ထီး ဖြူ ဆောင် းတဲ့မင်းကိုသာခစားမယ်ဆိုတဲ့ ဘုရင်ရာဇာဓိရာဇ်၏ အမတ်ဒိန်မဏိရွတ် အကြောင်းသိကောင်းစရာ…

ထီးဖြူဆောင်းတဲ့မင်းကိုသာခစားမယ်ဆိုတဲ့ ဘုရင်ရာဇာဓိရာဇ်၏ အမတ်ဒိန်မဏိရွတ် အကြောင်းသိကောင်းစရာ…

 

 

အမတ်ဒိန်သည်ဘုရင်ရာဇာဓိရာဇ်ကိုခစားသောထူးချွန်သည့်အမတ်များထဲမှတစ်ယောက်ဖြစ်သည်။အမတ်ဒိန်မဏိရွတ်ဟူ၍လည်းထင်ရှားသည်။

”အမတ်ဒိန်”ဆိုသည်မှာနေကဲ့သို့ထွန်းလင်းပြီး”မဏိရွတ်” ဆိုသည်မှာပတ္တမြားရတနာနှင့်တူသောဟုအဓိပ္ပါယ်ရသည်။ဟံသာဝတီဘုရင်ရာဇာဓိရာဇ်သည်မြန်မာဘုရင်မင်းခေါင်နဲ့အပြိုင်မွန်-မြန်မာနှစ်၄၀စစ်ပွဲကိုဆင်နွှဲခဲ့သူဖြစ်သည်။

ရာဇာဓိရာဇ်ဤမျှနှစ်ကြာရှည်စွာဘုန်းတန်ခိုးကြီးခဲ့ရာမှာ၎င်းကိုယ်တိုင်တော်သလို၎င်းပိုင်ဆိုင်သောသူရဲကောင်းများ၏ပံ့ပိုးမှု၊စွမ်းဆောင်မှုကြောင့်လည်းဖြစ်သည်။ရာဇာဓိရာဇ်သည်မင်းကန်စီ၊သမိန်ဗြတ်ဇ္ဇ၊အမတ်ဒိန်၊လဂွန်းအိမ်၊ဥပါကောင်း၊အဲမွန်ဒရာစသည်တို့အပြင်ထူးချွန်ထက်မြက်သောအခြားအမတ်သူရဲကောင်းများစွာကိုပိုင်ဆိုင်ထားသူဖြစ်သည်။

မဏိရွတ်ဘွဲ့ရရှိခြင်နန်းတက်ပွဲညီလာခံတွင်ရာဇာဓိရာဇ်မိန့်တော်မူသည်မှာ”ငါ၏စက်ခုနှစ်ဖက်တွင်မျက်စိနှစ်လုံးတွင်ငြောင့်စူးဝင်ခဲ့သည်မှာတစ်ဖက်ကထွက်သွားပြီ။ကျန်တစ်ဖက်တွင်မထွက်သေး”ဟုမိန့်တော်မူ၏။ယင်းခဏတွင်အမတ်ဒိန်သည်ပုဆစ်တုပ်လျက်”ရွှေနန်းရှင်မိန့်သည်ကားတစ်ပါးသူမဟုတ်။ကျွန်ုပ်အားဆိုလိုခြင်းဖြစ်ကြောင်းကျွန်ုပ်သိပါသည်။

အရှင်မင်းသားသည်ဒဂုန်၌ရှိစဉ်အခြားမှူးမတ်တွေကကိုယ်စားလှယ်များလွှတ်ကြသည်။စားအားဖြင့်အကြံအစည်များကိုလည်းကောင်း၊အကြောင်းအရာများကိုလည်းကောင်းမပြတ်ပင်ပို့ကြသည်။ကျွန်ုပ်မူကားအရှင့်သားတော်နှင့်ဆက်သွယ်မှုမပြုခဲ့သည်လည်းတစ်ချက်၊အခြားတစ်ချက်ကားအရှင့်သားတော်သည်ပဲခူးမြို့သို့ဝင်စဉ်ကကျွန်ုပ်သည်မြို့တံခါး(မောတရုတ်တံခါး)တစ်ဖက်ကိုသာဖွင့်ပေးခဲ့သည်။

ယင်းသို့ဖြစ်တောကြောင့်ကျွန်ုပ်ကိုမျက်၍မျက်စိတစ်ဖက်တွင်ငြောင့်မထွက်သေးဟုအရှင်မင်းကြီးမိန့်ကြားတော်မူကြောင်းကိုကျွန်ုပ်သိပါသည်”ဟုလျှောက်လျှင်ရာဇာဓိရာဇ်က”အမတ်ဒိန်နင့်အပြစ်သည်မျှရှိသည်ကိုနင်သိပြီးဖြစ်၍ပသို့နင့်အားငါစီရင်ရမည်နည်း။ငါ့အားမြို့တွင်းသို့နင်ဝင်ခွင့်မပေးလို။ငါ့မှာဗိုလ်ခြေအင်အားများ၍သာနင်ကတံခါးတစ်ဖက်ဖွင့်ပေးသည်။

ငါ့ဗိုလ်ပါနည်းခဲ့မူကားတံခါးကိုတစ်ချပ်မျှနင်ဖွင့်ပေးမည်မဟုတ်၊နင့်အပြစ်နှင့်မရူးအပြစ်အတူတူ”ဟုဒေါသနှင့်မိန့်၏။အမတ်ဒိန်လည်းသုံးကြိမ်မျှဦးခိုက်၍လျှောက်ပြန်၏။”ကျွန်ုပ်၏အပြစ်နှစ်ရပ်အတွက်သတ်လျှင်သေရပါမည်။ချမ်းသာပေးကရှင်ရမည်ပင်။

စင်စစ်သော်ကားကျွန်ုပ်သည်ခမည်းတော်ဆင်ဖြူရှင်၏သစ္စာခံ၊ရွှေဖဝါးတော်အောက်ကကျွန်ကြီးဖြစ်ပေသည်။ဆင်ဖြူရှင်၏ရန်သူဖြစ်ပါကမည်သူ့ကိုမဆိုကျွန်ုပ်အသက်ပေး၍တိုက်ခိုက်ရမည်ဟုသစ္စာဆိုထားသည်။အရှင့်သားတော်သည်ဒဂုန်၌ရှိခြားနားစဉ်ကဆင်ဖြူရှင်၏အမိန့်မရှိ၍မင်းသားနှင့်ကျွန်ုပ်ဆက်သွယ်ခွင့်မရှိပါ။

အရှင့်သားတော်သည်ပဲခူးမြို့အတွင်းသို့ဝင်တော်မူစဉ်ကကျွန်ုပ်၏သခင်ဆင်ဖြူရှင်ဗညားဦးသာလျှင်ရာဇပလ္လင်ထက်၌ပကတိရှိခဲ့မူကား၊အရှင့်သားကိုကျွန်ုပ်ဝင်ခွင့်ပြုမည်မဟုတ်ဘဲအသက်ပေးလျက်ခံတိုက်မည်ပင်။သို့သော်ဆင်ဖြူရှင်၏နာမ်သည်ရုပ်ကိုခွာခဲ့ပြီဖြစ်၍ဆင်ဖြူရှင်၏ရုပ်အလောင်းကိုစောင့်ရှောက်သောအားဖြင့်တံခါးရွက်တစ်ရွက်ကိုသာဖွင့်ပေးခြင်းဖြစ်ပါသည်။

ဆင်ဖြူရှင်၏နာမ်နှင့်ရုပ်နှစ်ပါးစလုံးမရှိခဲ့သော်မင်းသားအားတံခါးရွက်နှစ်ရွက်စလုံးကိုဖွင့်ပေးခဲ့ပေမည်။ယခုအရှင်မင်းသားသည်မင်းဖြစ်၍ကျွန်ုပ်တို့၏အသက်သခင်ဖြစ်ပြီ။သခင်၏သစ္စာတော်ကိုခံထားသည်။

အကယ်၍ရန်သူတစ်ပါးကအရျင့်သားတော်ကိုပုန်စားခဲ့သည်ရှိသော်ကျွန်ုပ်သည်ထိုသူပုန်နှင့်ဆက်သွယ်၍လက်ဆောင်ပစ်စည်းပေးခြင်း၊အကြံအစည်ပေးခြင်း။သူပုန်ဘက်ဝင်စားကာအရှင်မင်းသားကိုမစောင့်ရှောက်ပါကကျမ်းရွက်ထားသောကျွန်ုပ်၏ သစ္စာမပျက်ချေသလော။အပယ်နန်းကိုမစံရသလော။

ကျွန်ုပ်သည်အရှင်သခင်၏သစ္စာတော်ကိုမတိမ်းမစောင်း၊မသွေမဖည်စေဘဲဖြောင့်မတ်မှန်ကန်စွာစောင့်ခဲ့သည်ကျွန်ကောင်းဖြစ်သဖြင့်”အမတ်ဒိန်”ဟူသောဘွဲ့အမည်နှင့်သန်လျင်မြို့ကိုစားစေခဲ့သည်မဟုတ်လော။ယခုအရှင့်သားတော်မင်းဖြစ်ပြန်လျှင်လည်းကျွန်ုပ်သည်ဆင်ဖြူရှင်ခမည်းတော်အားသစ္စာစောင့်ခဲ့သလိုအရှင့်သားတော်ကိုလည်းမပြတ်စောင့်ရှောက်ရပေမည်။

အကယ်၍ရန်သူတစ်ပါးကအရှင့်သားတော်အားပုန်စားခဲ့သော်ကျွန်ုပ်သည်အသက်ပေး၍နိုင်အောင်တိုက်ခိုက်ပါမည်။ကျွန်ုပ်သည်သူပုန်ဘက်သို့ဝင်စားရန်ကားနတ်ထိမရှိ။ကျွန်ုပ်သည်ထီးဖြူဆောင်းမင်းကိုသာသစ္စာခံ၍ခစားမည်။ထီးဖြူမဆောင်းသောသူပုန်မင်းကိုဘယ်တော့မှမခစားပါ။ကျွန်ုပ်ကိုမျက်၍ကွပ်တော်မူသော်ကျွန်ုပ်ကားသေရပါမည်။

သို့သော်ပြည်ထဲအရေးကားပျက်လေတော့မည်။အနာဂတ်တွင်ရာဇဝင်အဆက်ဆက်အမတ်တကာတို့ကဆိုစမှတ်ပြုကုန်မည်။”အမတ်ဒိန်အရူးလိုမပြုကုန်နှင့်၊ပုန်ကန်ခြားနားသောမင်သားဘက်ဝင်စားသော်အပြစ်မရှိ၊ထီးဖြူဆောင်းသောအရှင်သခင် ၌သစ္စာမြဲသော်အပြစ်ရှိသည်။အမတ်ဒိန်သည်ထီးဖြူဆောင်းမင်းကိုသာယုံ၍နေချေသည်။

