မိကျောင်း ရဲ့ နှာတံရှည်ကြီးနဲ့ ရုပ်ပြောင်ကာတွန်းရေးဆွဲခဲ့တဲ့ဂျပန်ကာတွန်းပညာရှင်

 သင်က ကာတွန်းရုပ်ပြ ကြိုက်နှစ်သက်တတ်တဲ့သူဆိုရင်တော့ ကီဂိုဆိုတဲ့ ဂျပန် ကာတွန်းဆရာကို သိမှာသေချာပါတယ် ။ ယခင်တစ်ခေါက်တုန်းကလည်း သူ့ရဲ့ သစ်ကုလားအုတ် ကာတွန်းလေးတွေကို တင်ဆက်ပေးဖူးပါတယ်။

 သူဟာ သာမန် ရုံးဝန်ထမ်းတစ်ယောက်ဖြစ်ပြီး မိန်းမနဲ့ကလေးတစ်ယောက် ရှိပါတယ်။ စိတ်ညစ်စရာတွေကို ဖြေဖျောက်ဖို့ သူဟာ ကာတွန်းရုပ်ပြောင်လေးတွေကို ဆုံးဖြတ်ခဲ့တာပါတဲ့။ အဲဒီထဲက သူဟာတိရိစ္ဆာန်လေးတွေရဲ့ ရုပ်ပြောင် ဟာသ ကာတွန်းလေးတွေကို ရေးဆွဲခဲ့ပါတယ်။

ဒီတစ်ခါမှာတော့ ကျွန်မတို့က သူ့ရဲ့ ကာတွန်းစီးရီးထဲကမှ မိကျောင်းလေး ကုန်းပေါ်တက်လာပြီး လူတွေနဲ့ ယှဉ်တွဲနေထိုင်ရင် ကြုံရမယ့် အခက်အခဲများကို ရုပ်ပြောင်ရေးဆွဲထားတဲ့ မိကျောင်းကာတွန်းလေးကို တင်ဆက်ပေးလိုက်ပါတယ်။
ကီဂို ကတော့ ကမ္ဘာပေါ်မှာ သူအကြောက်ရဆုံးမိန်းမက တော်တော့ လို့မပြောမချင်း ရုပ်ပြောင်ကာတွန်းတွေကို ဆက်လက်ရေးဆွဲသွားမယ်လို့လည်း ဆိုထားပါသေးတယ်နော်

Post a Comment

0 Comments
* Please Don't Spam Here. All the Comments are Reviewed by Admin.