊ ဝိဇၨာမယ္၊ ေ႐ႊႏွင္းဆီမတင္ၫြန႔္၊ ဒီးဒုတ္ခင္ၿမိဳင္၊ ေကာလိပ္စိန္၊ ေ႐ႊႏွင္းဆီမတင္ၫြန႔္၊ ဖက္ရွင္မေအာင္ေငြ၊ ေ႐ႊလိပ္ျပာ၊ ေကာလိပ္ၿမိဳင္၊ တကၠသိုလ္စိန္၊ ယိုးဒယားအမာစိန္၊ ဆိုဗီယက္ျပန္ႏြဲ႕ႏြဲ႕စန္း စသည္တို႔ ျဖစ္ၾကပါတယ္။

 

Credit

 

 

 

 

 

 

 

 

 

 

 

 

 

 

Post a Comment

0 Comments
* Please Don't Spam Here. All the Comments are Reviewed by Admin.