ပုန်ကန်ခြားနားသောမင်းသားသို့မစေမပါး၊အကြံအစည်မပေး၊မဆက်မကပ်ချေသောကြောင့်ထိုပုန်ကန်သည့်မင်းသားသည်မင်းအဖြစ်သို့ရောက်လျှင်အမတ်ဒိန်သေရလေသည်”ဟုကျွန်ုပ်နည်းကိုအများမှတ်ယူကုန်တော့မည်။နောင်တွင်သူပုန်ထသော်သူပုန်သူကန်ဘက်ဝင်စားသူများတော့မည်။ထီးဖြူဆောင်းမင်းတွင်မြဲသူနည်းပါးတော့မည်။

ရဟန်း၊ပုဏ်ဏား၊တိုင်းသူပြည်သားများသည်ပူပင်သောကဖြစ်ကြတော့မည်။တိုင်းပြည်တွင်သမာဓိတည်တော့မည်မဟုတ်။ထို့ကြောင့်ပြည်ထဲအရေးပျက်သုဉ်းမည်ဟုကျွန်ုပ်လျှောက်ပါသည်။ကျွန်ုပ်အားသတ်ပါကနောင်ကိုသားစဉ်မြေးဆက်တိုင်အောင်ကျွန်ုပ်၏ပုံပမာမှာထင်ရှားလေတော့မည်”ဟုရှည်လျားစွာလျှောက်ထားလေ၏။

ဗညားနွဲ့လည်းအမတ်ဒိန်လျှောက်တင်ချက်ကိုကြားနာ၍မည်သို့မျှမဆိုသာဘဲတိတ်ဆိတ်စွာနေလျှင်မပိုင်ဆရာနှင့်မင်းကန်စီတို့က”အမတ်ဒိန်စကားသည်အရေးစကားစင်စစ်အကြောင်းမှန်လှသည်။သူ့ရှင်၏အကျိုးသားမကနောင်အနာဂတ်ရာဇဝင်အဆက်ဆက်အတွက်အကျိုးသက်ရောက်စေမည့်စကားဟုတ်ပေသည်”ဟုလျှောက်တင်ကြ၏။

ရာဇာဓိရာဇ်သည်အမတ်ဒိန်၏အရေးစကားများနှင့်မပိုင်ဆရာတော်၊မင်းကန်စီဆရာတော်တို့၏လျှောက်တင်ချက်တို့ကိုဆင်ခြင်စဉ်းစားပြီးသော်”အမတ်ဒိန်အရေးဆိုသည့်စကားမှန်ပေသည်။အနှစ်သာရစကားဟုတ်ပေသည်။

သို့လျှောက်တတ်ပေသောကြောင့်လည်းကောင်း၊တစ်ဦးတည်းသောအရှင်သခင်၏ သစ္စာတော်ကိုသာမြဲမြံစွာစောင့်တတ်ပေသောကြောင့်လည်းကောင်းအမတ်ဒိန်သည်ပညာဉာဏ်အမြော်အမြင်ကြီးသောကျွန်တော်ဖြစ်၍ပတ္တမြားရတနာနှင့်လည်းတူသဖြင့်ယနေ့မှစ၍အမတ်ဒိန်မနိရွတ်ဟူသောဘွဲ့ကိုငါချီးမြှင့်သည်။

သန်လျင်မြို့ကိုလည်းစားမြဲစားစေ”ဟုမိန့်တော်မူ၏။သို့ဖြစ်၍ကျွန်ရင်း၊ရောင်းရင်းဘက်တော်သားများဘွဲ့အမည်မရမီအမတ်ဒိန်မှာရှေးဦးစွာဘွဲ့ထူးချီးမြှင့်ခြင်းခံရေလေသည်။(ထို့နောက်တွင်အခြားသောကျွန်ရင်းဘက်တော်သားများကိုလည်းဘွဲ့၊ရာထူးများချီးမြှင့်လေသည်။)ညီလာခံစဲသော်အမတ်ဒိန်မဏိရွတ်ကိုဝေါဖြင့်အိမ်အရောက်ထမ်းပို့စေသည်။

အမတ်ဒိန်ကိုမြန်မာမင်းထံစေလွှတ်ခြင်အစဉ်အဆက်ထုံးစံအတိုင်းရာဇာဓိရာဇ်လည်းမြန်မာမင်းသို့ပညာရှိအမတ်ဒိန်ကိုရာဇသံလက်ဆောင်အများနှင့်ချစ်ကြည်ရေးစေလွှတ်၏။မြန်မာမင်းကလည်းကောင်းစွာဆီးကြိုပါသည်။ရှေ့တော်သို့ရောက်လျင်ပညာအတိမ်အနက်၊အကျစ်အလစ်ကိုသိလို၍အမတ်ဒိန်အားငါးဟင်း၊အကင်၊အဖုတ်တို့ကိုထမင်းမမြင်သာအောင်အပေါ်ကအပြည့်အုပ်၍ဆားလှော်ကိုထမင်းအလယ်ကမြုပ်ကာစားစေပါတယ်။

အမတ်ဒိန်လည်းငါးဟင်းတို့ကိုကျစ်လစ်စွာတစ်စသတ်၍လည်ကောင်း၊အကင်အဖုတ်တို့အားနှစ်ဖက်လုံးအသားကိုပြန်၍လည်ကောင်းထမင်းနှင့်တကွစားပါသည်။ဤသည်ကိုမြန်မာမင်းမြင်သော်”အမတ်ဒိန်၊ဟံသာဝတီတွင်ငါးရခဲသလော””အရှင်မင်းကြီး၊နောင်တော်(ရာဇာဓိရာဇ်)ပြည်မှာငါးအမျိုးလေးဆယ်ထူးထူးဆန်းဆန်းရှိပါတယ်။

လဂွန်းတိုင်မြို့ချောင်းရှိငါးတို့မှာတစ်ဖက်ချဉ်၊တစ်ဖက်ချိုဖြစ်ကြပါတယ်။သဲမြို့မှာသစ်ပင်တက်သောငါး၊ရေပေါ်ဝယ်သွားသောငါး၊ဆင်ရုပ်၊မြင်းရုပ်၊ထီးရုပ်၊တံခွန်ရုပ်စသည့်ငါးတို့ရှိကြပါတယ်။သာယာမြို့မှာငါးပိနှင့်မဟာဂံမြို့မှာဆင်နှင့်မုတ္တမမြို့မှာကြွေနှင့်အရောင်းအဝယ်ပြုကြပါတယ်။ရန်စစ်မြို့မှာမြေကိုတူးလျှင်ရွှေဖြစ်ပါတယ်။

ဤသို့ဖြင့်နောင်တော့်ပြည်မှာအထူးအဆန်းများလှပါတယ်”ဟုဘုရင်ကိုစကားအကြောမခံပဲပြောခြင်းဖြင့်သူ့ရဲ့စကားစွမ်းရည်ကိုပြသခဲ့ပါသည်။ထိုအခါဘုရင်က”အမတ်ဒိန်ငါ့မှာသံပုရာသီးတစ်လုံးကိုနှစ်ပိုင်းပိုင်းပြီးသော်တစ်ပိုင်းကိုအသားထွင်း၍ပင်ကန့်တကူတပ်ပြီးလျှင်ငါနှင့်မိဖုရားစီး၍အင်းလယ်တွင်ကစားကြပါတယ်”ဟုမိန့်ရာအမတ်ဒိန်ကလည်းအားကျမခံ”အရှင်မင်းကြီးဟုတ်ပေလိမ့်မည်။

နောင်တော်မှာလည်းကန်ဇွန်းတစ်ဆစ်ကိုခွဲ၍ပင်ကန့်တကူတပ်ပြီးလျှင်နောင်တော်ကပဲ့ကမရီးတော်ကဦးကစီး၍စကျင်အင်းတွင်ကစားကြရပါသည်”ဟုပြန်လျှောက်ရာမင်းကြီးကလည်းဒီအမတ်မဆိုးဟုလက်ခုပ်တီး၍ရယ်တော်မူပါသည်။

ဆက်၍အမတ်ဒိန်က”အရှင်မင်းကြီးယခုသံပုရာနှင့်ကန်စွန်းကိုရောနယ်၍လက်သုပ်သုပ်စားသော်အလွန်အရသာရှိမည်မဟုတ်ပါလော”ဟုချစ်ကြည်ရေးစကားကိုလိမ္မာပါးနပ်စွာဆိုလေရာမင်းကြီးမှာလွန်စွာနှစ်သက်တော်မူပြီး”အမတ်ဒိန်၊ဟံသာဝတီတွင်သင်ကဲ့သို့မှူးကြီးမတ်ရာမည်မျှလောက်ရှိသလဲ။

””နောင်တော့်ထံတွင်ကျွန်ုပ်ထက်တတ်သိလိမ္မာသောမှူးကြီးမတ်ရာအလွန်များပါတယ်။ကျွန်ုပ်မှာစာရေးမျှသာတည်း”ဟုဆိုလေသော်မင်းကြီးမှာမယုံပဲထန်းရွက်နှင့်ကညစ်ပေးရာအမတ်ဒိန်ကလည်းကျနသေသပ်စွာရေးပြလိုက်ရာ”အိမ်းစာရေးဖြစ်တန်ရာ၏”ဟုယုံကြည်သွားပါသည်။

စာရေးပင်ဤမျှထက်မြက်နေလျှင်ကျန်တဲ့မှူးကြီးမတ်ရာတွေဆိုလျှင်ဘယ်လောက်တောင်တော်လေမလဲဟုရာဇာဓိရာဇ်ရဲ့အင်အားကိုဖြုံသွားပုံရသည်။အမှုအခင်းဆုံးဖြတ်ချက်များသားသတ်အမှုတွင်အမတ်ဒိန်ဆုံးဖြတ်ပုံအခါတစ်ပါး၌ယောက်ျားတစ်ယောက်တွင်မယားနှစ်ယောက်ရှိရာမယားကြီးတွင်သားမရ၊မယားငယ်တွင်သားရ၏။

