(၁) ပါရို လေယာဉ်ကွင်း၊ဘူတန်နိုင်ငံ
ဒီလေယာဉ်ကွင်းကတော့ ဟိမဝန္တာတောင်တန်းပေါ်မှာတည်ရှိပြီးအန္တာရာယ်အများဆုံးလေယာဉ်ကွင်းထဲကတစ်ခုအပါအဝင်ဖြစ်ပါတယ်။ထိုလေယာဉ်ကွင်းကိုဆင်းသက်နိုင်တဲ့ အသိအမှတ်ပြုခံထားရတဲ့ လေယာဉ်မှုးအရေအတွက်ကလည်းလက်ချိုးရေလို့ရအောင်အနည်းငယ်သာရှိပါတယ်။ထိုလေယာဉ်မှုးတွေဟာအမြင့်ပေ ၁၆၀၀၀အထက်မှာရှိတဲ့ တောင်ကုန်းလေးထဲက လေယာဉ်လမ်းတိုတိုကျဉ်းကျဉ်းထဲကိုခက်ခက်ခဲခဲထိုးဆင်းရတာဖြစ်ပါတယ်။
(၂) ဘာရာ လေယာဉ်ကွင်း
ထိုလေယာဉ်ကွင်းကတော့ ဘာရာလို့လည်းခေါ်ကြတဲ့ စကော့တလန်နိုင်ငံ အနောက်ဘက်ကကျွန်းငယ်လေးပေါ်မှာတည်ရှိပါတယ်။ထိုလေယာဉ်ကွင်းကတော့ ကမ်းခြေမှာလေယာဉ်ပြေးလမ်းရှိတဲ့ကမ္ဘာပေါ်ကတစ်ခုတည်းသောလေယာဉ်ကွင်းတစ်ခုဖြစ်ပါတယ်။ကမ်းခြေကသဲတွေအပေါ်မှာဆင်းသက်ရတာကြောင့် အဖုအထစ်တွေနဲ့ ကြမ်းတမ်းတဲ့ပြေးလမ်းမှာဆင်းသက်ရသလိုဆင်းသက်မယ့်နေ့ရက်ရဲ့ ဒီရေအတက်အကျပေါ်မူတည်ပြီးလည်းစောင့်ဆိုင်းဆင်းသက်ရတတ်ပါတယ်။ထိုအချက်ကြောင့်ဒီလေယာဉ်ကွင်းကတော့ ဒီရေကျတဲ့နေ့တွေမှာသာလည်ပတ်ပြီး ဒီရေအတက်ကြမ်းတဲ့နေ့တွေဆိုပြေးလမ်းမှာ ရေအောက်ကိုရောက်နေတတ်ပါတယ်။
(၃)မင်းသမီးဂျူလီယာနာ လေယာဉ်ကွင်း
မင်းသမီးဂျူလီယာနာလေယာဉ်ကွင်းကိုဆင်းသက်ရတာဟာ လေယာဉ်အပြင်ရောအတွင်းဘက်ကလူတွေအတွက်ပါအရမ်းကိုထိတ့်လန့်စရာကောင်းတဲ့အနေထားတစ်ခုဘဲဖြစ်ပါတယ်။အကြောင်းကတော့လေယာဉ်ကွင်းဟာလေဆိပ်ခြံစည်းရိုးကိုဖြတ်ပြီးမဆင်းသက်ခင်မှာ ပြည်သူအများအပန်းဖြေနေတဲ့ကမ်းခြေကနေအလွန်နီးကပ်စွာပျံသန်းသွားတာကြောင့်ဖြစ်ပါတယ်။
(၄) မက်ဒီရီယာ လေယာဉ်ကွင်း
ဒီလေယာဉ်ကွင်းကိုဆင်းသက်နိုင်ဖို့အတွက်လေယာဉ်မှုးတွေကဟာအထူးလေ့ကျင့်သင်ကြားမှုတွေလိုအပ်ပါတယ်။ထိုလေယာဉ်ကွင်းကတော့ ပေါ်တူဂီနဲ့မော်ရိုကို နိုင်ငံအနား အတ္တလန်တစ်သမုဒ္ဒရာအလယ်ထဲက မက်ဒီရီယာကျွန်းပေါ်မှာတည်ရှိတာဖြစ်ပါတယ်။လေယာဉ်ဟာထိုကျွန်းကပြေးလမ်းပေါ်ဆင်းသက်ဖို့မကွေ့မှီ ကျွန်းဆီကိုတိုက်မိတော့မယ့်အနေထားလိုမျိုး တည့်တည့်ကြီးကိုပျံသန်းတာကြောင့်ခရီးသည်တွေခဏခဏကြောက်လန့်တတ်ကြတဲ့လေယာဉ်ကွင်းတစ်ခုဖြစ်ပါတယ်။
(၅) Tenzing-Hillary လေယာဉ်ကွင်း
လေယာဉ်ရဲ့ပြေးလမ်းကိုကြည့်လိုက်ရုံနဲ့ဒီလေယာဉ်ကွင်းဟာ ကမ္ဘာပေါ်မှာကြောက်စရာအကောင်းဆုံးလေယာဉ်ကွင်းတစ်ခုဖြစ်နေရတဲ့အကြောင်းရင်းကိုမြင်နိုင်မှာပါ။လေယာဉ်ကွင်းရဲ့နာမည်ကိုတော့ ဧဝရတ်တောင်ကိုပထမဆုံးတက်ရောက်နိုင်ခဲ့သူရဲ့ နာမည်ကိုအစွဲပြုပေးထားတာဖြစ်ပါတယ်။ထိုလေယာဉ်ပြေးလမ်းဟာဆင်းသက်ရတာကြောက်ဟစရာကောာင်းပြီး တစ်ခါတစ်ရံဆိုးဝါးတဲ့လေထုကြောင့်ပြေးလမ်းပျောက်တာတွေဖြစ်ပေါ်နေတတ်ပါတယ်။