သို့သော်ယောက်ျားသည်သားမမြင်သောမယားကြီးကိုပိုချစ်လေသော်မယားငယ်သည်”ငါ့သားကိုငါသတ်၍မယားကြီးသတ်သည်ဟုဆိုလိုက်လျှင်ယောက်ျားသည်မယားကြီးကိုမုန်း၍ငါ့ကိုချစ်လိမ့်မည်”ဟုကြံစည်ကာသားဖြစ်သူကိုရေတွင်းထဲသို့တိတ်တဆိတ်တွန်းချသတ်လိုက်ပါတယ်။မယားကြီးသတ်ပါသည်ဟုမင်းကြီးအားလျှောက်လေသော်အမတ်ကြီးလေးယောက်အားစီရင်စေသည်။

မိခင်အရင်းကသားဖြစ်သူကိုမသတ်နိုင်၊မယားကြီးကလည်းသူလုံးဝမသတ်ပါဟုငြင်းဆိုနေရာစီရင်မှုမှာမပြီးနိုင်၊မင်းကြီးမျက်ပြီးအမတ်ကြီးလေးယောက်ကိုအကျဉ်းချထားကာအမတ်ဒိန်ကိုလွှဲတော်မူသည်။အမတ်ဒိန်ကလည်းမယားကြီး၊မယားငယ်တို့ကိုခေါ်ယူမေးရာမသတ်ပါဟုချည်းငြင်းဆိုကြ၏။

ထိုအခါအမတ်ဒိန်သည်မယားကြီးကိုဆိတ်ကွယ်ရာသို့ခေါ်၍”သင်မသတ်ဟုဆိုလျင်အများတကာရှေ့တွင်ထဘီကိုချွတ်ဝံ့မည်လော၊ချွတ်ဝံ့လျှင်မသတ်ဟုငါတို့ယုံကြည်တော်မူမည်”ဟုဆိုလေရာမယားကြီးက”သခင်ဘုရားရှေးဘဝကကုသိုလ်ကံနည်းပါး၍ယခုမိန်းမဖြစ်လာရုံမကလင်ကိုတစ်ပိုင်းသာရပါသည်။

ဤသို့ကုသိုလ်နည်းသောမိန်းမဖြစ်လာပြီးမှထဘီချွတ်ရဦးမည်ဆိုသော်အဘယ်မှာကောင်းတော့မည်နည်း။အကျွန်ုပ်ကိုသတ်လျှင်လည်းခံရမည်သာ၊အသရေကိုသော်ကားမဖျက်ပါနှင့်၊သူ့သားကိုလည်းအကျွန်ုပ်မသတ်ပါ”ဟုဆိုလေ၏။တဖန်မယားငယ်ကိုခေါ်ကာထိုအတိုင်းမေးလေသော်”အကျွန်မသတ်ပါ။ထို့ကြောင့်ချွတ်ဝံ့ပါသည်”ဟုဆို၍ပရိတ်သတ်ရှေ့တွင်ချွတ်လေ၏။

ထိုအခါအမတ်ဒိန်ကအရှက်မရှိသူသည်သားကိုသတ်ဖို့လည်းဝန်မလေးရာဧကန်ပင်မယားငယ်သတ်ရမည်ဟုဆိုကာမယားငယ်အားစစ်မေးသော်အဆုံး၌ဟုတ်တိုင်းဝန်ခံလေ၏။မင်းကြီးကြားသော်အမတ်ဒိန်အားချီးမြှောက်လျက်ဆုလာဘ်များချီးမြှင့်တော်မူလေသည်။မိကျောင်းတရား၌စီရင်ပုံတစ်ခါသော်မွန်တစ်ယောက်နှင့်မြန်မာတစ်ယောက်တို့သည်မြစ်၌မိကျောင်းပေါ်သည်ကိုမြင်သော်မြန်မာက”မိကျောင်း”ဟုဆို၍မွန်က”ကျာမ်း”ဟုဆိုသည်။

(အမှန်နှစ်ခုစလုံးအခေါ်အဝေါ်ကွဲပြားပြီးအဓိပ္ပါယ်မှာမူအတူတူဖြစ်လေသည်)။သို့ဖြင့်သူမှန်၊ငါမှန်ငြင်းကြရာရှုံးသူကရှိသမျှပစ္စည်းသိမ်း၍ကျွန်ပြုစတမ်းဟုလောင်းကြေးထပ်ကာဘုရင်ရှေ့မှောက်တွင်ဆုံးဖြတ်ခံကြလေသည်။အမတ်တစ်ယောက်ကိုဆုံးဖြတ်စေရာမပြီးသဖြင့်အမတ်ဒိန်အားလွှဲ၏။အမတ်ဒိန်က”မိကျောင်းကိုဘယ်အရပ်၌မြင်သနည်း။

မြန်မာအရပ်၌လော၊မွန်အရပ်၌လော”ဟုမေးရာမွန်အရပ်၌မြင်ပါသည်ဆိုလျှင်မွန်ကိုအနိုင်ပေးလေ၏။ရှုံးသူအားရှိသမျှပစ္စည်းနှင့်ကျွန်လုပ်ရမည့်အစားရွှေတစ်ပိသာကိုလျော်ကြေးအဖြစ်အနိုင်ရသူမွန်ကိုပေးစေသည်။မင်းကြီးကြားသော်အမတ်ဒိန်အားချီးကျူးတော်မူလေသည်လက်ကောက်ခိုးမှု၌အမတ်ဒိန်ဆုံးဖြတ်ပုံတစ်ခါသော်နေပြည်တော်ဝယ်မုန့်လုပ်သောမိန်းမတစ်ယောက်သည်ပတ္တမြား၊နီလာစသောက်လက်ကောက်၁၅ကွင်းကိုအိတ်တွင်ထည့်၍ပေါင်ပေါ်မှာထားလျက်မုန့်ချက်နေ၏။

ထိုအခါရဟန်းတစ်ပါးလာရောက်အလှူခံရာထိုမိန်းမကလှူမည်ဟုအမှတ်တမဲ့ထလိုက်ရာလက်ကောက်အိတ်ကျသွားသည်ကိုရဟန်းမြင်ပြီးခြေနှင့်ညှပ်ကာသင်းပိုင်ကြား၌ညှပ်လျက်ယူသွားလေ၏။မုန့်သည်မလည်းသတိရ၍ကြည့်သောအခါလက်ကောက်များပျောက်ကြောင်းသိပြီးသည်းထန်စွာငိုကြွေးလျှက်မင်းကြီးအားလျှောက်လေ၏။

မင်းကြီးကလည်းအမတ်ဒိန်အားလွှဲခဲ့သည်။မုန့်သည်မအားစစ်မေးသော်မိမိအနီးသို့ရဟန်းတစ်ပါးလာရောက်ကြောင်း၊ထိုရဟန်းကိုလည်းမှတ်မိကြောင်းများကိုလျှောက်လျှင်ထိုရဟန်း၏ကျောင်းကိုပြစေ၍သိရမှပင့်ပြီးသော်ဤသို့လျှောက်၏။”အရှင်ဘုရားအဆင်းရောင်လှပတင့်တယ်သပ္ပယ်သည်ကြား၍ပင့်ပါသည်။ကြားသည့်အတိုင်းလည်းသပ္ပယ်ကြည်ညိုဖွယ်ရှိပေ၏။

စာပေကျမ်းဂန်တတ်ပါ၏လော””ငါသည်ခုနစ်နှစ်အရွယ်ကပင်သင်္ကန်းဝတ်၍လောကီလောကုတ္တရာကျမ်းစာစုံအောင်သင်ကြားတတ်မြောက်၏””ကောင်းလှပါ၏ဘုရား”ဆို၍ရဟန်းကိုပြန်လွှတ်လိုက်၏။နောက်ဒုတိယအကြိမ်ပင့်ပြန်၍ဤသို့လျှောက်၏။”နေပြည်တော်ဝယ်မင်းကျောင်းသုံးရာရှိသည့်အနက်တစ်ကျောင်းမှာကျောင်းထိုင်ပုဂ္ဂိုလ်လိုနေပါသည်။

သင့်လျော်သောရဟန်းတစ်ပါးအလို့ငှာအကျွန်ုပ်ထံမှာဆိုလာပါသည်။အကျွန်ုပ်အလိုကားအရှင်ဘုရားကိုကြည်ညိုလှသည်ဖြစ်၍အရှင်ဘုရားကိုသာရစေချင်ပါသည်””မြို့၏အရှေ့မြောက်ထောင့်တွင်ကျောင်းတစ်ကျောင်းလစ်လပ်သည်မှန်၏။ဤကျောင်းကိုရအောင်အမတ်ကြီးကြံပေးပါ။သင့်အားလက်ဆောင်များစွာပေးပါမည်””ရအောင်ကြံပေးပါမည်၊မည်သည့်လက်ဆောင်ပေးမည်နည်း”ထိုအခါခိုးထားသောလက်ကောက်များကိုထုတ်ပေးပါတော့တယ်။

လက်ကောက်များကိုမုန့်သည်မအားပြသော်ဟုတ်မှန်ကြောင်းဆိုသဖြင့်မုန့်သည်မ၊လက်ကောက်များနှင့်ရဟန်းတို့အားမင်းကြီးထံအပ်လေ၏။အမတ်ဒိန်ပြောသည့်သူသမီးငါယူဆိုသည့်ပုံပမာတစ်ခါကလည်းရာဇာဓိရာဇ်သည်ရခိုင်တွင်စစ်နိုင်လိုက်ပြီးရခိုင်တွင်ရှိသောအင်းဝမင်း၏သမက်တော်ကာမဏိနှင့်သမီးတော်ကိုဟံသာဝတီသို့ခေါ်ခဲ့၏။ကာမဏိကပုသိမ်တွင်အဆိပ်သောက်သေလေ၏။

သမီးတော်စောပြည့်ချမ်းသာကိုရာဇာဓိရာဇ်မိဖုရားမြှောက်လိုက်၏။ယင်းကိုအင်းဝဘုရင်က“သင့်သမီးကိုငါရတုန်းကငါ့သားတော်သီဟသူနှင့်စုန်ဖက်စေခဲ့ပေမယ့်သင်ကတော့ထိုကဲ့သို့မကျင့်မလျော်ကန်သောအကျင့်ကိုကျင်ခဲ့၏။

ထို့ကြောင့်သင့်ထံငါစစ်ချီလာရ၏”ဆိုသည့်စာလွှာကိုရာဇာဓိရာဇ်ဖတ်ပြီးနောက်“အင်းဝတွင်မင်းရာဇာ၊အင်းပဲသူကြီး၊စုက္ကတေးကဲ့သို့စကားတတ်သောအမတ်တွေများလှသည်။ငါ့မှူးမတ်များကဘာမျှမပြောကြ”ဟုဆိုသော်အမတ်ဒိန်က“ပထမမြန်မာနိုင်ငံကိုတည်ထောင်သူအနော်ရထာမင်းသည်လည်းသူ၏အဆွေတော်ဖြစ်သူမနူဟာမင်း၏သမီးကိုမိဖုရားမြှောက်ဖူးသည်။

မြတ်စွာဘုရားတို့မည်သည်လည်းရှေးကပွင့်တော်မူခဲ့သောဘုရားတို့သည်လည်းဘုရားတို့အဆက်ဆက်မျှောခဲ့သောဌာနတွင်ပင်အစဉ်အလာအတိုင်းမျှောခဲ့သည်။ငါတို့အရှင်သည်အနော်ရထာမင်းထုံးကိုနှလုံးမူပြီးကျင့်သုံးသဖြင့်ဒါကိုမလျော်ကန်သောအကျင့်ဟုမဆိုထိုက်”ဟုပုံပမာပြ၍ဆိုရာသူ့ရှင်လည်းနှစ်သက်တော်မူခဲ့ပါတယ်။

စကားယူလာသူအင်းဝဘက်မှအင်းပဲသူကြီးကိုယ်တိုင်ကလည်း“အမတ်ဒိန်သည်ပညာရှိပီသ၍စကားတတ်လှပေသည်”ဟုဝန်ခံချီးကျူးခဲ့ရပါသည်။အမတ်ဒိန်သည်ရာဇာဓိရာဇ်အတွက်အသက်စွန့်၍ဆောင်ရွက်ခဲ့သူဖြစ်သော်လည်းရာဇာဓိရာဇ်ပြောသမျှခေါင်းညှိတ်တတ်သူမဟုတ်။ပြောစရာရှိရင်ပြောသလိုတားစရာရှိရင်လည်းရဲရဲဝံ့ဝံ့တားတတ်သူပင်။

သို့သော်တားသည့်အခါတိုင်းလည်းတုံးတိတားခြင်းမဟုတ်စကားလိမ္မာနဲ့သွယ်ဝိုက်ပြီးဖြောင့်ဖြတတ်တာကြောင့်ရာဇာဓိရာဇ်လက်ခံခဲ့ရချည်သည်းပင်။ထိုအထဲမှတစ်ခုကိုပြရသော်ရာဇာဓိရာဇ်သည်အင်းဝကိုသိမ်းရန်ကြီးမားတဲ့ရေတပ်ကြီးဖြင့်ချီခဲ့ပြီးပထမဆုံးစစ်ကိုင်းကိုသိမ်းသည်၊ထို့နောက်တကောင်းကိုသိမ်းသည်။ထိုမှအင်းဝကိုသိမ်းရန်ချီလာသောအခါအင်းဝဘုရင်မင်းခေါင်သည်အင်အားနည်းနေချိန်ဖြစ်တာကြောင့်ရာဇာဓိရာဇ်ရေတပ်ကိုမယှဉ်ဝံ့။

ပင်းယစကြိုသူမြတ်ကဝင်ရောက်ဖြောင်းဖြမှုကြောင့်ကုသိုလ်ကောင်းမှုများပြုလုပ်ပြီးဟံသာဝတီသို့ပြန်လည်ဆုတ်ခွာကာအင်းဝဘက်ကိုလှည့်ကြည့်ချိန်၌မီးခိုးလုံးကြီးကိုမြင်ရပါသည်။ရာဇာဓိရာဇ်ကောင်းမှုကုသိုလ်အဖြစ်ဆောက်လုပ်ခဲ့တဲ့ရွှေကြက်ယက်တံတိုင်းမှကျောင်းဆောင်ကိုဘုရင်မင်းခေါင်အမိန့်နဲ့မီးရှို့ပစ်လိုက်ခြင်းဖြစ်ပေသည်။

မတိုက်လိုသဖြင့်နောက်ကြောင်းပြန်လှည့်ခဲ့သည်ကိုယခုကဲ့သို့စော်ကားခံလိုက်ရသောအခါရာဇဓိရာဇ်ဒေါသအထွဋ်အထိပ်ရောက်၍ချက်ချင်းပဲပြန်လှည့်ဆိုကာအင်းဝကိုတိုက်ဖို့ပြင်စေပါသည်။ပြန်လှည့်ဆိုသော်လည်းအချိန်အတော်ကြာချီခဲ့ရသောစစ်သည်တွေများမှာစစ်ပန်းနေခဲ့ပြီးတက်ကြွမှုမရှိတော့။သို့သော်ဒေါသကြီးနေသောမင်းမိန့်ဖြစ်၍အားလုံးခေါင်းငုံလျှက်ဘာမျှပြန်မပြောရဲကြပေ။

ဒီအချိန်မှာတားမှဖြစ်မယ်ဆိုပြီးအမတ်ဒိန်လျှောက်ခဲ့သည်မှာ“အရှင့်ရဲ့ကုသိုလ်တော်သည်လှူဒါန်းပြီးဖြစ်သဖြင့်ကုသိုလ်ရပြီးဖြစ်သည်။အရှင့်ကုသိုလ်တော်ကိုဖျက်လိုဖျက်စီးလုပ်သောဘုရင်မင်းခေါင်မှာသာအကုသိုလ်ဖြစ်ချေပြီ။ဘုန်းတန်ခိုးအာနုဘော်လည်းရှိတော့မည်မဟုတ်။ထိုကြောင့်ဘုရင်မင်းခေါင်သည်အရှင့်ကိုယှဉ်ပြိုင်အနိုင်ယူရန်မဖြစ်နိုင်တော့ချေ။

ဘုရားရှင်ကိုယ်တော်တိုင်ကလည်းစစ်ခင်း၍အကြိမ်ရာ၊ထောင်နိုင်သော်လည်းခန္တီစဟူသောသည်းခံခြင်းစစ်ကိုတစ်ကြိမ်အောင်မြင်သည်နှင့်မညီသေးဟုဟောတော်မှုခဲ့ပါတယ်။ဒါ့အပြင်အရှင်ကိုယ်တိုင်ပြန်ဆုတ်တော့မည်ဖြစ်ကြောင်းစကြိုသူမြတ်ကိုကတိပေးခဲ့ပြီးပါပြီ။ထွက်ပြီးသားအစွယ်ပြန်မဝင်သကဲ့သို့မင်းဧကရာဇ်နှုတ်ကထွက်သောစကားသည်လည်းရုပ်သိမ်းရန်မသင့်ပါအရှင်”ဟူ၍ဖြစ်ပါသည်။

စကားမှန်နေသဖြင့်ရာဇာဓိရာဇ်တပ်များကိုဟံသာဝတီကိုပြန်လှည့်ရန်သာအမိန့်ပေးလိုက်ပါသည်။အမတ်ဒိန်ရဲ့ငိုပွဲအမတ်ဒိန်သည်စကားအရာသာကျွမ်းကျင်လိမ္မာသည်မဟုတ်နိုင်ငံရေးစစ်ရေးအမြင်လည်းရှိသူဖြစ်သည်။၎င်းရဲ့ပုသိမ်ခံတပ်ကိုမင်းရဲကျော်စွာတပ်မကြီးလုံးဝထိုးဖောက်လို့မရခဲ့သည်ကိုကြည့်လျှင်၎င်းရဲ့ဦးဆောင်ကွပ်ကဲမှုစွမ်းရည်ကိုသိနိုင်သည်။သို့သော်သူရဲကောင်းအမတ်ကြီးငိုချင်းချခဲ့ရသောအဖြစ်တစ်ခုလည်းရှိခဲ့ပါသည်။

ရာဇာဓိရာဇ်နန်းတက်သောအခါငယ်ချစ်တလမေဒေါကိုမိဖုရားကြီးအရာမမြှောက်ပဲမွေမနိတ်ကိုမြှောက်လိုက်သည်။တလမေဒေါရာဇာဓိရာဇ်အမိန့်နဲ့စည်းစိမ်ရုပ်သိမ်းခံရသည်။ဒါ့အပြင်ခမည်းတော်ဗညားဦးပေးခဲ့သောတန်ဖိုးကြီးလက်စွပ်ဆယ့်နှစ်ချည်ကိုမွေမနိတ်ကိုပေးဖို့တလမေဒေါထံမှအမတ်ဒိန်အားသွားရောက်တောင်းခံစေခဲ့သည်။

အရာကျခဲ့သူမိဖုရားကိုထပ်မံညှင်းဆဲသလိုဖြစ်သည့်အတွက်အမတ်ဒိန်စိတ်မချမ်းသာလှသော်လည်းမင်းမိန့်ဖြစ်ရကားမျက်ရည်စက်လက်ဖြင့်တောင်းခဲ့ရသည်ဟုအရေးတော်ပုံကျမ်းတွင်ပါရှိပါသည်။(တလမေဒေါသည်နောက်ဆုံးတွင်အဆိပ်သောက်ပြီးသတ်သေသွားခဲ့ပါသည်။

Crd,

Zawgyi

 

ထီးျဖဴေဆာင္းတဲ့မင္းကိုသာခစားမယ္ဆိုတဲ့ ဘုရင္ရာဇာဓိရာဇ္၏ အမတ္ဒိန္မဏိ႐ြတ္ အေၾကာင္းသိေကာင္းစရာ…

 

 

အမတ္ဒိန္သည္ဘုရင္ရာဇာဓိရာဇ္ကိုခစားေသာထူးခြၽန္သည့္အမတ္မ်ားထဲမွတစ္ေယာက္ျဖစ္သည္။အမတ္ဒိန္မဏိ႐ြတ္ဟူ၍လည္းထင္ရွားသည္။

”အမတ္ဒိန္”ဆိုသည္မွာေနကဲ့သို႔ထြန္းလင္းၿပီး”မဏိ႐ြတ္” ဆိုသည္မွာပတၱျမားရတနာႏွင့္တူေသာဟုအဓိပၸါယ္ရသည္။ဟံသာဝတီဘုရင္ရာဇာဓိရာဇ္သည္ျမန္မာဘုရင္မင္းေခါင္နဲ႕အၿပိဳင္မြန္-ျမန္မာႏွစ္၄၀စစ္ပြဲကိုဆင္ႏႊဲခဲ့သူျဖစ္သည္။

ရာဇာဓိရာဇ္ဤမွ်ႏွစ္ၾကာရွည္စြာဘုန္းတန္ခိုးႀကီးခဲ့ရာမွာ၎ကိုယ္တိုင္ေတာ္သလို၎ပိုင္ဆိုင္ေသာသူရဲေကာင္းမ်ား၏ပံ့ပိုးမႈ၊စြမ္းေဆာင္မႈေၾကာင့္လည္းျဖစ္သည္။ရာဇာဓိရာဇ္သည္မင္းကန္စီ၊သမိန္ျဗတ္ဇၨ၊အမတ္ဒိန္၊လဂြန္းအိမ္၊ဥပါေကာင္း၊အဲမြန္ဒရာစသည္တို႔အျပင္ထူးခြၽန္ထက္ျမက္ေသာအျခားအမတ္သူရဲေကာင္းမ်ားစြာကိုပိုင္ဆိုင္ထားသူျဖစ္သည္။

မဏိ႐ြတ္ဘြဲ႕ရရွိျခင္နန္းတက္ပြဲညီလာခံတြင္ရာဇာဓိရာဇ္မိန႔္ေတာ္မူသည္မွာ”ငါ၏စက္ခုႏွစ္ဖက္တြင္မ်က္စိႏွစ္လုံးတြင္ေျငာင့္စူးဝင္ခဲ့သည္မွာတစ္ဖက္ကထြက္သြားၿပီ။က်န္တစ္ဖက္တြင္မထြက္ေသး”ဟုမိန႔္ေတာ္မူ၏။ယင္းခဏတြင္အမတ္ဒိန္သည္ပုဆစ္တုပ္လ်က္”ေ႐ႊနန္းရွင္မိန႔္သည္ကားတစ္ပါးသူမဟုတ္။ကြၽန္ုပ္အားဆိုလိုျခင္းျဖစ္ေၾကာင္းကြၽန္ုပ္သိပါသည္။

အရွင္မင္းသားသည္ဒဂုန္၌ရွိစဥ္အျခားမႉးမတ္ေတြကကိုယ္စားလွယ္မ်ားလႊတ္ၾကသည္။စားအားျဖင့္အႀကံအစည္မ်ားကိုလည္းေကာင္း၊အေၾကာင္းအရာမ်ားကိုလည္းေကာင္းမျပတ္ပင္ပို႔ၾကသည္။ကြၽန္ုပ္မူကားအရွင့္သားေတာ္ႏွင့္ဆက္သြယ္မႈမျပဳခဲ့သည္လည္းတစ္ခ်က္၊အျခားတစ္ခ်က္ကားအရွင့္သားေတာ္သည္ပဲခူးၿမိဳ႕သို႔ဝင္စဥ္ကကြၽန္ုပ္သည္ၿမိဳ႕တံခါး(ေမာတ႐ုတ္တံခါး)တစ္ဖက္ကိုသာဖြင့္ေပးခဲ့သည္။

ယင္းသို႔ျဖစ္ေတာေၾကာင့္ကြၽန္ုပ္ကိုမ်က္၍မ်က္စိတစ္ဖက္တြင္ေျငာင့္မထြက္ေသးဟုအရွင္မင္းႀကီးမိန႔္ၾကားေတာ္မူေၾကာင္းကိုကြၽန္ုပ္သိပါသည္”ဟုေလွ်ာက္လွ်င္ရာဇာဓိရာဇ္က”အမတ္ဒိန္နင့္အျပစ္သည္မွ်ရွိသည္ကိုနင္သိၿပီးျဖစ္၍ပသို႔နင့္အားငါစီရင္ရမည္နည္း။ငါ့အားၿမိဳ႕တြင္းသို႔နင္ဝင္ခြင့္မေပးလို။ငါ့မွာဗိုလ္ေျခအင္အားမ်ား၍သာနင္ကတံခါးတစ္ဖက္ဖြင့္ေပးသည္။

ငါ့ဗိုလ္ပါနည္းခဲ့မူကားတံခါးကိုတစ္ခ်ပ္မွ်နင္ဖြင့္ေပးမည္မဟုတ္၊နင့္အျပစ္ႏွင့္မ႐ူးအျပစ္အတူတူ”ဟုေဒါသႏွင့္မိန႔္၏။အမတ္ဒိန္လည္းသုံးႀကိမ္မွ်ဦးခိုက္၍ေလွ်ာက္ျပန္၏။”ကြၽန္ုပ္၏အျပစ္ႏွစ္ရပ္အတြက္သတ္လွ်င္ေသရပါမည္။ခ်မ္းသာေပးကရွင္ရမည္ပင္။

စင္စစ္ေသာ္ကားကြၽန္ုပ္သည္ခမည္းေတာ္ဆင္ျဖဴရွင္၏သစၥာခံ၊ေ႐ႊဖဝါးေတာ္ေအာက္ကကြၽန္ႀကီးျဖစ္ေပသည္။ဆင္ျဖဴရွင္၏ရန္သူျဖစ္ပါကမည္သူ႕ကိုမဆိုကြၽန္ုပ္အသက္ေပး၍တိုက္ခိုက္ရမည္ဟုသစၥာဆိုထားသည္။အရွင့္သားေတာ္သည္ဒဂုန္၌ရွိျခားနားစဥ္ကဆင္ျဖဴရွင္၏အမိန႔္မရွိ၍မင္းသားႏွင့္ကြၽန္ုပ္ဆက္သြယ္ခြင့္မရွိပါ။

အရွင့္သားေတာ္သည္ပဲခူးၿမိဳ႕အတြင္းသို႔ဝင္ေတာ္မူစဥ္ကကြၽန္ုပ္၏သခင္ဆင္ျဖဴရွင္ဗညားဦးသာလွ်င္ရာဇပလႅင္ထက္၌ပကတိရွိခဲ့မူကား၊အရွင့္သားကိုကြၽန္ုပ္ဝင္ခြင့္ျပဳမည္မဟုတ္ဘဲအသက္ေပးလ်က္ခံတိုက္မည္ပင္။သို႔ေသာ္ဆင္ျဖဴရွင္၏နာမ္သည္႐ုပ္ကိုခြာခဲ့ၿပီျဖစ္၍ဆင္ျဖဴရွင္၏႐ုပ္အေလာင္းကိုေစာင့္ေရွာက္ေသာအားျဖင့္တံခါး႐ြက္တစ္႐ြက္ကိုသာဖြင့္ေပးျခင္းျဖစ္ပါသည္။

ဆင္ျဖဴရွင္၏နာမ္ႏွင့္႐ုပ္ႏွစ္ပါးစလုံးမရွိခဲ့ေသာ္မင္းသားအားတံခါး႐ြက္ႏွစ္႐ြက္စလုံးကိုဖြင့္ေပးခဲ့ေပမည္။ယခုအရွင္မင္းသားသည္မင္းျဖစ္၍ကြၽန္ုပ္တို႔၏အသက္သခင္ျဖစ္ၿပီ။သခင္၏သစၥာေတာ္ကိုခံထားသည္။

အကယ္၍ရန္သူတစ္ပါးကအရ်င့္သားေတာ္ကိုပုန္စားခဲ့သည္ရွိေသာ္ကြၽန္ုပ္သည္ထိုသူပုန္ႏွင့္ဆက္သြယ္၍လက္ေဆာင္ပစ္စည္းေပးျခင္း၊အႀကံအစည္ေပးျခင္း။သူပုန္ဘက္ဝင္စားကာအရွင္မင္းသားကိုမေစာင့္ေရွာက္ပါကက်မ္း႐ြက္ထားေသာကြၽန္ုပ္၏ သစၥာမပ်က္ေခ်သေလာ။အပယ္နန္းကိုမစံရသေလာ။

ကြၽန္ုပ္သည္အရွင္သခင္၏သစၥာေတာ္ကိုမတိမ္းမေစာင္း၊မေသြမဖည္ေစဘဲေျဖာင့္မတ္မွန္ကန္စြာေစာင့္ခဲ့သည္ကြၽန္ေကာင္းျဖစ္သျဖင့္”အမတ္ဒိန္”ဟူေသာဘြဲ႕အမည္ႏွင့္သန္လ်င္ၿမိဳ႕ကိုစားေစခဲ့သည္မဟုတ္ေလာ။ယခုအရွင့္သားေတာ္မင္းျဖစ္ျပန္လွ်င္လည္းကြၽန္ုပ္သည္ဆင္ျဖဴရွင္ခမည္းေတာ္အားသစၥာေစာင့္ခဲ့သလိုအရွင့္သားေတာ္ကိုလည္းမျပတ္ေစာင့္ေရွာက္ရေပမည္။

အကယ္၍ရန္သူတစ္ပါးကအရွင့္သားေတာ္အားပုန္စားခဲ့ေသာ္ကြၽန္ုပ္သည္အသက္ေပး၍နိုင္ေအာင္တိုက္ခိုက္ပါမည္။ကြၽန္ုပ္သည္သူပုန္ဘက္သို႔ဝင္စားရန္ကားနတ္ထိမရွိ။ကြၽန္ုပ္သည္ထီးျဖဴေဆာင္းမင္းကိုသာသစၥာခံ၍ခစားမည္။ထီးျဖဴမေဆာင္းေသာသူပုန္မင္းကိုဘယ္ေတာ့မွမခစားပါ။ကြၽန္ုပ္ကိုမ်က္၍ကြပ္ေတာ္မူေသာ္ကြၽန္ုပ္ကားေသရပါမည္။

သို႔ေသာ္ျပည္ထဲအေရးကားပ်က္ေလေတာ့မည္။အနာဂတ္တြင္ရာဇဝင္အဆက္ဆက္အမတ္တကာတို႔ကဆိုစမွတ္ျပဳကုန္မည္။”အမတ္ဒိန္အ႐ူးလိုမျပဳကုန္ႏွင့္၊ပုန္ကန္ျခားနားေသာမင္သားဘက္ဝင္စားေသာ္အျပစ္မရွိ၊ထီးျဖဴေဆာင္းေသာအရွင္သခင္ ၌သစၥာၿမဲေသာ္အျပစ္ရွိသည္။အမတ္ဒိန္သည္ထီးျဖဴေဆာင္းမင္းကိုသာယုံ၍ေနေခ်သည္။

ပုန္ကန္ျခားနားေသာမင္းသားသို႔မေစမပါး၊အႀကံအစည္မေပး၊မဆက္မကပ္ေခ်ေသာေၾကာင့္ထိုပုန္ကန္သည့္မင္းသားသည္မင္းအျဖစ္သို႔ေရာက္လွ်င္အမတ္ဒိန္ေသရေလသည္”ဟုကြၽန္ုပ္နည္းကိုအမ်ားမွတ္ယူကုန္ေတာ့မည္။ေနာင္တြင္သူပုန္ထေသာ္သူပုန္သူကန္ဘက္ဝင္စားသူမ်ားေတာ့မည္။ထီးျဖဴေဆာင္းမင္းတြင္ၿမဲသူနည္းပါးေတာ့မည္။

ရဟန္း၊ပုဏ္ဏား၊တိုင္းသူျပည္သားမ်ားသည္ပူပင္ေသာကျဖစ္ၾကေတာ့မည္။တိုင္းျပည္တြင္သမာဓိတည္ေတာ့မည္မဟုတ္။ထို႔ေၾကာင့္ျပည္ထဲအေရးပ်က္သုဥ္းမည္ဟုကြၽန္ုပ္ေလွ်ာက္ပါသည္။ကြၽန္ုပ္အားသတ္ပါကေနာင္ကိုသားစဥ္ေျမးဆက္တိုင္ေအာင္ကြၽန္ုပ္၏ပုံပမာမွာထင္ရွားေလေတာ့မည္”ဟုရွည္လ်ားစြာေလွ်ာက္ထားေလ၏။

ဗညားႏြဲ႕လည္းအမတ္ဒိန္ေလွ်ာက္တင္ခ်က္ကိုၾကားနာ၍မည္သို႔မွ်မဆိုသာဘဲတိတ္ဆိတ္စြာေနလွ်င္မပိုင္ဆရာႏွင့္မင္းကန္စီတို႔က”အမတ္ဒိန္စကားသည္အေရးစကားစင္စစ္အေၾကာင္းမွန္လွသည္။သူ႕ရွင္၏အက်ိဳးသားမကေနာင္အနာဂတ္ရာဇဝင္အဆက္ဆက္အတြက္အက်ိဳးသက္ေရာက္ေစမည့္စကားဟုတ္ေပသည္”ဟုေလွ်ာက္တင္ၾက၏။

ရာဇာဓိရာဇ္သည္အမတ္ဒိန္၏အေရးစကားမ်ားႏွင့္မပိုင္ဆရာေတာ္၊မင္းကန္စီဆရာေတာ္တို႔၏ေလွ်ာက္တင္ခ်က္တို႔ကိုဆင္ျခင္စဥ္းစားၿပီးေသာ္”အမတ္ဒိန္အေရးဆိုသည့္စကားမွန္ေပသည္။အႏွစ္သာရစကားဟုတ္ေပသည္။

သို႔ေလွ်ာက္တတ္ေပေသာေၾကာင့္လည္းေကာင္း၊တစ္ဦးတည္းေသာအရွင္သခင္၏ သစၥာေတာ္ကိုသာၿမဲၿမံစြာေစာင့္တတ္ေပေသာေၾကာင့္လည္းေကာင္းအမတ္ဒိန္သည္ပညာဉာဏ္အေျမာ္အျမင္ႀကီးေသာကြၽန္ေတာ္ျဖစ္၍ပတၱျမားရတနာႏွင့္လည္းတူသျဖင့္ယေန႕မွစ၍အမတ္ဒိန္မနိ႐ြတ္ဟူေသာဘြဲ႕ကိုငါခ်ီးျမႇင့္သည္။

သန္လ်င္ၿမိဳ႕ကိုလည္းစားၿမဲစားေစ”ဟုမိန႔္ေတာ္မူ၏။သို႔ျဖစ္၍ကြၽန္ရင္း၊ေရာင္းရင္းဘက္ေတာ္သားမ်ားဘြဲ႕အမည္မရမီအမတ္ဒိန္မွာေရွးဦးစြာဘြဲ႕ထူးခ်ီးျမႇင့္ျခင္းခံေရေလသည္။(ထို႔ေနာက္တြင္အျခားေသာကြၽန္ရင္းဘက္ေတာ္သားမ်ားကိုလည္းဘြဲ႕၊ရာထူးမ်ားခ်ီးျမႇင့္ေလသည္။)ညီလာခံစဲေသာ္အမတ္ဒိန္မဏိ႐ြတ္ကိုေဝါျဖင့္အိမ္အေရာက္ထမ္းပို႔ေစသည္။

အမတ္ဒိန္ကိုျမန္မာမင္းထံေစလႊတ္ျခင္အစဥ္အဆက္ထုံးစံအတိုင္းရာဇာဓိရာဇ္လည္းျမန္မာမင္းသို႔ပညာရွိအမတ္ဒိန္ကိုရာဇသံလက္ေဆာင္အမ်ားႏွင့္ခ်စ္ၾကည္ေရးေစလႊတ္၏။ျမန္မာမင္းကလည္းေကာင္းစြာဆီးႀကိဳပါသည္။ေရွ႕ေတာ္သို႔ေရာက္လ်င္ပညာအတိမ္အနက္၊အက်စ္အလစ္ကိုသိလို၍အမတ္ဒိန္အားငါးဟင္း၊အကင္၊အဖုတ္တို႔ကိုထမင္းမျမင္သာေအာင္အေပၚကအျပည့္အုပ္၍ဆားေလွာ္ကိုထမင္းအလယ္ကျမဳပ္ကာစားေစပါတယ္။

အမတ္ဒိန္လည္းငါးဟင္းတို႔ကိုက်စ္လစ္စြာတစ္စသတ္၍လည္ေကာင္း၊အကင္အဖုတ္တို႔အားႏွစ္ဖက္လုံးအသားကိုျပန္၍လည္ေကာင္းထမင္းႏွင့္တကြစားပါသည္။ဤသည္ကိုျမန္မာမင္းျမင္ေသာ္”အမတ္ဒိန္၊ဟံသာဝတီတြင္ငါးရခဲသေလာ””အရွင္မင္းႀကီး၊ေနာင္ေတာ္(ရာဇာဓိရာဇ္)ျပည္မွာငါးအမ်ိဳးေလးဆယ္ထူးထူးဆန္းဆန္းရွိပါတယ္။

လဂြန္းတိုင္ၿမိဳ႕ေခ်ာင္းရွိငါးတို႔မွာတစ္ဖက္ခ်ဥ္၊တစ္ဖက္ခ်ိဳျဖစ္ၾကပါတယ္။သဲၿမိဳ႕မွာသစ္ပင္တက္ေသာငါး၊ေရေပၚဝယ္သြားေသာငါး၊ဆင္႐ုပ္၊ျမင္း႐ုပ္၊ထီး႐ုပ္၊တံခြန္႐ုပ္စသည့္ငါးတို႔ရွိၾကပါတယ္။သာယာၿမိဳ႕မွာငါးပိႏွင့္မဟာဂံၿမိဳ႕မွာဆင္ႏွင့္မုတၱမၿမိဳ႕မွာေႂကြႏွင့္အေရာင္းအဝယ္ျပဳၾကပါတယ္။ရန္စစ္ၿမိဳ႕မွာေျမကိုတူးလွ်င္ေ႐ႊျဖစ္ပါတယ္။

ဤသို႔ျဖင့္ေနာင္ေတာ့္ျပည္မွာအထူးအဆန္းမ်ားလွပါတယ္”ဟုဘုရင္ကိုစကားအေၾကာမခံပဲေျပာျခင္းျဖင့္သူ႕ရဲ႕စကားစြမ္းရည္ကိုျပသခဲ့ပါသည္။ထိုအခါဘုရင္က”အမတ္ဒိန္ငါ့မွာသံပုရာသီးတစ္လုံးကိုႏွစ္ပိုင္းပိုင္းၿပီးေသာ္တစ္ပိုင္းကိုအသားထြင္း၍ပင္ကန႔္တကူတပ္ၿပီးလွ်င္ငါႏွင့္မိဖုရားစီး၍အင္းလယ္တြင္ကစားၾကပါတယ္”ဟုမိန႔္ရာအမတ္ဒိန္ကလည္းအားက်မခံ”အရွင္မင္းႀကီးဟုတ္ေပလိမ့္မည္။

ေနာင္ေတာ္မွာလည္းကန္ဇြန္းတစ္ဆစ္ကိုခြဲ၍ပင္ကန႔္တကူတပ္ၿပီးလွ်င္ေနာင္ေတာ္ကပဲ့ကမရီးေတာ္ကဦးကစီး၍စက်င္အင္းတြင္ကစားၾကရပါသည္”ဟုျပန္ေလွ်ာက္ရာမင္းႀကီးကလည္းဒီအမတ္မဆိုးဟုလက္ခုပ္တီး၍ရယ္ေတာ္မူပါသည္။

ဆက္၍အမတ္ဒိန္က”အရွင္မင္းႀကီးယခုသံပုရာႏွင့္ကန္စြန္းကိုေရာနယ္၍လက္သုပ္သုပ္စားေသာ္အလြန္အရသာရွိမည္မဟုတ္ပါေလာ”ဟုခ်စ္ၾကည္ေရးစကားကိုလိမၼာပါးနပ္စြာဆိုေလရာမင္းႀကီးမွာလြန္စြာႏွစ္သက္ေတာ္မူၿပီး”အမတ္ဒိန္၊ဟံသာဝတီတြင္သင္ကဲ့သို႔မႉးႀကီးမတ္ရာမည္မွ်ေလာက္ရွိသလဲ။

””ေနာင္ေတာ့္ထံတြင္ကြၽန္ုပ္ထက္တတ္သိလိမၼာေသာမႉးႀကီးမတ္ရာအလြန္မ်ားပါတယ္။ကြၽန္ုပ္မွာစာေရးမွ်သာတည္း”ဟုဆိုေလေသာ္မင္းႀကီးမွာမယုံပဲထန္း႐ြက္ႏွင့္ကညစ္ေပးရာအမတ္ဒိန္ကလည္းက်နေသသပ္စြာေရးျပလိုက္ရာ”အိမ္းစာေရးျဖစ္တန္ရာ၏”ဟုယုံၾကည္သြားပါသည္။

စာေရးပင္ဤမွ်ထက္ျမက္ေနလွ်င္က်န္တဲ့မႉးႀကီးမတ္ရာေတြဆိုလွ်င္ဘယ္ေလာက္ေတာင္ေတာ္ေလမလဲဟုရာဇာဓိရာဇ္ရဲ႕အင္အားကိုၿဖဳံသြားပုံရသည္။အမႈအခင္းဆုံးျဖတ္ခ်က္မ်ားသားသတ္အမႈတြင္အမတ္ဒိန္ဆုံးျဖတ္ပုံအခါတစ္ပါး၌ေယာက္်ားတစ္ေယာက္တြင္မယားႏွစ္ေယာက္ရွိရာမယားႀကီးတြင္သားမရ၊မယားငယ္တြင္သားရ၏။

သို႔ေသာ္ေယာက္်ားသည္သားမျမင္ေသာမယားႀကီးကိုပိုခ်စ္ေလေသာ္မယားငယ္သည္”ငါ့သားကိုငါသတ္၍မယားႀကီးသတ္သည္ဟုဆိုလိုက္လွ်င္ေယာက္်ားသည္မယားႀကီးကိုမုန္း၍ငါ့ကိုခ်စ္လိမ့္မည္”ဟုႀကံစည္ကာသားျဖစ္သူကိုေရတြင္းထဲသို႔တိတ္တဆိတ္တြန္းခ်သတ္လိုက္ပါတယ္။မယားႀကီးသတ္ပါသည္ဟုမင္းႀကီးအားေလွ်ာက္ေလေသာ္အမတ္ႀကီးေလးေယာက္အားစီရင္ေစသည္။

မိခင္အရင္းကသားျဖစ္သူကိုမသတ္နိုင္၊မယားႀကီးကလည္းသူလုံးဝမသတ္ပါဟုျငင္းဆိုေနရာစီရင္မႈမွာမၿပီးနိုင္၊မင္းႀကီးမ်က္ၿပီးအမတ္ႀကီးေလးေယာက္ကိုအက်ဥ္းခ်ထားကာအမတ္ဒိန္ကိုလႊဲေတာ္မူသည္။အမတ္ဒိန္ကလည္းမယားႀကီး၊မယားငယ္တို႔ကိုေခၚယူေမးရာမသတ္ပါဟုခ်ည္းျငင္းဆိုၾက၏။

ထိုအခါအမတ္ဒိန္သည္မယားႀကီးကိုဆိတ္ကြယ္ရာသို႔ေခၚ၍”သင္မသတ္ဟုဆိုလ်င္အမ်ားတကာေရွ႕တြင္ထဘီကိုခြၽတ္ဝံ့မည္ေလာ၊ခြၽတ္ဝံ့လွ်င္မသတ္ဟုငါတို႔ယုံၾကည္ေတာ္မူမည္”ဟုဆိုေလရာမယားႀကီးက”သခင္ဘုရားေရွးဘဝကကုသိုလ္ကံနည္းပါး၍ယခုမိန္းမျဖစ္လာ႐ုံမကလင္ကိုတစ္ပိုင္းသာရပါသည္။

ဤသို႔ကုသိုလ္နည္းေသာမိန္းမျဖစ္လာၿပီးမွထဘီခြၽတ္ရဦးမည္ဆိုေသာ္အဘယ္မွာေကာင္းေတာ့မည္နည္း။အကြၽန္ုပ္ကိုသတ္လွ်င္လည္းခံရမည္သာ၊အသေရကိုေသာ္ကားမဖ်က္ပါႏွင့္၊သူ႕သားကိုလည္းအကြၽန္ုပ္မသတ္ပါ”ဟုဆိုေလ၏။တဖန္မယားငယ္ကိုေခၚကာထိုအတိုင္းေမးေလေသာ္”အကြၽန္မသတ္ပါ။ထို႔ေၾကာင့္ခြၽတ္ဝံ့ပါသည္”ဟုဆို၍ပရိတ္သတ္ေရွ႕တြင္ခြၽတ္ေလ၏။

ထိုအခါအမတ္ဒိန္ကအရွက္မရွိသူသည္သားကိုသတ္ဖို႔လည္းဝန္မေလးရာဧကန္ပင္မယားငယ္သတ္ရမည္ဟုဆိုကာမယားငယ္အားစစ္ေမးေသာ္အဆုံး၌ဟုတ္တိုင္းဝန္ခံေလ၏။မင္းႀကီးၾကားေသာ္အမတ္ဒိန္အားခ်ီးျမႇောက္လ်က္ဆုလာဘ္မ်ားခ်ီးျမႇင့္ေတာ္မူေလသည္။မိေက်ာင္းတရား၌စီရင္ပုံတစ္ခါေသာ္မြန္တစ္ေယာက္ႏွင့္ျမန္မာတစ္ေယာက္တို႔သည္ျမစ္၌မိေက်ာင္းေပၚသည္ကိုျမင္ေသာ္ျမန္မာက”မိေက်ာင္း”ဟုဆို၍မြန္က”က်ာမ္း”ဟုဆိုသည္။

(အမွန္ႏွစ္ခုစလုံးအေခၚအေဝၚကြဲျပားၿပီးအဓိပၸါယ္မွာမူအတူတူျဖစ္ေလသည္)။သို႔ျဖင့္သူမွန္၊ငါမွန္ျငင္းၾကရာရႈံးသူကရွိသမွ်ပစၥည္းသိမ္း၍ကြၽန္ျပဳစတမ္းဟုေလာင္းေၾကးထပ္ကာဘုရင္ေရွ႕ေမွာက္တြင္ဆုံးျဖတ္ခံၾကေလသည္။အမတ္တစ္ေယာက္ကိုဆုံးျဖတ္ေစရာမၿပီးသျဖင့္အမတ္ဒိန္အားလႊဲ၏။အမတ္ဒိန္က”မိေက်ာင္းကိုဘယ္အရပ္၌ျမင္သနည္း။

ျမန္မာအရပ္၌ေလာ၊မြန္အရပ္၌ေလာ”ဟုေမးရာမြန္အရပ္၌ျမင္ပါသည္ဆိုလွ်င္မြန္ကိုအနိုင္ေပးေလ၏။ရႈံးသူအားရွိသမွ်ပစၥည္းႏွင့္ကြၽန္လုပ္ရမည့္အစားေ႐ႊတစ္ပိသာကိုေလ်ာ္ေၾကးအျဖစ္အနိုင္ရသူမြန္ကိုေပးေစသည္။မင္းႀကီးၾကားေသာ္အမတ္ဒိန္အားခ်ီးက်ဴးေတာ္မူေလသည္လက္ေကာက္ခိုးမႈ၌အမတ္ဒိန္ဆုံးျဖတ္ပုံတစ္ခါေသာ္ေနျပည္ေတာ္ဝယ္မုန႔္လုပ္ေသာမိန္းမတစ္ေယာက္သည္ပတၱျမား၊နီလာစေသာက္လက္ေကာက္၁၅ကြင္းကိုအိတ္တြင္ထည့္၍ေပါင္ေပၚမွာထားလ်က္မုန႔္ခ်က္ေန၏။

ထိုအခါရဟန္းတစ္ပါးလာေရာက္အလႉခံရာထိုမိန္းမကလႉမည္ဟုအမွတ္တမဲ့ထလိုက္ရာလက္ေကာက္အိတ္က်သြားသည္ကိုရဟန္းျမင္ၿပီးေျခႏွင့္ညွပ္ကာသင္းပိုင္ၾကား၌ညွပ္လ်က္ယူသြားေလ၏။မုန႔္သည္မလည္းသတိရ၍ၾကည့္ေသာအခါလက္ေကာက္မ်ားေပ်ာက္ေၾကာင္းသိၿပီးသည္းထန္စြာငိုေႂကြးလွ်က္မင္းႀကီးအားေလွ်ာက္ေလ၏။

မင္းႀကီးကလည္းအမတ္ဒိန္အားလႊဲခဲ့သည္။မုန႔္သည္မအားစစ္ေမးေသာ္မိမိအနီးသို႔ရဟန္းတစ္ပါးလာေရာက္ေၾကာင္း၊ထိုရဟန္းကိုလည္းမွတ္မိေၾကာင္းမ်ားကိုေလွ်ာက္လွ်င္ထိုရဟန္း၏ေက်ာင္းကိုျပေစ၍သိရမွပင့္ၿပီးေသာ္ဤသို႔ေလွ်ာက္၏။”အရွင္ဘုရားအဆင္းေရာင္လွပတင့္တယ္သပၸယ္သည္ၾကား၍ပင့္ပါသည္။ၾကားသည့္အတိုင္းလည္းသပၸယ္ၾကည္ညိုဖြယ္ရွိေပ၏။

စာေပက်မ္းဂန္တတ္ပါ၏ေလာ””ငါသည္ခုနစ္ႏွစ္အ႐ြယ္ကပင္သကၤန္းဝတ္၍ေလာကီေလာကုတၱရာက်မ္းစာစုံေအာင္သင္ၾကားတတ္ေျမာက္၏””ေကာင္းလွပါ၏ဘုရား”ဆို၍ရဟန္းကိုျပန္လႊတ္လိုက္၏။ေနာက္ဒုတိယအႀကိမ္ပင့္ျပန္၍ဤသို႔ေလွ်ာက္၏။”ေနျပည္ေတာ္ဝယ္မင္းေက်ာင္းသုံးရာရွိသည့္အနက္တစ္ေက်ာင္းမွာေက်ာင္းထိုင္ပုဂၢိဳလ္လိုေနပါသည္။

သင့္ေလ်ာ္ေသာရဟန္းတစ္ပါးအလို႔ငွာအကြၽန္ုပ္ထံမွာဆိုလာပါသည္။အကြၽန္ုပ္အလိုကားအရွင္ဘုရားကိုၾကည္ညိုလွသည္ျဖစ္၍အရွင္ဘုရားကိုသာရေစခ်င္ပါသည္””ၿမိဳ႕၏အေရွ႕ေျမာက္ေထာင့္တြင္ေက်ာင္းတစ္ေက်ာင္းလစ္လပ္သည္မွန္၏။ဤေက်ာင္းကိုရေအာင္အမတ္ႀကီးႀကံေပးပါ။သင့္အားလက္ေဆာင္မ်ားစြာေပးပါမည္””ရေအာင္ႀကံေပးပါမည္၊မည္သည့္လက္ေဆာင္ေပးမည္နည္း”ထိုအခါခိုးထားေသာလက္ေကာက္မ်ားကိုထုတ္ေပးပါေတာ့တယ္။

လက္ေကာက္မ်ားကိုမုန႔္သည္မအားျပေသာ္ဟုတ္မွန္ေၾကာင္းဆိုသျဖင့္မုန႔္သည္မ၊လက္ေကာက္မ်ားႏွင့္ရဟန္းတို႔အားမင္းႀကီးထံအပ္ေလ၏။အမတ္ဒိန္ေျပာသည့္သူသမီးငါယူဆိုသည့္ပုံပမာတစ္ခါကလည္းရာဇာဓိရာဇ္သည္ရခိုင္တြင္စစ္နိုင္လိုက္ၿပီးရခိုင္တြင္ရွိေသာအင္းဝမင္း၏သမက္ေတာ္ကာမဏိႏွင့္သမီးေတာ္ကိုဟံသာဝတီသို႔ေခၚခဲ့၏။ကာမဏိကပုသိမ္တြင္အဆိပ္ေသာက္ေသေလ၏။

သမီးေတာ္ေစာျပည့္ခ်မ္းသာကိုရာဇာဓိရာဇ္မိဖုရားျမႇောက္လိုက္၏။ယင္းကိုအင္းဝဘုရင္က“သင့္သမီးကိုငါရတုန္းကငါ့သားေတာ္သီဟသူႏွင့္စုန္ဖက္ေစခဲ့ေပမယ့္သင္ကေတာ့ထိုကဲ့သို႔မက်င့္မေလ်ာ္ကန္ေသာအက်င့္ကိုက်င္ခဲ့၏။

ထို႔ေၾကာင့္သင့္ထံငါစစ္ခ်ီလာရ၏”ဆိုသည့္စာလႊာကိုရာဇာဓိရာဇ္ဖတ္ၿပီးေနာက္“အင္းဝတြင္မင္းရာဇာ၊အင္းပဲသူႀကီး၊စုကၠေတးကဲ့သို႔စကားတတ္ေသာအမတ္ေတြမ်ားလွသည္။ငါ့မႉးမတ္မ်ားကဘာမွ်မေျပာၾက”ဟုဆိုေသာ္အမတ္ဒိန္က“ပထမျမန္မာနိုင္ငံကိုတည္ေထာင္သူအေနာ္ရထာမင္းသည္လည္းသူ၏အေဆြေတာ္ျဖစ္သူမႏူဟာမင္း၏သမီးကိုမိဖုရားျမႇောက္ဖူးသည္။

ျမတ္စြာဘုရားတို႔မည္သည္လည္းေရွးကပြင့္ေတာ္မူခဲ့ေသာဘုရားတို႔သည္လည္းဘုရားတို႔အဆက္ဆက္ေမွ်ာခဲ့ေသာဌာနတြင္ပင္အစဥ္အလာအတိုင္းေမွ်ာခဲ့သည္။ငါတို႔အရွင္သည္အေနာ္ရထာမင္းထုံးကိုႏွလုံးမူၿပီးက်င့္သုံးသျဖင့္ဒါကိုမေလ်ာ္ကန္ေသာအက်င့္ဟုမဆိုထိုက္”ဟုပုံပမာျပ၍ဆိုရာသူ႕ရွင္လည္းႏွစ္သက္ေတာ္မူခဲ့ပါတယ္။

စကားယူလာသူအင္းဝဘက္မွအင္းပဲသူႀကီးကိုယ္တိုင္ကလည္း“အမတ္ဒိန္သည္ပညာရွိပီသ၍စကားတတ္လွေပသည္”ဟုဝန္ခံခ်ီးက်ဴးခဲ့ရပါသည္။အမတ္ဒိန္သည္ရာဇာဓိရာဇ္အတြက္အသက္စြန႔္၍ေဆာင္႐ြက္ခဲ့သူျဖစ္ေသာ္လည္းရာဇာဓိရာဇ္ေျပာသမွ်ေခါင္းညွိတ္တတ္သူမဟုတ္။ေျပာစရာရွိရင္ေျပာသလိုတားစရာရွိရင္လည္းရဲရဲဝံ့ဝံ့တားတတ္သူပင္။

သို႔ေသာ္တားသည့္အခါတိုင္းလည္းတုံးတိတားျခင္းမဟုတ္စကားလိမၼာနဲ႕သြယ္ဝိုက္ၿပီးေျဖာင့္ျဖတတ္တာေၾကာင့္ရာဇာဓိရာဇ္လက္ခံခဲ့ရခ်ည္သည္းပင္။ထိုအထဲမွတစ္ခုကိုျပရေသာ္ရာဇာဓိရာဇ္သည္အင္းဝကိုသိမ္းရန္ႀကီးမားတဲ့ေရတပ္ႀကီးျဖင့္ခ်ီခဲ့ၿပီးပထမဆုံးစစ္ကိုင္းကိုသိမ္းသည္၊ထို႔ေနာက္တေကာင္းကိုသိမ္းသည္။ထိုမွအင္းဝကိုသိမ္းရန္ခ်ီလာေသာအခါအင္းဝဘုရင္မင္းေခါင္သည္အင္အားနည္းေနခ်ိန္ျဖစ္တာေၾကာင့္ရာဇာဓိရာဇ္ေရတပ္ကိုမယွဥ္ဝံ့။

ပင္းယစႀကိဳသူျမတ္ကဝင္ေရာက္ေျဖာင္းျဖမႈေၾကာင့္ကုသိုလ္ေကာင္းမႈမ်ားျပဳလုပ္ၿပီးဟံသာဝတီသို႔ျပန္လည္ဆုတ္ခြာကာအင္းဝဘက္ကိုလွည့္ၾကည့္ခ်ိန္၌မီးခိုးလုံးႀကီးကိုျမင္ရပါသည္။ရာဇာဓိရာဇ္ေကာင္းမႈကုသိုလ္အျဖစ္ေဆာက္လုပ္ခဲ့တဲ့ေ႐ႊၾကက္ယက္တံတိုင္းမွေက်ာင္းေဆာင္ကိုဘုရင္မင္းေခါင္အမိန႔္နဲ႕မီးရွို႔ပစ္လိုက္ျခင္းျဖစ္ေပသည္။

မတိုက္လိုသျဖင့္ေနာက္ေၾကာင္းျပန္လွည့္ခဲ့သည္ကိုယခုကဲ့သို႔ေစာ္ကားခံလိုက္ရေသာအခါရာဇဓိရာဇ္ေဒါသအထြဋ္အထိပ္ေရာက္၍ခ်က္ခ်င္းပဲျပန္လွည့္ဆိုကာအင္းဝကိုတိုက္ဖို႔ျပင္ေစပါသည္။ျပန္လွည့္ဆိုေသာ္လည္းအခ်ိန္အေတာ္ၾကာခ်ီခဲ့ရေသာစစ္သည္ေတြမ်ားမွာစစ္ပန္းေနခဲ့ၿပီးတက္ႂကြမႈမရွိေတာ့။သို႔ေသာ္ေဒါသႀကီးေနေသာမင္းမိန႔္ျဖစ္၍အားလုံးေခါင္းငုံလွ်က္ဘာမွ်ျပန္မေျပာရဲၾကေပ။

ဒီအခ်ိန္မွာတားမွျဖစ္မယ္ဆိုၿပီးအမတ္ဒိန္ေလွ်ာက္ခဲ့သည္မွာ“အရွင့္ရဲ႕ကုသိုလ္ေတာ္သည္လႉဒါန္းၿပီးျဖစ္သျဖင့္ကုသိုလ္ရၿပီးျဖစ္သည္။အရွင့္ကုသိုလ္ေတာ္ကိုဖ်က္လိုဖ်က္စီးလုပ္ေသာဘုရင္မင္းေခါင္မွာသာအကုသိုလ္ျဖစ္ေခ်ၿပီ။ဘုန္းတန္ခိုးအာႏုေဘာ္လည္းရွိေတာ့မည္မဟုတ္။ထိုေၾကာင့္ဘုရင္မင္းေခါင္သည္အရွင့္ကိုယွဥ္ၿပိဳင္အနိုင္ယူရန္မျဖစ္နိုင္ေတာ့ေခ်။

ဘုရားရွင္ကိုယ္ေတာ္တိုင္ကလည္းစစ္ခင္း၍အႀကိမ္ရာ၊ေထာင္နိုင္ေသာ္လည္းခႏၲီစဟူေသာသည္းခံျခင္းစစ္ကိုတစ္ႀကိမ္ေအာင္ျမင္သည္ႏွင့္မညီေသးဟုေဟာေတာ္မႈခဲ့ပါတယ္။ဒါ့အျပင္အရွင္ကိုယ္တိုင္ျပန္ဆုတ္ေတာ့မည္ျဖစ္ေၾကာင္းစႀကိဳသူျမတ္ကိုကတိေပးခဲ့ၿပီးပါၿပီ။ထြက္ၿပီးသားအစြယ္ျပန္မဝင္သကဲ့သို႔မင္းဧကရာဇ္ႏႈတ္ကထြက္ေသာစကားသည္လည္း႐ုပ္သိမ္းရန္မသင့္ပါအရွင္”ဟူ၍ျဖစ္ပါသည္။

စကားမွန္ေနသျဖင့္ရာဇာဓိရာဇ္တပ္မ်ားကိုဟံသာဝတီကိုျပန္လွည့္ရန္သာအမိန႔္ေပးလိုက္ပါသည္။အမတ္ဒိန္ရဲ႕ငိုပြဲအမတ္ဒိန္သည္စကားအရာသာကြၽမ္းက်င္လိမၼာသည္မဟုတ္နိုင္ငံေရးစစ္ေရးအျမင္လည္းရွိသူျဖစ္သည္။၎ရဲ႕ပုသိမ္ခံတပ္ကိုမင္းရဲေက်ာ္စြာတပ္မႀကီးလုံးဝထိုးေဖာက္လို႔မရခဲ့သည္ကိုၾကည့္လွ်င္၎ရဲ႕ဦးေဆာင္ကြပ္ကဲမႈစြမ္းရည္ကိုသိနိုင္သည္။သို႔ေသာ္သူရဲေကာင္းအမတ္ႀကီးငိုခ်င္းခ်ခဲ့ရေသာအျဖစ္တစ္ခုလည္းရွိခဲ့ပါသည္။

ရာဇာဓိရာဇ္နန္းတက္ေသာအခါငယ္ခ်စ္တလေမေဒါကိုမိဖုရားႀကီးအရာမျမႇောက္ပဲေမြမနိတ္ကိုျမႇောက္လိုက္သည္။တလေမေဒါရာဇာဓိရာဇ္အမိန႔္နဲ႕စည္းစိမ္႐ုပ္သိမ္းခံရသည္။ဒါ့အျပင္ခမည္းေတာ္ဗညားဦးေပးခဲ့ေသာတန္ဖိုးႀကီးလက္စြပ္ဆယ့္ႏွစ္ခ်ည္ကိုေမြမနိတ္ကိုေပးဖို႔တလေမေဒါထံမွအမတ္ဒိန္အားသြားေရာက္ေတာင္းခံေစခဲ့သည္။

အရာက်ခဲ့သူမိဖုရားကိုထပ္မံညွင္းဆဲသလိုျဖစ္သည့္အတြက္အမတ္ဒိန္စိတ္မခ်မ္းသာလွေသာ္လည္းမင္းမိန႔္ျဖစ္ရကားမ်က္ရည္စက္လက္ျဖင့္ေတာင္းခဲ့ရသည္ဟုအေရးေတာ္ပုံက်မ္းတြင္ပါရွိပါသည္။(တလေမေဒါသည္ေနာက္ဆုံးတြင္အဆိပ္ေသာက္ၿပီးသတ္ေသသြားခဲ့ပါသည္။

 

Crd,

 

Post a Comment

0 Comments
* Please Don't Spam Here. All the Comments are Reviewed by Admin.